Fire at Laiza Market လိုင်ဇာ ကုန်စိမ်းဈေးမီးလောင် ဆိုင်ခန်း ၂၀ ကျော်ပျက်စီး

1393570_548401845240019_370809887_n1457599_548401735240030_549318461_n1466204_548401801906690_979226107_n1457764_548401668573370_1426900843_n
JADE
Fire at Laiza Market

ကချင်ပြည် တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် နိုင်ဝင်ဘာလ (၅)ရက်နေ့ ညနေပိုင်း ၇ နာရီ ၅မိနစ်ခန့်တွင် ကုန်စိမ်းဈေးမီးလောင်ကျွမ်းမှုဖြစ်ပွားပြီးဈေးဆိုင် (၂၀)ကျော်ပျက်စီးကာ အခြားဈေးဆိုင်များပါ အနည်းအကျဉ်း ထိခိုက်သွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သောနေရာသို့ တာဝန်ရှိ မီးသတ်မော်တော်ယာဉ်များက အလျင်အမြန် ရောက်ရှိလာပြီး (၂၅) မိနစ်ခန့်အကြာ ၄င်းဈေးအား မီးငြိမ်းသတ်ခဲ့ခြင်းဖြစ်ကြောင်း လိုင်ဇာ ဒေသခံများပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ကုန်စိမ်းဆိုင်၊ ကုန်စုံဆိုင်များမှ ဆီ၊ ဆား၊ ပဲ အစရှိသည့်မီးဖိုချောင်သုံးကုန်များ လောင်ကျွမ်းသွားခဲ့ပြီး အထည်ဆိုင်အချို့မှ ကချင်ရက်လုပ်ထည် လုံချည်၊ အထည်များဆုံးရှုံးသွားခဲ့ကြောင်း ဈေးသည်များမှသိရသည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s