ယမန်နေ့မွန်းလွဲပိုင်းက ဘန်ကောက်မြို့အနီး စမူပါကန်ခရိုင် ဘန်ဖီးမြို့နယ်တွင်ရှိသော aerosoft ဖိနပ် အလုပ်ရုံမှ မြန်မာအလုပ်သမ တစ်ဦးအား ထိုင်းအမျိုးသားတစ်ဦးက အဓမ္မပြု ကျင့်ရန် ကြံစည်ခဲ့မှုအား ရာချီရှိသည့် မြန်မာ အလုပ် သမားများက မကျေမနပ် ရုန်းရင်း ဆန် ခပ်ဖြစ်နေသည်ကို MAT အဖွဲ့ ကသွားရောက် မေတ္တာရပ်ခံခဲ့သဖြင့် လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။
အသက် ၂၃ နှစ်အရွယ်…….. မ ……..က ပတ်ဝန်းကျင်ကို အော်ဟစ်အကူ ညီေ တာင်းခံခဲ့သဖြင့် သူမ၏ ဦးခေါင်းအား ထိုင်းအမျိုးသားက အုတ်နံရံ
ဖြင့်ဆောင့် ခဲ့သည်။ သူမက ရှိခိုးေ တာင်းပန်သော် လည်း အဓမ္မပြု ကျင့်ခဲ့သည် ဟု သူမက ဆိုသည်။
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT မှ နာယက ဆရာတော် ဦးဇောတိက နှင့်အတူ သွားရောက် မေတ္တာရပ်ခံခဲ့သဖြင့် လူစုကွဲ သွားခဲ့သည်။
ရာပေါင်းများစွာသော မြန်မာအလုပ်သမားများက အဓမ္မပြုကျင့်သည့် ထိုင်းအမျိုးသားအား ထိရောက်စွာ အရေးယူပေးပါရန် တောင်း ဆိုခဲ့ကြသည်။
နယ်မြေ ရဲအရာရှိကလည်း ဥပဒေအရ ထိရောက်ရောက်စွာ အရေးယူဆောင် ရွက်ပေးမည်ဖြစ်ေ ကြာင်း ကတိပြုသည်။ အဓမ္မပြကျင့်ခဲ့ခဲ့ရသည့် မြန်မာအလုပ်သမ ကိုမူ မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ မပေါ်ပေါက်စေရန်အတွက် ဆေးဝါးကုသ မှုခံယူစေခဲ့သည်။ အဓမ္မပြုကျင့်သည့် ထိုင်းအမျိုးသားကိုမူ ရဲစခန်းက
ခေါ်ဆောင်သွားခဲ့သည်။ အလုပ်သမားများက မြန်မာသံရုံး အလုပ်သမားအရာရှိကို အကြောင်းကြားထားကြောင်းလည်း ပြောပြကြသည်။ မဟာချိုင်အခြေစိုက် အလုပ်သမားအဖွဲ့ တစ်ခုကလည်း လာရောက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အလုပ်သမားများကပြောသည်။
————–
နိုဝင်ဘာ ၆ (ကိုတီး)
ပတ်စပို့နှင့် အလုပ်လုပ်ခွင့်လက်မှတ် အပြည့်အစုံရှိသည့် မြန်မာအလုပ်သမား ၃ဦး တစ်နေ့တည်းတွင်၂ကြိမ်ဖမ်းဆီးခံရရာ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင် ငံသားများအဖွဲ့ MATက လွတ်မြောက်အောင် ကူညီ ပေးနိုင်ခဲ့သည်။
ယနေ့နံနက်ပိုင်းက အောင်ကိုဦး၊ သီဟနှင့် စိုးလွင် ဆိုသည့် အလုပ်သမား၃ဦး မဟာချိုင်မှ ဘန်ဘော် ပြင်ဆင်နေချိန် မဟာချိုင်ဈေးကြီးတွင် ပုလိပ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဘန်ဘော်မြို့နှင့်မဟာချိုင်မြို့မှာ ထိစပ်လျှက်ရှိသော အနီးဆုံး နယ်မြေဖြစ်ကြသည်။
ကိုစိုးလွင် က “ကျနော်တို့ မှာအပြည့်အစုံရှိပါလျှက်နဲ့ ပုလိပ်က ဖမ်းတယ်၊ငွေတောင်းတယ်။ ကျနော်တို့ က ၀တ်တလုံးကျောင်းက ဘုန်းဘုန်း ဦးဇောတိက ကိုဖုန်းဆက်တယ်။ အဲဒီကမှ MAT အဖွဲ့ဖုန်းကိုရတယ်။ MAT က ဦးစိုင်းအေးက မဟာချိုင် လေးထပ်ရုံးက ပုလိပ်ကို ဖုန်းဆက်ပြီးပြောတယ်။ အဲဒီက လွတ်လာလို့ ဘန်ကောက်ကို လာတာ တစ်ခါ ပုလိပ် ထပ်ဖမ်းတယ်။ အဲဒါကိုလည်း ဦးစိုင်းအေး ကပဲပြောပေးပါတယ်။ ကူညီပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
မဟာချိုင် ၄ထပ်ပုလိပ်များ မြန်မာအလုပ်သမားများအား အဓမ္မဖမ်းဆီး ငွေညှစ်နေမှုများအား အထောက်အထားအပြည့်အစုံတို့ဖြင့် ထိုင်းဗဟိုရဲဌာနချုပ်သို့ မြန်မာသံရုံးနှင့် ဘန်ကောက်အခြေစိုက် ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATတို့ ပူးပေါင်း၍ အောက်တိုဘာ ၂၁ ရက်နေ့က အမှုဖွင့် တိုင်ကြား ထားသော်လည်း ယနေ့အထိ တစ်စုံတစ်ခုထူးခြားမှုမရှိသေးပေ။ ရဲဌာနချုပ်သို့ MAT အဖွဲ့က တစ်ပတ်တစ် ကြိမ်အကျိုးအကြောင်း ဖုန်း၍မေးမြန်းကြည့်ရာ လူကြီးများဖြင့် တိုင်ပင်နေကြောင်းသာ ပြန်ပြောသည်။
အောက်တိုဘာလ၃၀ ရက်နေ့က မြေကျင်း တူးနေသည့် MOU အလုပ်သမား ၁၇ ဦး အား နယ်မြေ ရဲများဝင်ရောက်ဖမ်းဆီးခဲ့သည်ကိုတာဝန်ရှိ သူများက ယနေ့တိုင် လွတ်မြောက်အောင် မဆောင် ရွက်ကြ သဖြင့် အလုပ်သမားများက စိတ်ပျက် စိုး ရိမ်နေကြကြောင်း သိရှိရသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ(၄) နာရီတွင် ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီ တာ ၃၀ခန့်အကွာ တွင်ရှိသော မင်ဘူရီအပိုင် မီမီမိုင် ၁၁လမ်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် မြေကြီးမြောင်းများ တူးဖေါ်နေစဉ် ရဲကား၎စီးလာရောက် ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ အခြားအလုပ်သမားများနေထိုင်ရန် တဲထိုးနေရာမှ တောထဲ သို့ရှောင်တိမ်းနေလိုက်ကြသဖြင့် လွတ်မြောက် ခဲ့ကြ ကြောင်း အလုပ်သမားများကပြောသည်။
ဖမ်းဆီးခံရသည့် အလုပ်သမားများမှာ မြ၀တီအခြေစိုက် ပုလဲမိုးကုမ္ပဏီမှ တင်ပို့ထားသည့် အလုပ်သား၆ ဦးနှင့် ကော့ေ သာင်း Royal golden Gate ကုမ္ပဏီမှ တင်ပို့သည့် ၁၁ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့မှာ(စိုးမင်း၊ခင်စောင်၊သိန်းဇေါ်၊ ကျော်စွာဝင်း၊ ထွန်းငြိမ်၊မင်းမင်းထွေး၊ အောင်ကိုဦး၊ အေးလွင်၊ လှဦး၊ ကျော်စိုး ၀င်း၊ တင်မျိုးအောင်၊ ယာချစ်ခမ်း၊ စောသန်း၊ နိုင်ဝေမိုး၊ ကြည်နိုင် မိုး၊ သန်းဇော် နှင့် ဆန်းဝင်း) တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံဘက်မှ Royal golden Gate ကုမ္ပဏီနှင့် မြ၀တီအခြေစိုက် ပုလဲမိုးကုမ္ပဏီနှင့် တို့ က ထိုင်းနိုင်ငံဘက်မှ Phanason Residen ကုမ္ပဏီသို့ တင်ပို့ထားသည့်အလုပ်သမား
Royal golden Gate ကုမ္ပဏီ, မှ တင်ပို့သည့် အလုပ်သမားများအား ပတ်စပို့ကြေး ဘတ်ငွေ ၁၂,၀၀၀ ဖြတ် မည်ဖြစ်ပြီး ပုလဲမိုးနှင့် ရွှေနဂါး ကုမ္ပဏီတို့က တင်ပို့သည့် အလုပ် သမားများထံမှ ပတ်စပို့ဖိုး ဘတ်ငွေ ၁၇,၃၀၀ ဖြတ်တောက်ခံရ မည်ဖြစ်ကြောင်း လစဉ်လုပ်အားခရှင်းပေးသည့် ငွေစါရင်းရှင်း တမ်းစာ ရွက်တွင် ရေးသားထားသည်။

ခေတ်ပညာတတ် အလုပ်သမား လူငယ်တစ်ဦး က “မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် ကို ဖုန်း ဆက်ပြီးတော့ အကျိုးအကြောင်းကိုပြောတယ်။ ဒီကိစ္စ စုံစမ်းပေးမယ်လို့ပြောတယ်။ ကုမ္ပဏီပွဲစားတွေကို ဖုန်းဆက်ပြီးပြောတော့ ဟိုနေ့လာမယ်၊ ဒီနေ့လာမယ်နဲ့ ခုထိရောက်မလာသေးဘူး။ ကျနော်တို့က အစိုးရ အချင်းချင်း ပို့တယ်လို့လည်းပြောတယ်။ ပုလိပ်ဖမ်းမှာလည်းစိုး ရိမ်နေကြ ရတယ်။ ခု ဖမ်းဆီးချုပ်နှောင်ခံထား ရတာ တစ်ပတ်ပြည့်ပြီ၊ ထောင်ချခံရမလား၊ နယ်နှင်ခံရမလား၊ ကျနော်တို့ဘယ်သူ့ကို အားကိုးရမလဲ” ဟုပြောသည်။
အလုပ်သမားများအား လုပ်ငန်းခွင်က ၂နှစ်ပြည့်အောင် လုပ်မှ မြန်မာပြည်သို့ပြန်ရ မည်ဖြစ်ကြောင်း ပြော သည်။ ၁၅ ရက်လျှင် ရေမီး၂၀၀ဘတ်နှင့် ပကာစာခွန်း(အာမခံကြေး) အတွ က်၂၀၀ ဘတ် စုစုပေါင်းလစဉ် ဘတ်ငွေ ၈၀၀ စီ လစဉ်ဖြတ်ေ တာက်သည်။ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT မှ ဒါရိုက်တာ ဦးကျော်သောင်း က“ MOU စနစ်ရဲ့အားနည်းချက်တွေကို ကျနော် အလုပ်သမား ၀န်ကြီးတို့နဲ့ဘန်ကောက်သံရုံး ထဲမှာကျင်းပတဲ့ အစည်းဝေး မှာ ထောက်ပြဖူးပါတယ်။ သက်ဆိုင်သူတွေ အကုန်လုံးဟာ
လွဲချော်နေတာတွေကို ပြင်ရကောင်းမှန်း မသိကြ သေး ရုံ မက ကျနော့်ကို ရန်သူအဖြစ်သတ်မှတ် လာကြတယ်။ MOU လုပ်နေကြသူတွေထဲမှာမှန်မှန် ကန်ကန်လုပ်သူ အထူး နည်းပါးပြီး မတရား လုပ် ချင် ကြသူတွေနဲ့ ရာဇ၀င်ရှိတဲ့ ဧရာမ လူလိမ်ကြီးေ တွနဲ့ လုပ်နေကြတာများတယ်။ နည်းမှန်လမ်းမှန်နဲ့လုပ်ကြရင် MOU ဆိုတာ နတ်လူ သာဓုခေါ်စရာ လုပ်ငန်းကြီး ပဲ၊ ဒါပေမယ့် ခြစားမှု မတရားမှုနဲ့လည်ပတ်နေကြတဲ့ ယန္တရားအောက်မှာ မချိဆင်းရဲသား မြန်မာအလုပ် သမားတွေက မြေဇာ ပင်ဖြစ်နေတယ်၊ MOU နဲ့လာတဲ့ အလုပ်သမားတွေ ဒုက္ခကြုံရင် ကာကွယ် ကူညီ မယ့် သူ ထိုင်းနိုင်ငံထဲမှာ မရှိဘူးဖြစ်နေတယ်” ဟုပြောသည်။
အောက်တိုဘာလ၂၆ ရက်နေ့က ရန်ကုန်တိုင်း မြောက်တဂုံမြို့ ပင်လုံခန်းမတွင်ကျင်းပသော အလုပ်သမားဝန်ကြီးဌာ နနှင့် အေဂျင်စီများ အစည်းဝေး ကျင်းပစဉ် Lovely World Sevices Co,Ltd မှ ဒေါ်ချိုချိုစမ်း က၊ ဦးကျော်သောင်း အား ဂုဏ်သိက္ခာကျဆင်းအောင် တိုက်ခိုက် ပုတ်ခပ် ပြောဆိုသည့် အသံဖိုင်တစ်ခုအား MAT အဖွဲ့က လက်ခံရရှိ ထားကြောင်း သိရှိရသည်။