The letter urged Mr. President to address recent newly developed incidents which had happened in Rakhine State immediately and efficiently. “Please take bold action swiftly before the problem escalate to the another conflict again”, the letter said.
( ရခိုင်ပြည်နယ်၏ ဖြစ်ပျက်နေသော အရေးကိစ္စကို ဥပဒေနှင့် အညီ ချက်ချင်းဆောင်ရွက်ပေးပါရန် အမေရိကပြည်ထောင်စု ရောက် ရခိုင်လူမျိုးများမှ အိတ်ဖွင့်ပေးစာ )
သို့ 
သမ္မတ ဦးသိန်းစိန်
ဦးခင်ရီ -လူဝင်မှုကြီးကြပ်ရေးဝန်ကြီး
ဦးရဲထွဋ-ဒု ပြန်ကြားရေးဝန်ကြီး ( ပြောရေးဆိုခွင့်ရှိသူ )
ဦးလှမောင်တင် -၀န်ကြီးချုပ်-ရခိုင်ပြည်နယ် အစိုးရ
မြန်မာနိုင်ငံ
-ရက်စွဲ -၂-၁၁-၂၀၁၃
လေးစားစွာဖြင့် ။ ။ ရခိုင်ပြည်နယ်၏ ဖြစ်ပျက်နေသော ပြသနာများကို ထိရောက်စွာ ဖြေရှင်းပါရန်
၁-။ ။ ရခိုင်ပြည်နယ် ပေါက်တောမြို့ နယ်တွင် ရခိုင်အမျိုးသမီးတဦးအား ရက်စက်စွာ ၀ိုင်းဝန်းသတ်ဖြတ်ပြီး အခြားအမျိုးသမီးများ ကိုယ်လက်အင်္ဂါဆုံးရှုံး ခဲ့ ရသည့် ကြောက်မက်ဘွယ်ဖြစ်ရပ်များသည် နိုဝင်ဘာ-၂-ရက်နေ့ က ဖြစ်ပွားခဲ့ ပါပြီ ။ ဤဖြစ်ရပ်မှာ ရာဇ၀တ်ပြစ်မှုဖြစ်ပြီး ပဋိပက္ခမဟုတ်သေးကြောင်း သိရှိနားလည်ပါသည် ။ သို့ သော် ၄င်းပြသနာသည် ပဋိပက္ခတစ်ရပ်ဆီသို့  ဦးတည်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ချက်များကိုကြည့်ခြင်းအားဖြင့် သိရှိနေရပါသည် ။
၂-။ ။ ရခိုင်ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ချက်မှာ ပေါက်တောမြို့ နယ် ဆင်အိုင်ကျေးရွာတွင် လုံခြုံရေးကိုသာ ချပေးထားသည်ဟု ပါရှိသည်ကို တွေ့ ရှိရသော်လည်း ရာဇ၀တ်မှုပြစ်မှုများကို ကျူးလွန်သူများအား ဥပဒေအရ ဖမ်းဆီးအရေးယူခြင်းမျိုးကို ယခုအချိန်ထိ မပြုလုပ်သေးကြောင်း ပြည်တွင်းမှ ပေးပို့ လာကြသော သတင်းများအရ ကြားသိရပါသည် ။ ထို့ ကြောင့် ရာဇ၀တ်ပြစ်မှုမှသည် ပဋိပက္ခတစ်ရပ်ဆီသို့  ဦးတည်နေပြီဖြစ်ကြောင်း သုံးသပ်ရခြင်းဖြစ်ပါသည် ။
၃-။ ။ ရခိုင်ပြည်တွင်-NGOs-INGO-များသည် မည်သည့်နိုင်ငံတကာမှ အစိုးရလည်း မဟုတ်- အစိုးရများမှ ခိုင်းစေခန့် အပ်ထားသော သူများလည်း မဟုတ်ကြ ။ စိတ်တူသဘောတူ ၀ိုင်းပြီး ငွေကြေးစုဆောင်းကာ တစ်ဦးတည်းက ဖွဲ့ စည်းသော အဖွဲ့ လည်းဖြစ်သလို လူအများလည်း စုပေါင်းဖွဲ့ စည်းထားသော အဖွဲ့ သက်သက်သာဖြစ်သည် ။ တစ်ချို့ အဖွဲ့ တွင် ငွေကြေးမတတ်နိုင်လျှင် သက်ဆိုင်ရာ သူတို့ အစိုးရထံမှ ငွေကြေးတောင်းခံ၍ ဆောင်ရွက်နေကြသော အဖွဲ့ အစည်းများဖြစ်သည် ။ ၄င်းအဖွဲ့ အစည်းများတွင် ၀င်ရောက်လုပ်ကိုင်နေကြသော သူများသည် လခစားဝန်ထမ်းများသာဖြစ်၍ မည်သည့်အစိုးရ၏ ရာထူးရှိသူများလည်း မဟုတ်ကြချေ ။ သို့ သော် ရခိုင်ပြည်တွင် တာဝန်ထမ်းဆောင်နေကြသော ၄င်းအဖွဲ့ အစည်း၏ ဆောင်ရွက်နေချက်များကို ကြားသိနေရသည်မှာ လူထုနှင့် အဆင်မပြေမှုများကို တွေ့ မြင်နေရပါသောကြောင့် ၄င်းအဖွဲ့ တို့ ၏ လုပ်ပိုင်ခွင့်များကို ထိမ်းချုပ်ပေးရန် ကျွန်တော်တို့ မှ လိုလားပါသည် ။
၎-။ ။ အကယ်၍ ၄င်းအဖွဲ့ တို့ ၏ ဆောင်ရွက်နေခြင်းများကို ယခုကဲ့ သို့  လက်လွပ်စပယ် ဥပက္ခာ ပြုမူထားပါက မလိုလားအပ်သော အရေးကိစ္စများ ထပ်ဆင့်ဖြစ်ပွားလာနိုင်ပါတော့ကြောင်း သိစေအပ်ပါသည် ။
၅ -။ ။ ရခိုင်ပြည်နယ်တွင် မည်သည့်ပြသနာများကို မဆို ကျူးလွန်သူများမှာ ဘင်္ဂလီကုလားများသာ ဖြစ်နေသည် ။ ၄င်းပြသနာများသည် ရာဇ၀တ်မှု များဖြစ်သည် ။ ရာဇ၀တ်မှုများမှာ ရဲအရေးပိုင်သော ပြစ်မှုများဖြစ်သောကြောင့် ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် လိုသည် ။ အကယ်၍ ပြသနာကို ထိရောက်စွာ မဆောင်ရွက်နိုင်လျှင် ကြီးမားသော ပဋိပက္ခများဖြစ်လာတတ်သော မကြာသေးခင်က သင်ခဏ်းစာများကို နှလုံးမူပြီး အမြန်ဆောင်ရွက်ပေးကြပါရန် တင်ပြအပ်ပါသည် ။
ခိုင်အောင်ကျော် ( နယူးယောက် )
နှင့်
အမေရိကရောက် ရခိုင်များ
Moe Han ka