“ဦးဝီရသူထံ-အမေရိကန်ပြည်ထောင်စုမှ လာရောက်အင်တာဗျူး”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
2.11.2013 ညနေ 3:00 နာရီ၊ ဓမ္မသဟာယကျောင်းမှာ လက်ခံတွေ့ဆုံဖြေကြားခဲ့ကြောင်း သိရသည်။
လာရောက်မေးလျှောက်သူမှာ USA ဝက်စ်ကွန်စီပြည်နယ် မဒီဆင်မြို့မှ Internews သတင်းထောက် Mr.DARIN BIELECK ဖြစ်သည်။
ပြည်တွင်းပြည်ပ အွန်လိုင်း-မီဒီယာများနှင့်ပတ်သက်သည့် အမြင်များကို မေးမြန်းသွားခဲ့ကြောင်း သိရသည်။
FB-ကို အကျဉ်းကျနေစဉ်ကတည်းက စိတ်ဝင်စားခဲ့တာပါ။ လွတ်မြောက်လာတဲ့အခါ သင်္ကန်းပြန်မဝတ်သေးခင် မှာပဲ Wira Thu အကောင့်ကို ဖွင့်ဖြစ်ခဲ့တာပါ။
မူလက-ထောင်ထဲမှ ကဗျာများ စာများတင်ရုံ၊ နိုင်ငံရေးတရားပွဲများ၊ လှုပ်ရှားမှုများကို တင်ရုံလောက်သာ ရည်ရွယ်ခဲ့တာပါ။
သမ္မတထောက်ခံပွဲနှင့် ရိုဟဂျာင်္ရှုတ်ချပွဲကို အကြောင်းပြုပြီး ဋ္ဌေးလွင် ခေါင်းဆောင်သည့် မူဆလင်များ အကြမ်း ပတမ်း တိုက်ခိုက်လာချိန်မှစပြီး မူဆလင်နှင့် ပတ်သက်သမျှတွေ ရွေးတင်ဖြစ်သွားတာပါ။
ရည်ရွယ်ချက်ကတော့ ကမ္ဘာက ကရုဏာသက်နေတဲ့ လူနည်းစုတွေဟာ မြန်မာပြည်သူတွေအပေါ် ဘယ်လို သဘောထားကြတယ်။ ဘယ်လို ပြုမူဆက်ဆံကြတယ်ဆိုတာ ကမ္ဘာကြီးသိစေချင်လို့ပါ။
မုဒိမ်းမှုတွေ ဒီလောက်တင်နေတာတောင် မူဆလင်အကြီးအကဲတွေက မူဆလင်ဘာသာဝင်တွေကို ပြောဆို ဆုံးမ တားမြစ်တာမျိုး မရှိကြပါဘူး။ ဒီက တိုက်တွန်းတာတောင် မတားမြစ်ကြပါဘူး။ ဒါကြောင့် မူဆလင်တွေဟာ မိမဆုံးမ ဖမဆုံးမလို သဘောမျိုး သက်ရောက်နေကြတာပါ။
ဦးဇင်းတို့ဘက်မှာတော့ မိတ္ထီလာနောက်ပိုင်း၊ ပဲခူးနောက်ပိုင်းမှစပြီး သံဃာ့အစည်းအဝေးတွေ အကြိမ်ကြိမ် ကျင်းပပြီး ဥပဒေမဲ့ မတုန့်ပြန်မိအောင် မိမိရပ်ရွာ တပည့်ဒကာ/မများကို ဆုံးမဖို့ အချင်းချင်း တိုက်တွန်းခဲ့ကြလို့ အဓိကရုဏ်းဖြစ်နိုင်လောက်အောင် အကြမ်းဖက်ခံရပေမယ့် အဓိကရုဏ်းတွေ မဖြစ်ပေါ်ခဲ့ပါဘူး။
ဦးဇင်းရဲ့ FB-ကတော့ ကမ္ဘာကြီးထဲမှတစ်ခုတည်းသော အမှန်တရားပါ။ ကမ္ဘာ့မီဒီယာတွေ အမှောင်ချထားတဲ့ သတင်းတွေကို ဦးဇင်း FB-မှ တစ်ဆင့် ပြည်သူတွေ သိခွင့်ရနေကြတာပါ။
ကမ္ဘာ့မီဒီယာတွေက ဘက်လိုက်ရုံတစ်ခုတည်း သက်သက်သာမဟုတ်ပါဘူး။ မီဒီယာကို လက်နက်တစ်ခုအဖြစ် အသုံးပြုပြီး ဦးပဉ္စင်းကို တိုက်ခိုက်နေတာပါ။
FB-ထဲကနေ ဆဲတာ ခြိမ်းခြောက်တာကတော့ နေ့စဉ်နှင့်အမျှပါပဲ၊ ဖုန်းနှင့်လည်း ခြိမ်းခြောက်တာပါပဲ။ ငါတို့ လူတွေ မြန်မာပြည်ထဲရောက်နေပြီ။ ရွှေတိဂုံကိုလည်း ဗုံးခွဲမယ်၊ ဝီရသူကိုလည်း ဗုံးခွဲမယ်။ ဝီရသူ ခေါင်းကို ရွှေတိဂုံမှာ ချိတ်ဆွဲထားမယ်-လို့ ဖုန်းနှင့် ခြိမ်းခြောက်ခဲ့ဖူးသလို၊ အီးမေးလ်နှင့်လည်း ခြိမ်းခြောက်ခဲ့ကြတာပါပဲ။
အခု တွေ့မြင်နေရတာကတော့ အီးမေးလ်နှင့် ပို့ပြီးဆဲတဲ့ ဓာတ်ပုံနှင့် စာပါ။
(၄င်းဓာတ်ပုံနှင့်စာကို ပြသည့်အခါ ဘာသာပြန်ဆိုသူ မူဆလင်လူငယ်လေး မင်းကိုကို စုတ်တစ်သက်သက်ဖြင့် စိတ်မသက်မသာ ဖြစ်သွားသည်ကိုတွေ့ရပါသည်။)
(၄င်းမေးလ်-ဓာတ်ပုံနှင့် စာကို ဓာတ်ပုံရိုက်ပြီး ပြန်တင်ထားပါသည်။ ညစ်ညမ်းလွန်း၍ အမျိုးသမီးများ ဓာတ်ပုံ မကြည့်ကြပါရန်။)