RAKHINE STATE :NGO, INGO (သို့မဟုတ်) မထိမ်းတတ်ရင် အဆိပ်ပင်

NGO, INGO (သို့မဟုတ်) မထိမ်းတတ်ရင် အဆိပ်ပင် ————————— အသွင်ကူးပြောင်းကာလမှာ အခြေခံအကျဆုံး အချက်က (၃)ချက်ရှိတယ်။ (၁)လူထုရဲ့ အသိပညာ ရေချိန် (၂) တန်းတူမှုကို စစ်ဆေးနိုင်မှု ( Check and balance) (၃) လူထုအခြေပြု လူမှု အဖွဲ့အစည်း ( Civil Society ) ဒီသုံးခုနဲ့ ထိန်းညှိသွားရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံ နိုင်ငံရေးဟာ စစ်အာရှင်စနစ်ကနေ ဒီမိုကရေစီကို ပြောင်းလဲလာတဲ့ အထဲမှာ ဒီသုံးခုနဲ့ ကိုက်ညီမှုရှိနေပြီးလား။ အဓိက ကျနော်က ရခိုင်မို့ ရခိုင်ဘက်ကို ကြည့်ရင် မကိုက်ညီဘူးလို့ လုံးဝ ပြောရဲပါတယ်။ အကြောင်းက ဒီမိုကရေစီလို့ ပြောနေကြပေမယ့် ဒီမိုကရေစီစနစ်အောက်မှာ ဒရွတ်တိုက် ဆွဲခေါ်ခံနေရတယ်။ တန်းတူမှုကို ပြည်ဆန်းစစ်ဖို့လိုသလို၊ လူထုအသိပညာကလည်း အောက်ဆုံးကို ရောက်နေတယ်။ ဒီကြားထဲ ၂၀၁၂ ခုနှစ် အရေးအခင်း မဖြစ်ခင်ကတည်းက ခြေရှုပ်နေခဲ့တဲ့ Civil Society က ပိုဆိုးရွားလာတယ်။ ဒေသခံတွေရဲ့ ယုံကြည်မှုကို သူတို့ ဖျက်ဆီးနေတယ်။ အဓိက ပြသာနာက ဒေသခံ ရခိုင်တွေကို ငဲ့မကွက်ဘဲ လူ့အခွင့်အရေးကို ဘန်ပြကာ ဘင်္ဂလီတို့အပေါ် အလွန်အကျွံထောက်ပံ့မှု၊ အလုပ်ခန့်ရာတွင် ဘင်္ဂလီတို့ကို အဓိက ဦးစားပေး ခန့်အပ်မှုတို့ အပါအ၀င် ဒေသခံတို့အပေါ် မထီမဲ့မြင်ဖြစ်လာသည်ဟု ခံစားလာရတယ်။ ၂၀၁၂ ခုနှစ် မတိုင်းခင်က ရခိုင်ဒေသတွင် လူထုအခြေပြု လူမှု အဖွဲ့အစည်း ( Civil Society ) မှာ အယင်းက နည်းပါးခဲ့တယ်။ အဖွဲ့အစည်းဆိုသည့်ထက် အမျိုးသားရေးစိတ်ဓာတ် တစ်ခုတည်းဖြင့် ဒေသတွင်းလိုအပ်ချက်ကို ကူးညီခဲ့သည် လူမှုအစုအဖွဲ့လောက်သာရှိခဲ့တယ်။ အဖွဲ့အစည်းအဖြစ် ရုံးခန်းကနားဖွင့်ပြီး တည်ထောင်မှုများ မရှိသလောက် ရှားပါးခဲ့တယ်။ Civil Society Ognization (CSO) ၊ Non-governmental organization(NGO), International nongovernmental organization (INGO) တို့ အဓိက ပြည်ပက လာရောက် လုပ်ကိုင်ကြတယ်။ ဒေသတစ်ခုဖွံ့ဖြိုးဖို့အတွက် NGO, INGO တွေ၏ အခန်းကဏ္ဍက လိုအပ်သည်မှန်သော်လည်း NGO, INGO တွေက Business အသွင်ဆောင်လာတာကို တွေ့ရတယ်။ Civil Society တနည်း Volunteer ဆိုပြီး လစာအများဆုံးရနေသည် ဌာနလည်းဖြစ်နေတယ်။ ယေဘုယျအားဖြင့် စစ်တွေမြို့ထဲတွင် အိမ်ဈေးနှုန်းများကို မတရားပေးခြင်းများရှိနေကို ကြည့်ရင့် သိနိုင်တယ်။ ဒေသခံ လူလတ်တန်းစားများက အိမ်ငှါးဘ၀ဖြင့် လုပ်ကိုင်နေကြသော ပုံမှန်းဈေးနှုန်းထက် အဆပေါင်းများစွာပေးပြီး ဒေသခံတစ်နိုင်တစ်ပိုင် စီးပွါးရေးကို ထိခိုက်မှုများပင် တွေ့နေရတယ်။ ဘယ် NGO, INGO ပင် ဖြစ်ဖြစ် ဒေသဖွံ့ဖြိုးရေးကို လာလုပ်သည်ဆိုလျှင် ဒေသခံတို့၏ အကျိုးစီးပွါးကို မထိခိုက်စေရပါ။ ဥပမာအားဖြင့် ပုံမှန်အိမ်တစ်လုံးလျှင် ငှါးဈေး (၁)သိန်းဆိုလျှင် NGO, INGO တွေက (၁၀)သိန်း၊ သိန်း (၂၀) လောက်ပေးပြီး အိမ်ငှါးဈေးတွေကို ဖျက်ပစ်လိုက်ကြတယ်။ ဒီအခါ အိမ်ရှင်တို့က လစာနည်းသော ဒေသခံ လူလတ်တန်းစား အိမ်ငှါးများကို မငှါးတော့ဘဲ လစာများများပေးသော NGO, INGO များကို အဓိက ငှါးပေးလိုကကြတယ်။ ဒါကြောင့် ဒေသခံ လူထုအတွက် NGO, INGO သည် အကောင်းထက် အဆိုးဘက်ကို ပိုဦးတည်းသွားတယ်။ နောက်တစ်ချက်က NGO, INGO ကို လာလုပ်သူတွေက အနောက်နိုင်ငံက မိုးကျရွှေကိုယ်တွေ ဖြစ်နေတယ်။ ဒီဒေသမှာ ဒေသနဲ့ လိုက်လျောညီထွေမဟုတ်ဘဲ အဆင့်မြင့်အိမ်များကို ငှါးသုံးခြင်း၊ ဇိမ့်ခံကားများစီးခြင်း၊ လစာကောင်းကောင်း ရခြင်းတို့ကြောင်း နဂိုကတည်းက ဆင်းရဲသားများကြားတွင် မျက်မုန်းကျိုးစရာဖြစ်နေတယ်။ ရခိုင်မှာဆိုရင် NGO, INGO ပေါင်း (၁၅)ဖွဲ့ရှိတယ်လို့ ဆိုတယ်။ အဲဒီ (၁၅)ဖွဲ့က ရခိုင်လူထုနဲ့ ထိတွေ့တာ အများဆုံးရှိရင် (၃)ဖွဲ့ထက်တောင် ပိုမှာမဟုတ်ဘူး။ အကုန်လုံးက ဘင်္ဂလီတွေကို ပေါ်ပေါ်ထင်ထင် တစ်မျိုး၊ လျှို့ဝှက် တစ်မျိုး ထောက်ပံ့တာကို မြင်နေရတယ်။ ဒါကြောင်း အစိုးရအနေနဲ့ ဒေသဖွံ့ဖြိုးရေးမှာ NGO, INGO က အရေးကြီးတာ မှန်ပေမယ့် ဒေသခံများ သိအောင် ပွင့်လင်းမြင်သာစွာ ကိုယ်တွယ်ဖို့နှင့် ဒေသခံများယုံကြည်မှုရအောင် လုပ်ပေးသင့်တယ်။ တစ်ချို့အရာများကို ဒေသခံများနှင့် ညှိုနှိုင်းကာ ဥပဒေတစ်ရပ်လောက် ပြဌာန်းသင့်သည်ဟု မြင်မိတယ်။ ဝေဟင်အောင် ၂၉၊ ၁၀၊ ၂၀၁၃

ARAKAN LOVE

1390516_170523313146176_881874032_n1426187_170519446479896_1679873816_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s