68 Muslims sent to prison for 2012 Maungdaw violence

( Maungdaw, 1 November 2013): Altogether 68 Muslim people were sentenced to imprisonment by Buthidaung township court Wednesday after founding them guilty of an attack on Rakhine villages in Maundaw township of Arakan State on 8 June 2012, said a police officer.

Maung Daw Rioters
Maung Daw Rioters

“We have detained and charged 73 people from Maungdaw for an attack on Rakhine villages on 8 June last year. Among them, five accused were set free as there was no concrete evidence against them. However the rest have been sentenced under section 436 of the Burma constitution,” added the police officer.

The court sentenced 67 male accused for five years behind bar and a female was given one year imprisonment.

Nearly  40 houses belong to the Buddhist Arakanese in Bomu ward of Maungdaw were set on fire on 8 June last year, when a group of Muslim people targeted the Rakhine villages.

The incident took place soon after a prayer meet by the Muslim people in the memory of 10 Muslim visitors who were murdered in Taungup, a southern town of Arakan. The Maungdaw authority gave permission for the prayer meet as the Muslim leaders assured that it would be a peaceful exercise, but in reality it turned violent.

The violence engulfed many Rakhine villages of Maungdaw township like Kayi Myint, Shwe Yin Aye, Vasali, Thari Kabong, Kai Gyi, Mawyawady and Kan Thaya, where the Muslim residents started vandalism without any provocation.

It may be mentioned that the majority residents of Maungdaw are Muslims where the Arakanese Buddhists are minority.

According to official sources, the violence lasted for  2 days (8 and 9 June 2012), where 552 houses belonged to Rakhine villagers, another 37 buildings, eight monasteries, one school and  one clinic were destroyed. Even 7 Rakhine villagers were killed and 50 other were injured during the attack.

http://www.narinjara.com/main/index.php/68-muslims-sent-to-prison-for-2012-maungdaw-violence/

တန်တူညီမျှအခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်းလား???

တန်တူညီမျှအခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်းလား???

တကယ်လို့ မီတာခ ကို ရခိုင်တွေက တစ်မီတာ ၃၄ ကျပ်၊ ဗမာတွေက တစ်မီတာ ၅၀၀ ပေးနေရတယ်ဆိုရင် ၊ မကျေနပ်လို့ ဆန္ဒပြကြလို့ ထောင်ကျတဲ့ လူတွေထဲမှာ ရခိုင်လူမျိုး ပိုများမယ်ထင်တယ်….

ဂျပန်နဲ့ အင်္ဂလိပ် ဗမာပြည်ကို ကျွန်ပြုတော့ ၊ ပထမဆုံး ထပြီး အင်္ဂလိပ်နဲ့ ဆော်တာ ရခိုင်လူမျိုးပါ၊ ဒါ ရခိုင်ပြည်တစ်ခုအတွက် လွတ်လပ်မှုကို တောင်းခဲ့တာ မဟုတ်ဘူး

ဗမာပြည်သူတွေကို ပထမဆုံး နိုင်ငံရေး မျက်စိ ဖွင့်ပေးခဲ့တာ ရခိုင်လူမျိုး ဆရာတော် ဥတ္တမ ဖြစ်တယ်၊ ရခိုင်ပြည်သူ လွတ်မြောက်ဖို့အတွက် မဟုတ်ဘူး ၊ တနိုင်ငံလုံးအတွက် အလုပ် လုပ်ခဲ့တာ၊

ရခိုင်ပြည်သူတွေ လျှပ်စစ် မီးတာခ (၅၀၀) ဆောင်လာတာ တော်တော် ကြာပြီ ဘယ်ဗမာ မြန်မာက ထပြီး ဦးဆောင် လှုပ်ရှားသလဲ ….. ရခိုင်က ဂစ်တွေ အစိုးရက တရုတ်ကို ရောင်းစားတယ်၊ ဘယ်ဗမာမြန်မာ ဦးဆောင်ပြီ ထ ကန့်ကွက်သလဲ …..

ကျွန်တော်စောင့်ပြီးပြောတာ မဟုတ်ပါဘူး … ရခိုင်တွေဟာ ဘယ်တော့မှ တကိုယ်ကောင်းမဆန်ဘူး ၊ စိတ်ထဲမှာလဲ အကွေ့အကောက်မရှိဘူး ၊ အများအကျိုးအတွက် အမြဲတမ်းလုပ်တတ်တယ်….. ရခိုင်တွေ မီတာခ ၅၀၀ ရာပေးနေရလို့ ဗမာတွေကို (၅၀၀) ပေးရမယ်လို့ ကျနော်မဆိုလိုဘူး မလိုလားဘူး ၊ ဒါပေမယ့် ဗမာတွေ ကိုယ်တိုင်က ဒါ လုံးဝ မတရားဘူးလို့ စိတ်ထားတတ်ရမယ်…. Continue reading “တန်တူညီမျှအခွင့်အရေးအတွက် တိုက်ပွဲဝင်ခြင်းလား???”

တာမွေ၊ပုဏ္ဏားကုန်း၊ ၁၃၃ လမ်း နှင့် လမ်း ၁၄၀ ကြား၌ အောက်တိုဘာ ၂၆ ရက်နေ့က မူဆလင်ကုလားများမှ ဝိုင်းဝန်းရိုက်ခြင်း ခံရသူနှစ်ဦးအနက်မှ တစ်ဦး ဦးခေါင်းခွံကွဲအက်၍ အခြေအနေမကောင်း

RAKHINE NEWS GROUP

ရခိုင်တွေဘက်မှာ … ရခိုင်ကလွဲလို့ ဘယ်သူမှမရှိဆိုတာ ရခိုင်တွေသိသင့်ပြီ…-ARAKAN WOMEN KILLED BY BENGALI illegal immigrants

https://democracyforburma.wordpress.com/2013/11/04/ရခိုင်တေ%E1%80%BCဘက်မ%E1%80%BDာ-ရခိုင်/

https://democracyforburma.wordpress.com/2013/11/04/letter-to-president-burma-myanmar-ရခိုင်%E1%80%BBပည်နယ်၏-%E1%80%BBဖစ်/

ဆင်အိုင်ကျေးရွာက ရခိုင်အမျိုးသမီး ဒဏ်ရာရသူမှာ မမေသန်းခင် (၁၈နှစ်)

၂ နိုဝင်ဘာ၊ ၂၀၁၃။

563582_227041667462468_1944804814_n

————————–

တာမွေ၊ပုဏ္ဏားကုန်း၊ ၁၃၃ လမ်း နှင့် လမ်း ၁၄၀ ကြား၌ အောက်တိုဘာ ၂၆ ရက်နေ့က မူဆလင်ကုလားများမှ ဝိုင်းဝန်းရိုက်ခြင်း ခံရသူနှစ်ဦးအနက်မှ တစ်ဦး ဦးခေါင်းခွံကွဲအက်၍ အခြေအနေမကောင်း
_______________________________________
1384204_179363732255262_35754637_n
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ပုဏ္ဏားကုန်းရပ်ကွက်၊ ၁၃၃ လမ်း နှင့် လမ်း ၁၄၀ ကြားတွင် ၂၆.၁၀.၂၀၁၃ (စနေ) နေ့ည ၆း၃၀ ခန့်တွင် သာမန်ယာဉ်တိုက်မှုလေးအား အကြောင်းပြု၍ လူမျိုးရေးအဓိကရုဏ်း တစ်ခုအထိ ကူးစက်ပြန့်ပွားလာနိုင်သည့်မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စုဖြင့် ၀ိုင်းဝန်းတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်။

ဖြစ်ပွါးပုံမှာ ၂၆.၁၀.၂၀၁၃ စနေနေ့ည ၆း၃၀ ခန့်တွင် ၁၃၃ လမ်း နှင့် လမ်း ၁၄၀ ကြား လမ်းဆုံတွင် ကျော်စိုးဝင်း အသက် ၂၇ နှစ်၊ (၁၄၁) လမ်းနေထိုင်သူ မောင်းနှင်၍ စိုးမင်းဦး အသက် ၂၇ နှစ် ၁၃၃ လမ်း နေသူတို့ လိုက်ပါလာသော ချယ်ရီဝက်ဂွန်အမျိုးအစား အငှားကားယာဉ်သည် ၁၃၃ လမ်းပေါ်မှ လမ်း၁၄၀ သို့ ချိုးကွေ့ဝင်ရန် နောက်သို့ဆုတ်စဉ် နောက်တွင်ရပ်ထားသော အစ္စလာမ်ဘာသာဝင်တစ်ယောက်၏ ကားအား ထိခိုက်ခဲ့ပါသည်။

ထိုယာဉ်တိုက်မှုဖြစ်ပွားသည်နှင့် တစ်ပြိုင်နက်ထဲ အယောက် ၃၀ ခန့်ရှိသော လူအုပ်စုတစ်စု စုရုံးဖြစ်ပေါ်လာခဲ့ပါသည်။ အခင်းဖြစ်အရပ်မှာ ဗုဒ္ဓဘာသာလူနည်းစုနှင့် အစ္စလာမ်ဘာသာဝင်လူများစုတို့ စုရုံးနေထိုင်ရာ အရပ်ဖြစ်သည့်အလျှောက် ယာဉ်တိုက်မှုဖြစ်ရာအရပ်သို့ စုရုံးရောက်ရှိလာသူအများမှာလည်း အစ္စလာမ်ဘာသာဝင်များသာ အများစု ဖြစ်ပါသည်။

ထို ယာဉ်တိုက်မှုအတွက် ချယ်ရီအမျိုးအစား ယာဉ်မောင်းသူ ကျော်စိုးဝင်းနှင့်စိုးမင်းဦးတို့မှ အတိုက်ခံရသော မော်တော်ယာဉ်ကို တာဝန်ယူ ပြင်ဆင်ပေးမည့်အကြောင်း ညှို့နှိုင်းပြောဆိုသော်လည်း တစ်ဖက်ကားပိုင်ရှင်များမှာ မကျေနပ်နိုင်ပဲ အချီအချဖြစ်နေစဉ်”အလ္လာ တက္ကပဲ” ဟူသော အော်သံများထွက်ပေါ်လာပြီး ၎င်းလမ်းဆုံထောင့် ရှိ အစ္စလာမ်ဘာသာဝင်တစ်ဦး ရောင်းချနေသော ကွမ်းယာဆိုင်မှ ထုတ်ပေးသည့် တုတ်၊ ဓါး၊ သံချွန်လက်နက်များဖြင့် ကျော်စိုးဝင်းနှင့် စိုးမင်းဦးတို့အား ၀ိုင်းဝန်း ထိုးခုတ်၊ ရိုက်နှက်ကြရာ ၎င်းတို့နှစ်ဦးမှာ ဒါဏ်ရာအပြင်းထန်ရ၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရပါသည်။

ထိုသို့ ဝိုင်းဝန်း ထိုးနှက်တိုက်ခိုက်ကြစဉ်တွင် အနီးရှိလမ်းမီးတိုင်မှ မီးကိုလည်း ပိတ်ပစ်ခဲ့ကြပါသည်။ ထိုဖြစ်စဉ်ပြီးတွင် လက်နက်ထုတ်ပေးသော ကွမ်းယာဆိုင်မှ အစ္စလာမ်ဘာသာဝင် ညီအကိုနှစ်ဦးအား တာမွေမြို့နယ်ရဲစခန်းမှ ခေါ်ယူစစ်ဆေး၍ နောက်နေ့နံနက်တွင် အာမခံဖြင့် လွှတ်ပေးခဲ့ပါသည်။ အဓိက ပါဝင်ပတ်သတ်နေသူ တရားခံလေးဦးမှာ ထွက်ပြေးလွတ်မြောက်ဆဲ ဖြစ်ပါသည်။

တာမွေမြို့မရဲစခန်းမှ ထိုသို့တရားခံနှစ်ဦးအား အာမခံပေးပြန်လွှတ်လိုက်၍ ရပ်ကွက်အတွင်းရှိ လူငယ်တစ်စုမှ မကျေမနပ် ဖြစ်၍ ၎င်းတရားခံများ၏ ကွမ်းယာဆိုင်ကို ၀ိုင်းဝန်းဖျက်ဆီးမည်ဟူသော သတင်းထွက်ပေါ်လာ၍ တာဝန်သိပြည်သူများမှ ရဲစခန်းသို့သွားရောက် သတင်းပေးရာ ရဲစခန်းမှ လွှတ်ထားသူနှစ်ဦးကို ပြန်လည်ဖမ်းဆီးခဲ့ပါသည်။

ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ ရဲစခန်းသည် အမှုကိုကိုင်တွယ်ဖြေရှင်းရာ၌ ပေါ့ဆလွန်းကြောင်း၊ တရားခံများကိုဖမ်းဆီးပြီး ရဲစခန်းရှိဧည့်သည်များ ထိုင်ရန် သတ်မှတ်ထားသော နေရာတွင်နေထိုင်ခွင့်ပေးထား၍ ၎င်းတို့မှ ရဲစခန်းသို့ရောက်လာသော သက်သေများအမည်ကို လက်ကိုင်ဖုန်းဖြင့် ရပ်ကွက်ထဲရှိ ၎င်းတို့၏ မိတ်ဆွေများထံ သတင်းပေးပို့နေကြကြောင်း၊ ရခိုင်ပြည်နယ် နှင့်မိတ္ထီလာမြို့များတွင်လည်း ရဲစခန်းများ၏ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့် မလိုအပ်သော လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားရကြောင်း နှင့် ယခုဖြစ်စဉ်တွင် ထိုသို့ကူးစက်ပြန့်ပွားလာမည်ကို ပြည်သူများမှ စိုးရိမ်နေကြကြောင်း သိရသည်။ ထို့ပြင် အလ္လာဝက် သက္ကဘာ ဆိုသော အသံပေး၍ ၀ိုင်းဝန်းရိုက်နှက်ခြင်း၊ လက်နက်ထုတ်ပေးခြင်း၊ လမ်းမီးမှိတ်ခြင်း စသည်တို့ကို အစီအစဉ်တကျ ပြုလုပ်နိုင်မှု အပေါ်၌လည်း လွန်စွာ အံ့သြတုန်လှုပ်နေကြကြောင်း သိရသည်။

ဦးခေါင်းအား ထိခိုက်မိသူမှာ စိုးမင်းဦး ဖြစ်ပြီး ဦးခေါင်းခွံအက်ပြီး ခေါင်း၌ သွေးခဲနေ၍ အခြေနေမကောင်းဟု သိရသည်။

မျက်လုံးထိ၍ ဓါးခုတ်ခံရသူ အမည်မှာ ကျော်စိုးဝင်း ဖြစ်သည်။

FACEBOOK