မြိတ်မြို့၌ လုံခြုံရေး အသိပညာပေး သင်တန်းပို့ချ

1396053_684486488253025_588419476_n

 

မြိတ်မြို့၌ လုံခြုံရေး အသိပညာပေး သင်တန်းပို့ချ
——————————————-
မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဦးစီး၍ စူပါမားကတ်များ၊ စားသောက်ဆိုင်များ၊ ဘဏ်များ၊ ဟိုတယ်နှင့် တည်းခိုခန်းများ၊ ရုပ်ရှင်ရုံမှ ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လုံခြုံရေး အသိပညာပေး သင်တန်း ပို့ချမှုအား၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့ နံနက် (၈) နာရီမှ (၁၂) နာရီ အချိန်ထိ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။ သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင် က သင်တန်းဖွင့် အမှာစကား ပြောကြားပြီးနောက် လုံခြုံရေး ဆိုင်ရာ အကြောင်းအား ပါဝါပွိုင့်ဖြင့် ရှင်းလင်း ပို့ချသည်။

ထိုနောက် မြို့နယ်လ၀က ဦးစီးမှူး ဦးနေလင်းမှ နိုင်ငံသား စိစစ်ရေးကတ် ၊ ပတ်စပို့နှင့် ဗီဇာများ စစ်ဆေးနည်း ကိုလည်းကောင်း၊ ခရိုင်မီးသတ် ဦးစီးဌာနမှူး ဦးဇော်မင်းမှ သဘာဝ ဘေးအန္တရာယ်များ အကြောင်းကို လည်းကောင်း၊ အမှတ်(၉၁၈) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ဗိုလ်ကြီး စန်းကိုကိုက အဖျက်သမားများ ပြုလုပ်တတ်သည့် မိုင်းများ အကြောင်း သိကောင်းစရာ တို့ကို လည်းကောင်း ရှင်းလင်းပို့ချခဲ့သည်။ ပြီးနောက် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ကွင်းပြင်တွင် မိုင်း သို့မဟုတ် မသင်္ကာစရာ ပစ္စည်းများ တွေ့ရှိပါက လုပ်ဆောင် ရမည့် နည်းလမ်းများ အကြောင်းကို ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရွှေညာမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦး၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ တပ်ကြပ်ကြီး ဇော်နိုင်တို့က လက်တွေ့ သရုပ်ပြခဲ့သည်။

အဆိုပါ သင်တန်းသို့ မြိတ်မြို့ရှိ စူပါမားကတ်များ၊ စားသောက်ဆိုင်များ၊ ဘဏ်များ၊ ဟိုတယ်နှင့် တည်းခိုခန်းများ၊ ရုပ်ရှင်ရုံမှ ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ http://myeiknews.blogspot.com

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s