တိုင်းရင်းသားလက်နက်ကိုင်များအပစ်အခတ်ရပ်စဲရေး.ညီလာခံကို..
ဝ လက်နက်ကိုင်အဖွဲ့ UWSA က မတက်ဘူးလို့သိရတဲ့နောက်မှာ..စစ်တပ်က စစ်ဗိုလ်လေးတွေရဲ့ အသံကို
နားထောင်နေပါတယ်..
ဝေဘန်ပေးကြစေလိုပါတယ်…
ကချင်လက်နက်ကိုင်နဲ့ ဘာကြောင့်တိုက်ရမှန်းမသိပဲ..တိုက်တယ်.
ပြီးရင်…ဟိုဘက်ဒီဘက် သေကြေကြရင်..ဆတ်ဆတ်ခါနာကြတယ်
ကေအင်န်ယူ အပါအ၀င်..အခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့.
တိုက်ရင်လည်း…ဒီအတိုင်းပဲ..
ဒါပေမဲ့…ထူးခြားတာက..ချွင်းချက်အနေနဲ့…
စစ်အာဏာရှင်အစိုးရတက်လာပြီး..၀အဖွဲ့ငြိမ်ချမ်းရေးယူခဲ့
တဲ့နောက်ပိုင်းမှာ..
ဝ..အဖွဲ့တွေနဲ့ တိုက်ကြတယ်ဆိုတာ မကြားမိပါဘူး..။
သူများလက်နက်ကိုင်တပ်တွေလိုမဟုတ်ပဲ..
“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” ၊ “၀ ပြည်နယ်”…ဆိုပြီး.
ပြည်နယ်တိုင်း ၁၄ ခုမှာ မပါပဲနဲ့.. အပိုဆုစားခဲ့တာတွေ..
လက်နက်ကိုင်တပ်ဖွဲ့အင်အား ..
ငါးသောင်း ကနေတစ်သိန်း လောက်အထိဖြစ်တဲ့အထိ..
မသိမသာမွေးမြူပေးခဲ့တာတွေ…။
လက်နက်အင်အား..စီးပွားရေးအင်အား.လူအင်အား
တောင့်တင်းစေခဲ့တာတွေ…။
တရုတ်က ပေးထားတဲ့ လေယာဉ်ပစ်တွေ.၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ
ရှိတယ်လို့ …သတင်းထွက်စေတဲ့အထိ…လွှတ်ပေးခဲ့တာတွေ..၊
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးရုံးဖွင့်ပြီး
တိုက်ရိုက် သံအဆက်သွယ်ထူထောင်ခဲ့တာတွေ..
အဲဒါတွေကို သိရက်သားနဲ့..
အကိုက်သန်တဲ့ကျားကို အစာဝအောင်ကျွေးထားခဲ့ပြီး..
အိမ်နီးချင်းပေါက်ဖေါ်ရဲ့..မျက်နှာကြောင့်..သိသိကြီးနဲ့..
အလိုလိုက်နေရတာတွေဟာ..
မကြာခင်မှာ…ရင်းနှီးပေးဆပ်ရမှာတွေ..
များလာနိုင်ကြောင်းသုံးသပ်ရပါတယ်..
ကချင်လက်နက်ကိုင်နဲ့ကျတော့ ဓားကြိမ်းကြိမ်းကာနဲ့.
ဝေဘန်ချင်တိုင်းဝေဖန်နေပြီး..
တရုတ်ကျောထောက်နောက်ခံရှိတဲ့..UWSA ကိုကျတော့..
နှာစေးသလို..အတိတ်မေ့သလို.ရွှေပျောက်သလိုလိုဖြစ်နေခြင်းဟာ..
နားလည်ရခက်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်..။
SHWE PA YIT