(ကမာရွတ်) ဖယ်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံ တည်ဆောက်ရေးဟု လိုင်ဇာညီလာခံ၌ UNFC ဥက္ကဌ ပြောကြား

993733_596480970411217_1030943767_n
REPORT from LAIZA – Kachin State:
=========================
(ကမာရွတ်)
ဖယ်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံ တည်ဆောက်ရေးဟု လိုင်ဇာညီလာခံ၌ UNFC ဥက္ကဌ ပြောကြား
LACHID KACHIN
UNFC အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း ၁၇ဖွဲ့တက်ရောက်သည့် လိုင်ဇာညီလာခံ၏ ၃ရက်ကြာ အစည်းအဝေးကို စတင်ကျင်းပနေပြီး စစ်မှန်ပြီး ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်းရေးသည် ဖယ်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံတည်ဆောက်ရေးဖြစ်ကြောင်း UNFC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက အဖွင့်မိန့်ခွန်း၌ ပြောဆိုခဲ့သည်။ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် မိုင်းလားအဖွဲ့တို့ တက်ရောက်ခြင်းမရှိသော်လည်း တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များနှင့် လေ့လာသူ ၇ဝကျော် တက်ရောက်သည့် လိုင်ဇာညီလာခံအား တစ်နိုင်ငံလုံးက မျှော်လင့်ထားနေကြသောကြောင့် နောက်တစ်ကြိမ် အမှားမခံနိုင်တော့ဟု ဆိုသည်။

ကရင့်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖောက နှစ်ပေါင်း ၆ဝကျော် လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ရေးသည် နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းခြင်းဖြစ်ပြီး ယခုညီလာခံမှ အားလုံးလိုလားသော ပန်းတိုင်ရောက်စေဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

တို့တာဝန်အရေးသုံးပါးနဲ့အညီ တိုင်းရင်းသားအဖွဲ့များ လက်တွဲဆောင်ရွက်ကြဖို့ ဆုမွန်ကောင်းတောင်းကြောင်း လိုင်ဇာမြို့တွင် ကျင်းပနေသော တိုင်းရင်းသားလက်နက်ကိုင်များညီလာခံကို သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာပေးပို့ခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ရန် ယခု လိုင်ဇာညီလာခံသည် အထောက်အကူဖြစ်မည်ဟု သမ္မတ ဦးသိန်းစိန်က မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မြန်မာအစိုးရ၏ စစ်တပ်ကိုယ်တိုင် ပါဝင်ဖို့လိုကြောင်း PSLF ဥက္ကဌ မိုင်းအိုက်ဘုန်းက ဆိုသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ကရင့်အမျိုးသားအစည်းအရုံး KNU က အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေးဆွေးနွေးမှုကို ဦးစားပေး လုပ်ဆောင်ချင်ကြောင်းညီလာခံတွင် သဘောထားပေး ပြောဆိုခဲ့သည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s