(Knet)
လိုင်ဇာတွင်ကျင်းပသောတိုင်းရင်းသားညီလာခံ( ETHNIC ARMED ORGANIZATIONS CONFERENCE LAIZA)သို့တက်ရောက်လာကြသော တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်များ (၂၉.၁၀.၂၀၁၃)ရက်နေ့ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် မြစ်ကြီးနားမှ တဆင့် လိုင်ဇာမြို့သို့ရောက်ရှိလာကြကြောင်းသိရှိရပါသည်။ ယခု လက်ရှိ လိုင်ဇာသို့ ရောက်ရှိ နေ ပြီဖြစ်သော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များမှာ
KNPP, NMSP, ALP, ANC, LDU, WNO, ARAKAN ARMY, PSLF/T.N.L.A, CNF, SSPP/SSA, DKBA, (DKBA.KLLT.Kayan Pyitit), KNU, NMSP, KNPP, PNLO, RCSS/SSA စသည့် အဖွဲ့ များဖြစ်ကြောင်းသိရှိရပါသည်။ လိုင်ဇာသို့ ရောက်ရှိလာကြသော တိုင်းရင်းသားခေါင်းဆောင်များအား KIO, ဗဟိုကောမတီဝင်များ တာဝန်ရှိသူများ နှင့် ဒေသခံ လိုင်ဇာလူထုမှ သောင်းသောင်းဖြဖြ ကြိုဆိုကြကြောင်းသတင်းရရှိပါသည်။