ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ ရခိုင် စစ်သား ကားတိုက်သေဆုံး (နိရဉ္စရာ- ၂၉ အောက်တိုဘာ ၂၀၁၃)

TITU-MAUNG

ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ ရခိုင် စစ်သား ကားတိုက်သေဆုံး

(နိရဉ္စရာ- ၂၉ အောက်တိုဘာ ၂၀၁၃)

ဘင်္ဂလာဒေခ်ျ့ စစ်တပ်တွင် တာဝန်ဆောင်နေသော အသက် ၂၁ အရွယ် ရခိုင် လူငယ် စစ်သား တစ်ဦး သည် ယမန်နေ့က ကားမတော်တဆတိုက်မူကြောင့် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ကော့စ်ဘဇား (ဖလောင်းချိပ်) ခရိုင် ဟာရဘင်းကျေးရွာမှ ဦးအလုံးမောင်၏သား တီတူးမောင် (၂၁) နှစ် ဖြစ်ကြောင်း သိရသည်။

သူသည် ယမန်နေ့က ဒက္ကားမြို့ မီပူုရ် အမှတ် (၁၂) စစ်တပ်တွင် တာဝန် ထမ်းဆောင်နေစဉ် စစ်တပ်မှ ကားတစ်စီး၏ မတော်တဆ တိုက်မူကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သူ၏ ဆွေမျိုး တစ်ဦးက ပြောသည်။

“ မနက်အစောပိုင်းမှာ ဖြစ်ပွားတာပါ။ မနက် ၈ နာရီက ဆေးရုံမှာ ဆုံးသွားပါတယ်။ သူရဲ့ အလောင်းကိုတော့ သူ့မိဘတွေရှိတဲ့ ဟာရဘင်းကျေးရွာကို စစ်တပ်က ရဟတ်ယာဉ် တစ်စီးနဲ့ မနေ့က ပို့ဆောင်ပါတယ်။ ဒီကနေ့မှာတော့ သူကို သဂြိင်္ုလ်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်တပ်က ရဟတ်ယာဉ်ဖြင့် သူ့၏ အလောင်းအား ရာမူး (ပန်းဝါ) မြို့သို့ ပထမပို့ဆောင်ပြီး ယင်းမှ တဆင့် စစ်ကားများဖြင့် ဟာရ်ဘင်း ကျေးရွာသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့တွင် စစ်တပ်မှ ကိုတီတူးမောင်အား သူနေထိုင်ရာ ဟာရ်ဘင်း ရခိုင်ကျေးရွာ သချိုင်္င်းတွင် စစ်အခမ်းအနားဖြင့် သဂြိင်္ုလ်မည်ဟု သိရသည်။

ကိုတီတူးမောင်သည် လက်ဝှေ့ထူးချွန်သူ တစ်ဦး ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ စစ်တပ်တွင် ၂၀၁၁ ခုနှစ် စတင် ၀င်ရောက် တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့ စစ်တပ်တွင် ယခုအချိန်ထိ ရခိုင်အမျိုးသားများ တာဝန် ထမ်းဆောင်လျှက် ရှိကြောင်း၊ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော ဗိုလ်မှူးကြီး မောင်ကျော်ဦး၊ အငြိမ်းစား ယူသွားခဲ့ပြီ ဖြစ်သော ဗိုလ်မှူးကြီး မောင်တင်ဝင်းနှင့် လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး များမကြာမီက အနားယူသွားသော ဗိုလ်မှူးကြီး အောင်စောထွန်းတို့မှာ ဘင်္ဂလာဒေခ်ျ့ စစ်တပ်တွင် နာမည်ကြီးသူများ ဖြစ်ကြောင်း သိရသည်။

– See more at: http://www.narinjara.com/burmese/?p=7469#sthash.XTs8SB1g.dpuf

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s