ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသူ ဒါဇင်နှင့်ချီပြီး ရသေ့တောင်မြို့နယ်တွင် ဖမ်းမိ

rakhine news group

ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသူ ဒါဇင်နှင့်ချီပြီး ရသေ့တောင်မြို့နယ်တွင် ဖမ်းမိ
====================================
Monday, October 28, 2013

ဘင်္ဂလာဒေခ်ျ့မှ စက်လှေ တစ်စီးဖြင့် ၀င်ရောက်လာသူ အနည်းဆုံး လူ ၁၈ ဦးကို ရသေ့တောင်မြို့နယ် တွင် သက်ဆိုင်ရာ နယ်မြေခံ စစ်တပ် တပ်ရင်း တစ်ခုက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။ ရသေ့တောင်မြို့နယ် တောင်ပိုင်း ချိန်ခါလီရွာတွင် လွန်ခဲ့သော တနင်္ဂနွေနေ့ နံနက် စောစောပိုင်း ညဥ့်အချိန်တွင် ဖမ်းမိခြင်း ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် လောင်းချောင်းရဲစခန်းမှူးက အတည်ပြု ပြောကြားသည်။ “ ကျနော်ရသလောက် သတင်းကို ပြောရရင် စုစုပေါင်း ၁၈ ဦး ဖမ်းမိပါတယ်။ ဘင်္ဂလာကလည်း ပါတယ်။ မြန်မာဘက်ကလည်း ပါတယ်။ သူတို့ ဘာကြောင့်ဝင်လာသလဲ ဆိုတာတော့ အဖမ်းခံရတဲ့ သူတွေ ကျနော်တို့ စခန်းကို မရောက်သေးတဲ့ အတွက် တိတိကျကျ ပြောလို့ မရသေးဘူး” ဟု ဆိုသည်။ ပင်လယ်ပြင်တွင် ရာသီ ဥတု ဆိုးဝါးမူကြောင့် ၀င်ရောက်လာပုံရကြောင်းနှင့် ယခုအခါ လောင်းချောင်းရဲစခန်းသို့ ဖမ်းဆီးရမိသူများကို ယူဆောင်လာနေကြောင်း သူက ဆက်လက် ပြောဆိုသည်။ ချိန်ခါလီ ဒေသခံ တစ်ဦးကမူ ယမန်နေ့ နံနက် ၈ နာရီထိ ဖမ်းဆီးရမိသူမှာ စုစုပေါင်းမှာ ၂၁ ဦးဖြစ်ကြောင်း၊ ထိုအထဲတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၂ ဦးနှင့် မောင်တောမှ မွတ်ဆလင် ၉ ဦး ပါဝင်ကြောင်း ပြောကြားသည်။ “ စက်လှေ တစ်စီး ဆိပ်ကပ်လာတော့ ကျနော်တို့ ရွာသားတွေက စစ်တပ်ကို အကြောင်းကြားတယ်။ စစ်တပ်နဲ့ ရွာသားတွေ ၀ိုင်းဖမ်းတော့ လူပေါင်း ၂၁ ဦး ဖမ်းမိပါတယ်” ဟု ဆိုသည်။ ဖမ်းဆီးမိသူများကို စစ်ဆေးသောအခါ စက်လှေပေါ်တွင် ဘင်္ဂလာဒေ့ခ်ျမှ လူပေါင်း ၁၈၀ လိုက်ပါ လာကြောင်း၊ စက်လှေ ဆိပ်ကပ်ပြီးချင်း ချိန်ခါလီ/ကိုးတန်ကောက် နယ်မြေထဲသို့ ၎င်းသူများ ဝင်ရောက် ထွက်ပြေးသွားကြသည်ဟု ပြောဆိုကြောင်း ရွာသားက ဆိုသည်။ ယခုအခါ စစ်တပ်၊ ရဲနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများက ထွက်ပြေးသွားသူများကို ပူးပေါင်း ရှာဖွေလျှက် ရှိကြကြောင်း သိရှိရပါသည်။ ယခု ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသူများကို ဖမ်းဆီးမိသော ချိန်ခါလီ ဒေသသည် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မယူကမ်းတွင် တည်ရှိပြီး ဘင်္ဂလာဒေခ်ျ့နှင့် နီးကပ်စွာ တည်ရှိသည်။ (နိရဉ္စရာ- ၂၈ အောက်တိုဘာ ၂၀၁၃)

1208539_225370300962938_301078064_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s