အရေးကြီးသတင်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ချိန်ခါလီကျေး

Arakan Aung Thaik

အရေးကြီးသတင်း
××××××××××
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ချိန်ခါလီကျေးရွာသို့ ၂၇-၁၀-၂၀၁၃ နေ့ နံနက် ၈ နာရီလောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်လှေတစ်စီး ၀င်ရောက်ဆိုက်ကပ်လာသဖြင့် ဒေသခံရခိုင်ကျေးရွာသားများမှ ဒေသရှိ စစ်တပ်အားအကြောင်းကြားသဖြင့် စစ်တပ်နှင့်ဒေသခံများဝိုင်းဝန်း ဖမ်းဆီးကြရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့မှ (၁၂)ဦးနှင့် မောင်တောမြို့နယ်မှ ၉ ဦးအားဖမ်းဆီးရမိသဖြင့် စစ်ဆေးခဲ့ရာ ၄င်း စက်လှေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၈၀ ဦးပါရှိကြောင်း ၄င်းတို့သည် စက်လှေဆိုက်ကပ်သည်နှင့် ချိန်ခါလီ(ကိုးတန်ကောက်)နယ်မြေထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားကြောင်း ပြန်လည်ပြောပြချက်အရ ယခုအချိန်တွင် စစ်တပ်၊ပြည်သူ့ရဲ၊ဒေသခံများပူးပေါင်းလျက် ရှာဖွေနေကြကြောင်းဖြင့် ၄င်းတို့သည် ရခိုင်ပြည်နယ်အတွင်း မည်သည့်ကိစ္စကြောင့် ၀င်ရောက်လာသည်ကို မသိရှိရသေးကြောင်းနှင့် နီးစပ်ရာ ကျေးရွာများအတွင်း အထူးသတိဝိရိယထားရန်လိုအပ်ကြောင်း ခိုင်လုံသော သတင်းများအရ သတိပေးအပ်ပါသည်။(မှတ်ချက်။ နိုးဆွနေခြင်း လုံးဝမဟုတ်ကြောင်း)

SOURCE ARAKAN YOUTH ORG

NEWS

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s