နာမည်ကျော် Mother Land ဘာလဲ ဘယ်လဲ

နာမည်ကျော် Mother Land ဘာလဲ ဘယ်လဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

MOTHER LAND
နာမည်ကျော် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Mother Land အကြောင်းလေးများ မသိချင်ကြဘူးလား ။ အိုခေ.သိသလောက်ပြောပြမယ်။ဦးတင်မြင့်နဲ့ဦးတင်အေး ညီအကိုနှစ်ယောက် ရဲ့ ဒီအမိမြေ Mother Land အကြောင်း ကတော့ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်အခု သူတို့အကြောင်းပြောရင် ကုလားလို့ထည့်မရေးဘူး နော်ဟဲ.ဟဲ။ တော်ကြာလူမျိုးရေး ပဋိပက္ခ လော်ဘီလို့ခေါင်းစဉ်တပ်ခံရမှာတော့ကြောက်သဗျ။

Mother Land ကုမ္ပဏီ ဆိုတာ သန္ပေ္ဓကောင်းနဲ့ စတင်ခဲ့တာမဟုတ်ခဲ့ဘူးဗျ။ အခုဦးတင်မြင့်ရဲ့ အဖေ ဦးဝင်းမြင့်/ ဦးဟာမီဒူလာ က ၁၉၈၅ လောက်မှာ စထောင်ခဲ့တာ။အိမ်အကျိုးဆောင်လုပ်ငန်းဆိုပြီး ဗန်းပြလုပ်ရင်း နောက်ကွယ် ကနေ တရုတ်ကို မြန်မာကနေ မူဆယ်လမ်းအတိုင်း တိရစ္ဆာန်မှောင်ခိုချတယ် ။ဒါတင်ပဲလား မဟုတ်သေးဘူးနော် သဘောင်္သားတွေအလုပ်ရှာပေးတယ်။ အဲဒီမှာပဲ သဘောင်္သားတွေပို့တဲ့နေရာမှာ ပတ်စ်ပို့ (passport) အတုတွေလုပ်ပြီးပို့လို့ ထောင်ကျတယ် ။နောက်တော့ လေငန်းနဲ့ ဦးဟာမီဒူလာ သေတယ်။ အဲဒီနောက် ၁၉၉၅ မှာ ဦးတင်မြင့်နဲ့ဦးတင်အေး ညီအကိုနှစ်ယောက်က ကွယ်လွန်သူဖခင်ကြီးရဲ့ ခြေရာကို ထပ်လိုက်ခဲ့တယ်။ ခြေရာလိုက်တယ် ဆိုပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းကိုပဲ လုပ်ခဲ့တယ် ။

ကျန်တာက ဆင်ပိန်တော့ကျွဲ လောက်ပေါ့။၂၀၀၈ မှာ အမျိုးသားစီမံကိန်းကနေ တရားဝင်မှတ်ပုံတင်ရတယ် ။၂၀၁၀ မှာ ကိုယ်ပိုင်ရင်းနှီိးမြုပ်နှံမှု လုပ်ငန်းလိုင်စင် အမှတ်(၉၀၇/ ၂၀၀၉-၂၀၁၀) နဲ့တရားဝင်မှတ်ပုံတင်တယ် ။အဆောက်အဦ ဆောက်လုပ်ခွင့်လိုင်စင်ကို လိုင်စင်အမှတ် ၃၄၇ နဲ့ ရန်ကုန်စည်ပင် ကရတယ်။

အခု Mother Land ကုမ္ပဏီ လုပ်နေတာကတော့ အဆောက်အဦတွေကို လက်ငင်းရော အခန်းယူ/အခန်းပေးစနစ် နဲ့ဆောက်ပေးတယ်။ အဆောက်အဦတွေ ဒီဇိုင်းရောင်းတယ် ၊ အခန်းဖွဲ့တာတွေ နဲ့ Decoration လုပ်တယ် ၊ Ms Interior Security တံခါးတွေ ဆင်ပေးတယ်။မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတွေထဲက ထိပ်ဆုံးပိုင်းထဲမှာ တစ်ခုအပါအ၀င်ပဲလေ။ ဒါတွေ အားလုံးသိပါတယ် ။ ဦးတင်မြင့် က ကျိုက်မရောသား ဘင်္ဂလီ/မွန် ဗျ ။ဒါပေမယ့် ဗုဒ္ဓဘာသာကိုးကွယ်တယ် ။ သားဦးအကြီးဆုံးဖြစ်ပြီး ၈ တန်းအထိ ကျောင်းနေခဲ့တယ်။ သူ့မိန်းမက ဒေါ်နီလာ ၊ အစ္စလာမ်ကိုးကွယ်တယ် ။သူတို့မှာ ဝေဟင်ဦးနဲ့မြင့်မိုရ်ဦး ဆိုတဲ့ သမီးနှစ်ယောက်ရှိတယ်။

သူတို့လိပ်စာက၊ အမှတ် ၈၃ ၊ ၇ လွှာ ၊ဓမ္မစေတီလမ်း ၊မြေနီကုန်း ၊စမ်းချောင်း ။ ကျွန်တော်အခု ပြောနေတာတွေက ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာမဟုတ်ဘူးနော်။နိုင်ငံအတွက် အကျိုးရှိမယ့် အရာတွေတင်ပြနေတာ။ သူတို့ Mother Land ကုမ္ပဏီ က မင်္ဂလာတောင်ညွှန့်က သိမ်ဖြူလမ်း၊ အမှတ် ၄၃၅ မှာ ရုံးချုပ်ရှိတယ် ။ ဥက္ကဌက ဦးတင်မြင့် ၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဦးတင်အေး ၊ညွှန်ကြားရေးမှူးက ဒေါ်စုမြတ်နိုးဦး ၊ ၊အမှုဆောင်အရာရှိက ဒေါ်အေးအေးမာ၊ ဒါရိုက်တာအဖွဲ့ဝင်တွေက ဦးတင်မြင့်သမီး ဒေါ်ဝေဟင်ဦး နဲ့ သားမက် ဦးမင်းမင်းထွန်း တို့ပါဝင်တယ် ။

ရုံးခွဲတစ်ခုကို အလုံတာဝါမှာ အခြေချထားတယ်။Mother Land က အဆောက်အဦး ဆောက်တာ အပြင် ပို့ကုန်/သွင်းကုန် လည်းလုပ်နေတယ်။ပဲတွေနဲ့လယ်ယာထွက်ပစ္စည်းတွေ နိုင်ငံခြား ပို့တယ်။ ပြန်သွင်းလာတာက ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေ လျှပ်စစ်နဲ့ကားတွေ စက်ပစ္စည်းတွေ ရုံးသုံးပစ္စည်းတွေ၊ အို…အစုံလုပ်တယ်။ အဆောက်အဦ ဆောက်လုပ်ရေးက အဓိကပေါ့နော်။သူတို့လုပ်ငန်းကြီးက တကယ့်ဟဲဗီးကြီးနော်။

သူတို့ဆောက်တဲ့ အဆောက်အဦတွေ တိုက်ခန်းတွေကို အ၀ယ်များတာက ရင်းနှီးမြုပ်နှံသူတွေများတယ် ။အခုလက်ရှိ သူတို့ဆောက်လက်စ အဆောက်အဦ တွေလည်း ရှိသေးတယ် ။လမ်းမတော်၊ စမ်းချောင်း၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ ပုစွန်တောင် တွေဘက်မှာ သူတို့လုပ်လက်စ အဆောက်အဦတွေရှိနေတယ်။ ကဲ…သူတို့အကြောင်းပြောနေရင်းနဲ့ စာတောင်ရှည်လာပြီ။အဓိကပြောချင်တာက သူတို့ အခွန်ရှောင်နေတာပဲဗျ။

အဲဒီလောက် လုပ်ငန်းကြီးတွေ လုပ်နေပေမယ့် ဦးတင်မြင့်တို့ အခွန်ရှောင်ချက်က လွန်တယ်နော် ။အခုထိ လှိုင်သာယာက FMI City ရယ် ပန်းလှိုင် အိမ်ယာက ကိစ္စတွေအခုထိ မပြီးသေးဘူးရယ်။ဒီကိစ္စတွေကို ရန်ကုန် တရားရုံးရှေ့နေ ဦးခင်မောင်ဝင်းအသိ။သူကိုယ်တိုင် လိုက်ရှင်းပေးနေရတာ အခုထိပဲဗျ။

Mother Land မှာ ဦးတင်မြင့်က မန်နေဂျင်း ဒါရိုက်တာနဲ့ ဒေါ်နီလာရယ် ဒေါ်ဝေနှင်းဦးရယ် ကဒါရိုက်တာလုပ်တယ် ။တစ်ယောက်ကို အစုရှယ်ယာ ၁၂၅၀ စီပိုင်ကြတယ်။ဦးတင်မြင့်က ၂၅၀၀ အထိပိုင်တယ်။ပြည်တွင်းအခွန်ဦးစီးရုံးမှာ ၂၀၀၈ ခုနှစ်အထိပဲ အခွန်ဆောင် ထားတယ် ။အခု အခွန်ရှောင်နေတာ ၅

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s