တတိယအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လွိုင်ကော်မြို့တွင် ကျင်းပ
****************************************
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) အဖွဲ့တို့၏ တတိယ အကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို (၂၂-၁၀-၂၀၁၃) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ ပြည်ထောင်စု ငြိမ်းချမ်းေ၇း ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက တစ်ပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲ တက်ရောက်နိုင်ရန်နှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မကြာမကြာ တွေ့ဆုံပြီး ဆွေးနွေး ညှိနှိုင်း အဖြေရှာရန် မိမိတို့ လုပ်ငန်းစဉ်များ အောင်မြင်အောင် တက်ညီလက်ညီ လုပ်ဆောင်ကြရန် အထူး လိုအပ်ပါကြောင်းဖြင့် ပြောကြားပါသည်။