http://www.mediafire.com/download/n99gr3xkvpzm4nh/Myanmar+Declaration+for+Amending+2008+Constitution
ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာပြည်သူ့ကွန်ရက်
သဘောထားကြေညာချက်
အမှတ် (၁/၂၀၁၃)
၂၀၁၃၊အောက်တိုဘာ(၁၇)ရက်
၁။ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ ပထမအကြိမ်
လူထုဆွေးနွေးပွဲကို တော်ဝင်နှင်းဆီ
ခန်းမ၌ ၂၀၁၃အောက်တိုဘာ၁၇ရက်နေ့  တွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။
၂။ ထိုအစည်းအဝေးကို အဖွဲ့ အစည်း ( ၆၀) ကျော်မှ ပြည်သူလူထု(၃၅၀)
ကျော်တက်ရောက်ခဲ့ပါသည်။
၃။ ထိုလူထုအစည်းအဝေးကို အောက်ပါရည်ရွယ်ချက် (၃) ရပ်ဖြင့် ဆွေးနွေးခဲ့ပါသည်။
(က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ပြည်သူလူထုမှ သိရှိနားလည်မှု
မြင့်မားလာစေရန်၊
(ခ) ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲသည်ဖြစ်စေဖွဲ့စည်းပုံအခြေခံဥပဒေအသစ်
ရေးဆွဲသည်ဖြစ်စေ ပြည်သူလူထုမှ ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်၊
(ဂ) ပြည်သူ့ ဆန္ဒနှင့်အညီဖွဲ့ စည်းပုံအခြေခံဥပဒေပေါ်ထွန်းလာစေရန်တို့ ဖြစ်ပါသည်။
၎။ ထိုလူထုဆွေးနွေးပွဲတွင် အောက်ပါခေါင်းစဉ် (၅) ရပ်ဖြင့်ဆွေးနွေးခဲ့ပါသည်။
(က) ဖယ်ဒရယ်ပြည်ထောင်စုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊
(ခ) လူ့ အခွင့်အရေးနှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေ၊
(ဂ) ဒီမိုကရေစီစံချိန်စံညွှန်းနှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေ၊
(ဃ) ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲရေးဖြစ်စဉ်၊
(င) အရပ်ဘက် စစ်ဘက်ဆိုင်ရာဆက်ဆံရေးနှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေ၊
၅။ ထိုကဏ္ဍ ငါးခုကိုဆွေးနွေးရာတွင် တက်ရောက်လာသော
ပြည်သူလူထုမှအောက်ပါဖွဲ့စည်းပုံအခြေခံဥပဒေ
ဆိုင်ရာအခြေခံမူများကိုသဘောတူညီခဲ့ပါသည်။
(က)အချုပ်အခြာအာဏာသည်ပြည်သူ့ ထံမှဆင်းသက်ရမည်။
(ခ)ပြည်ထောင်စုတွင်းရှိတိုင်းရင်းသားလူမျိုးများတန်းတူညီမျှရေးနှင့်
ကိုယ်ပိုင် ပြဌာန်းခွင့်ရှိရမည်။
(ဂ) ပြည်ထောင်စုကိုဖယ်ဒရယ်ပြည်ထောင်စုစစ်စစ်မူဖြင့် ဖွဲ့ စည်းရမည်။
(ဃ) လူနည်းစုများ၏ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ပေးရမည်။
(င) ဒီမိုကရေစီအခွင့်အရေးအခြေခံလူ့ အခွင့်အရေးနှင့်
ကျား/မဆိုင်ရာတန်းတူညီမျှမှုကိုအခြေခံရမည်။
(စ) ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးရမည်။
(ဆ) ဘာသာရေးကိုအခြေမခံသောနိုင်ငံဖြစ်ရမည်။
(ဇ) အရပ်ဘက်အုပ်ချုပ်မှုအောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ များထားရှိရမည်။
၆။ ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းဖြစ်စဉ် နှင့်
ထိုအခြေခံဥပဒေတွင်ပါဝင်သောပြဌာန်း
ချက်အများစုကိုတက်ရောက်လာသောပြည်သူလူထု က လုံးဝသဘောတူခြင်းမရှိပါ။
ရ။ ပြည်ထောင်စုလွှတ်တော်ဖွဲ
့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီမှ ပြည်သူ့ ထံသို့ 
အကြံပြုတောင်းခံသည့်နောက်ဆုံးသတ်မှတ်ရက်နှင့်
လုပ်ငန်းစဉ်များသည်လူထုသဘောထားကိုပြည့်စုံစွာ
ထင်ဟပ်နိုင်ခြင်းမရှိပါ။
၈။ ထို့ကြောင့်ဒီမိုကရေစီစံချိန်စံညွှန်းနှင့်ညီသောဖွဲ
့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရေးအတွက်ပြည်သူ
လူထု၏ သဘောထားရယူနိုင်ရန် ကျွန်ုပ် တို့ ဖွဲ
့စည်းပုံအခြေခံဥပဒေဆိုင်ရာပြည်သူ့ကွန်ရက်မှနိုင်ငံနှင့်
တ၀ှမ်းပိုမိုကျယ်ပြန့် စွာဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၉။ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်ဖွဲ
့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်း
ကော်မတီတို့ မှလည်း ပြည်သူလူထုသဘောထားကိုကျယ်ကျယ်ပြန့် ပြန်
့ရရှိနိုင်ရေးအတွက်အလေးအနက်
ထားဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုက်ပါသည်။
ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်
ဆက်သွယ်ရန် — ဦးစိုးထွန်း ၀၉၇၃၄၉၄၃၆၇
ဦးထွန်းကြည် ၀၉၄၉၂၅၅၀၂၄
ဦးဖေမြင့်၀၉၅၁၀၅၆၃၄
ဒေါ်ဆူဇန်နာလှလှစိုး ၀၉၇၃၀၂၁၀၂၅
ဒေါ်မေစပယ်ဖြူ ၀၉၄၂၁၁၇၀၇၈၃
ဦးမျိုးရန်နောင်သိန်း၀၉၄၂၁၁၅၈၉၃၆