Myanmar Military:Rainbow မောင်းသူမဲ့လေယာဉ်ပျံများ

Rainbow မောင်းသူမဲ့လေယာဉ်ပျံများ
(အခုတလော မောင်းသူမဲ့လေယာဉ်ပျံများအကြောင်း စိတ်ဝင်စားတဲ့ ညီ၊အစ်ကိုတွေများလာတာနှင့် အညီ မကြာသေးခင်ကမှ ပြုလုပ်သွားတဲ့ တရုပ်နိုင်ငံလေကြောင်းပြပွဲမှာ စိတ်ဝင်စားမှုအခံရဆုံးသော CH အမျိုးစား မောင်းသူမဲ့လေယာဉ်ပျံများအကြောင်း ကျွှန်တော်တို့ရဲ့ အစ်ကိုတစ်ယောက်ရေးထားတာတွေကို ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ…။)

Rainbow မောင်းသူမဲ့လေယာဉ်ပျံများကို အမေရိကန်လေတပ်၏ သရုပ်ခွဲစဉ်အရ

946403_10202059546029826_605565678_n1375669_10202059545429811_1741207734_n1375105_10202059545549814_936549135_n

 

ပထမအမျိုးအစား အသေးစားမောင်းသူမဲ့လေယာဉ်များ (ခြေလျင်အထူးတပ်ဖွဲ့သုံး၊ အရပ်ဘက်သုံး)
ဒုတိယအမျိုးအစား အလတ်စားထောက်လှမ်းရေး အမျိုးအစား (အမြင့်ပေ ၅၀၀၀အောက်၊ အရပ်ဘက်သုံး)
တတိယအမျိုးအစား အလတ်စား တိုက်ခိုက်ရေးအမျိုးအစား ( ဘက်စုံသုံး အမြင့်ပေ ၂သောင်းအောက် ၊ ထောက်လှမ်းရေးသုံး)
စတုထ္ထအမျိုးအစား အကြီးစား တာဝေးထောက်လှမ်းရေးသုံး အမျိုးအစား (အမြင့်ပေ ၇သောင်းအောက်)
ပဥွမအမျိုးအစား တာဝေးထောက်လှမ်းရေး သုံးရယ်လို့ အမျိုးအစားခွဲခြား သတ်မှတ်ထားပါတယ်…။

၂၀၁၂ခုနှစ်မှာပြုလုပ်ခဲ့တဲ့ Zhuhai Air Show မှာတော့ China Academy of Aerospace Aerodynamics CAAA ဟာ သူတို့ထုတ်လုပ်ထားတဲ့ Rainbow စီးရီး မောင်းသူမဲ့ လေယာဉ်တွေကို ပြသခဲ့ပါတယ်။ ဒုတိယအမျိုးအစား အလတ်စား ထောက်လှမ်းရေးသုံး အမျိုးအစားတွေ ဖြစ်တဲ့ CH 1,2,3 အပြင် တတိယအမျိုးအစား တိုက်ခိုက်ရေးသုံး CH4 ကိုပါပြသခဲ့ပါတယ်။

CH4 Rainbow-4 အမျိုးစား မောင်းသူမဲ့လေယာဉ်

CH4 အမျိုးအစား တိုက်ခိုက်ရေး မောင်းသူမဲ့လေယာဉ်ဟာ အဲဒီပွဲမှာ လူစိတ်ဝင်စားမှု အများဆုံးရှိခဲ့တဲ့ အမျိုးအစားဖြစ်ပြီး သူနဲ့ အတန်းအစားတူ WJ-600n နဲ့ Wing Loong I တို့လဲ ပါဝင်ပြသခဲ့ပါတယ်။

Wing Loong I အမျိုးစား မောင်းသူမဲ့လေယာဉ်
အမေရိကန်တို့ရဲ့ Predator အမျိုးအစား တိုက်ခိုက်ရေးမောင်းသူမဲ့များလို အသုံးဝင်ပြီး Predator A အမျိုးအစားနဲ့ တန်းတူ စွမ်းဆောင်နိုင်တယ်လို့ဆိုပါတယ်။ တောင်ပံအောက် ၂နေရာမှာ လက်နှက်သယ်ဆောင် စောင့်ကြည့်တိုက်ခိုက်နိုင်ပြီး ရေဒီယိုနဲ့ရော ဂျိုလ်တုစနစ်နဲ့ပါ ထိမ်းချုပ်ပြီး တာဝေးတာဝန် ထမ်းဆောင်နိုင်ပါတယ်။ တစ်နာရီကို ကီလိုမီတာ ၃၀၀ရာနှုန်းနဲ့ အမြင့်ဆုံးပေ၂သောင်းကျော်ထိတက်နိုင်ပြီး ၀ရက်နဲ့ ၀ညတိတိ မနားတမ်းပျံသန်းနိုင်ပါတယ်။ AR-1 အမျိုးအစား တာတိုပစ် ဝေဟင်-မြေပြင်ပစ် ဒုံးကျည် ဒါမှမဟုတ် FT-5 လေဆာလမ်းညွန် ဗုံးတွေသယ်ဆောင် တိုက်ပွဲဝင်နိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ တိုက်ပွဲဝင်နိုင်တဲ့ နယ်ဝန်းဟာ ရေဒီထိမ်းချုပ်မှုသာမက ဂျိုလ်တုစနစ်ပါ ပါဝင်တဲ့အတွက် ခန့်မှန်းရခက်ပါတယ်။ ပြပွဲပြီးပြီးချင်းမှာပဲ တူရကီနဲ့ ပါကစ္စတန်နိုင်ငံတွေက အထူးစိတ်ဝင်စားခဲ့ပြီး ၂၀၁၃ဘေဂျင်းပြပွဲမှာတော့ အခြား CH အမျိုးအစား အချို့နဲ့အတူ စနစ်လိုက် ဝယ်ယူခဲ့ပါတယ်။ အခြား စိတ်ဝင်စားကြတဲ့ နိုင်ငံအချို့ရှိပေမယ့် တူရကီတစ်ခုတည်းကသာ တရားဝင်ဝယ်ယူမှုကို အတည်ပြုနိုင်တာဖြစ်ပါတယ်။

ပြပွဲမှာ CH4 နဲ့ အတန်းစားတူများဖြစ်တဲ့ WJ-600n နဲ့ Wing Loong I တို့ဟာ နာမည်ကျော်ခဲ့ပြီး၊ နာမည်မကြီးပဲ ရောင်းထွက်သွားတာကတော့ CH-3 အမျိုးအစား အလတ်စား ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်တွေ ဖြစ်ပါတယ်။ ဒီအမျိုးအစားတွေလို ၂၀၁၂ခုနှစ် အလားတူ ပြပွဲမှာ ပြသခဲ့တာဖြစ်ပြီးတူရကီ၊ ပါကစ္စတန်နဲ့
အာဖရိက နိုင်ငံအချို့က ဝယ်ယူခဲ့ပါတယ်။ ထိမ်းချုပ်ရေးယာဉ်တစ်စင်းကနေ ရေဒီယိုစနစ်နဲ့ ထိမ်းချုပ်ပြီး ပြေးလမ်းကနေသော်လည်းကောင်း ပစ်စဉ်ကနေ ဒုံးပျံစနစ်နဲ့သော်လည်းကောင်း ပစ်လွှတ်ပျံသန်းနိုင်ပါတယ်။ ထိမ်းချုပ်ရေးယာဉ်ကနေ ကီလိုမီတာ ၂၂၀အထိ ထိမ်းချုပ်မောင်းနှင်နိုင်ပြီး ကြားခံထိမ်းချုပ်ရေးစနစ် ဒါမှမဟုတ် ဂျိုလ်တုစနစ်ရှိရင်တော့ ကီလိုမီတာ ၀ထောင် ဝန်းကျင်အကျယ်အဝန်းအထိ ထိမ်းချုပ်မောင်းနှင်နိုင်ပါတယ်။ တစ်နာရီကီလိုမီတာ ၄၀၀လောက် ပျံသန်းနိုင်ပြီး အမြင့်ပေ ၁သောင်းခွဲအောက်သာ ပျံသန်းနိုင်ပါတယ်။ ၁၈နာရီကနေ နာရီ၂၀ထိ တောက်လျောက်မောင်းနှင်ပျံသန်း စောင့်ကြည့်နိုင်ပါတယ်။ ပင်လယ်ပြင်စောင့်ကြည့်ရေးနဲ့ နယ်စပ်စောင့်ကြည့်ရေးတွေမှာ အများဆုံးအသုံးပြုဖို့လို့ ရည်ရွယ်ထုတ်လုပ်ပါတယ်။ အနီအောက်ရောင်ခြည်သုံးကင်မရာ၊ ကောင်းကင်ဓါတ်ပုံရိုက်ကူးရေး ကင်မရာသာမက၊ ရေဒါစနစ်ကိုပါ တပ်ဆင်အသုံးပြုထားပါတယ်။ ထိမ်းချုပ်ရေးယာဉ်+ ပစ်လွှတ်စဉ်ယာဉ်၊ ဒါမှမဟုတ် ပြေးလမ်းကနေတက်မယ်ဆိုရင် ထိမ်းချုပ်ရေးယာဉ် တစ်စင်းထဲကနေ မောင်းနှင်နိုင်ပါတယ်။

CH 3 အမျိုးစား မောင်းသူမဲ့လေယာဉ်
၂၀၁၂ပြပွဲမှာတော့ CH3A အမျိုးအစားကို ပြသခဲ့ပြီး တောင်ပံအောက် ၀နေရာကနေ လက်နှက်သယ်ဆောင် တိုက်ပွဲဝင်နိုင်ပါတယ်။ ရေဒါတပ်ဆင်ထားနိုင်မှုကြောင့် ခုလိုအဆင့်မြင့်တင်ခဲ့တာ ဖြစ်ပြီး AR1 တာတိုမြေပြင်ပစ်ဒုံး ဒါမှမဟုတ် FT-5 အမျိုးအစား ဗုံးတွေ သယ်ဆောင် တိုက်ပွဲဝင်နိုင်မှာဖြစ်ပါတယ်။ လက်နှက်သယ်ဆောင် တိုက်ပွဲဝင်ချိန်မှာတော့ ပျံသန်းချိန် ၆နာရီကနေ ၁၀နာရီအတွင်းသာ ပျံသန်းနိုင်မှာပါ။ S-brand ရေဒီယိုစနစ်နဲ့ ထိမ်းချုပ်ထားမယ့် မူလ ထိမ်းချုပ်ရေးယာဉ်ကနေ အကွာအဝေး ၂၀၀ကီလိုမီတာအထိ ထိမ်းချုပ်တိုက်ပွဲဝင်နိုင်မှာဖြစ်ပါတယ်။ AR-1 ဒုံးကျည်နဲ့ အမြင့်ပေမီတာ ၅၀၀ကနေ ၅၀၀၀၊ အကွာကအဝေး ၀-၆ကီလိုမီတာအကွာကနေ ပစ်မှတ်(ရွေ့လျား တည်ငြိမ်) ကို ၁၅မီတာအတွင်းထိအောင် ပစ်ခတ်နိုင်မှာဖြစ်ပြီး၊
FT-5 ဗုံးနဲ့ဆိုရင်တော့ အမြင့်ပေ ၅ထောင်ကျော်ကနေ အကွာအဝေး ၂-၅ကီလိုမီတာအကွာက ပစ်မှတ်ကို ၁၅မီတာအတွင်းထိအောင် ပစ်ခတ်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

AR1 တာတိုမြေပြင်ပစ်ဒုံး
FT-5 အမျိုးအစား ဗုံး
ဒါပေမယ့် တူရကီကတော့ CH3A တွေအစား CH4 တွေကိုသာ ဝယ်ယူခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံကတော့ CH3A အမျိုးအစားတွေကို ဝယ်ယူခဲ့ပါတယ်။ ၂၀၁၃ ဘေဂျင်းပြပွဲမှာတော့ CH3A အမျိုးအစားတွေကို အခြားနိုင်ငံတော်တော်များများကပါ စိတ်ဝင်တစားရှိခဲ့ပြီး ဝယ်ယူမှု အသေးစိတ်ကိုတော့ မသိရပါဘူး။ ပါကစ္စတန်နိုင်ငံကတော့ CH3A အမျိုးအစားတွေကို လိုင်စင်နဲ့စက်ရုံလိုက် ဝယ်ယူပြီး ပြည်တွင်းမှာ Shahpar ဆိုတဲ့နာမည်နဲ့ တပ်ဆင်ထုတ်လုပ်နေပါပြီ။ ၂၀၁၃မှာတော့ CH3A တွေကို ရေဒါနဲ့ လမ်းညွန်စနစ်တွေမှာ အဆင့်မြင့်တင်ပေးခဲ့တာကြောင့် AR-1 ဒုံးကျည်ကို ၈-၁၀ ကီလိုမီတာအကွာကနေ ပစ်ခတ်နိုင်လာပါတယ်။ ကြားခံ ထိမ်းချုပ်ယာဉ် ၂ဆင့်ထိ ထိမ်းချုပ်လာနိုင်တာကြောင့် စစ်ဆင်နိုင်မှု နယ်ဝန်း ပိုမိုကျယ်ပျံ့လာခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ CH3A တွေကို စက်ရုံလိုက်ဝယ်ယူခဲ့ပေမယ့် AR1 ဒုံးကျည်တွေကိုတော့ ဝယ်ယူတာ မတွေ့ရဘူးလို့ လေ့လာသူတွေက ဆိုကြပါတယ်။ အခြားနိုင်ငံများက ၂၀၁၃ခုနှစ်မှာ CH4 တွေနဲ့ AR1 တွေ ဝယ်ယူခဲ့ကြပါတယ်။ နိုင်ငံတစ်ခုကလဲ CH3A စနစ် ၁၀ခုထက်မနည်းနဲ့ AR1 ဒုံးကျည်တွေ ဝယ်ယူခဲ့တယ်လို့ သိရပြီး ၂၀၁၂ပြပွဲတုန်းကတည်းက CH3 အမျိုးအစား အနည်းငယ်ကို ဝယ်ယူခဲ့တဲ့နိုင်ငံလို့ ဆိုပါတယ်။ CH3 ဟာ နိုင်ငံငယ်အချို့က မျက်စိကျတဲ့ တိုက်ခိုက်ရေး တာလတ်သုံး မောင်းသူမဲ့လေယာဉ်ဖြစ်ပြီး စမ်းသပ်ဝယ်ယူမှုတွေ ရှိပေမယ့် စက်ရုံလိုက်ဝယ်ယူထားမှုကတော့ ယခုအချိန်အထိ ပါကစ္စတန်တစ်နိုင်ငံတည်းလို့သာ တရားဝင်သိရှိရပါတယ်။
CH 2 အမျိုးစား မောင်းသူမဲ့လေယာဉ်

CH2 နဲ့ CH1 အမျိုးအစားတွေဟာ ပစ်စင်နဲ့ပစ်တင်ရတဲ့ ယန္တရားတပ်သုံး ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်တွေဖြစ်ပြီး CH2 အမျိုးအစာတွေကို ပါကစ္စတန်ကပဲ ဝယ်ယူခဲ့ပါတယ် ၂၀၁၂ ပြပွဲမှာတော့ CH800 နဲ့ CH900 လို အသေးစား တွေသာ ပါဝင်ခဲ့ပြီး CH1နဲ့ CH2 တွေကို ပါဝင်ပြသခဲ့ခြင်းမရှိတော့ပါဘူး။ တရုတ်ပြည်သူ့တပ်မတော်မှာတော့ ယခုထပ်ထိသုံးစွဲနေဆဲဖြစ်ပါတယ်။ CH1 မောင်းသူမဲ့လေယာဉ်ဟာ အမြင့်ပေ ၁သောင်းအောက် တစ်နာရီကီလိုမီတာ ၁၅၀နှုန်းနဲ့ ပျံသန်းနိုင်ပြီး ထိမ်းချုပ်ယာဉ်နဲ့ ကီလိုမီတာ၁၀၀ထိ ထိမ်းချုပ်မောင်းနှင်နိုင်ပါတယ်။ ၄နာရီဆက်တိုက် မောင်းနှင်နိုင်ပြီး ထောက်လှမ်းရေးသုံး အနီအောက်ရောင်ခြည် ကင်မရာနဲ့ GPS စနစ်တွေ တပ်ဆင်ထားပါတယ်။ ပစ်လွှတ်စင်နဲ့ ပစ်တင်ရပြီး လေထီးဖွင့်ကာ ဖြုတ်ချရတဲ့ အမျိုးအစားဖြစ်ပါတယ်။

CH-2 ကတော့ ပစ်လွှတ်တာနဲ့ ဆင်းသက်တာမှာ CH1 နဲ့ ဆင်တူဖြစ်ပြီး လမ်းညွှန်စနစ်နဲ့ ကင်မရာစနစ်တွေ အဆင့်မြင့်တင်ထားပါတယ်။ ထိမ်းချုပ်ယာဉ်နဲ့ ကီလိုမီတာ ၂၀၀ အကွာထိ ထိမ်းချုပ်မောင်းနှင်နိုင်ပြီး ဆက်တိုက် ၁၀နာရီပျံသန်းနိုင်ပါတယ်။ တစ်နာရီ ကီလိုမီတာ ၁၈၀ထိမောင်းနှင်နိုင်ပြီး အမြင့်ပေ ၁သောင်းအောက်သာ ပျံသန်းနိုင်ပါတယ်။

အဆိုပါ ၂၀၁၃ လက်နှက်ပြပွဲမှာ အခြားသော စိတ်ဝင်စားဖွယ်လက်နှက်မျိုးစုံသာမက ပင်လယ်ပြင်ကာကွယ်ရေး စနစ်သစ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်ငယ်များနဲ့ တိကျပစ် ဒုံးကျည်များ၊ တရုတ်နိုင်ငံရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်သစ်များကိုလဲ ပြသခဲ့ပါတယ်။ အပေါ့စား သယ်ယူပို့ဆောင်ရေးနဲ့ ကင်းထောက်လေယာဉ် အမျိုးအစား Y12 များနဲ့ ပင်လယ်ပြင်ကာကွယ်ရေး ရေဒါစနစ်များ၊ C602 ကမ်းခြေစောင့်နဲ့ သင်္ဘောတင် ဒုံးပျံများ၊ လေဆာလမ်းညွှန်စနစ်များ၊ လေကြောင်းရေဒါစနစ်များကိုလဲ ပြသခဲ့တာဖြစ်ပါတယ်။ မှိုလိုပေါက်အောင် ထုတ်လုပ်တဲ့ မောင်းသူမဲ့ အမျိုးအစားတွေထဲမှာ Rainbow စီးရီး CH အမျိုးအစား မောင်းသူမဲ့လေယာဉ်များကတော့ ၂၀၀၈၊၂၀၁၂၊၂၀၁၃ ပြပွဲတိုင်းမှာ နာမည်ကျော်သလောက် ရောင်းကောင်းခဲ့တဲ့ အမျိုးအစားတွေ ဖြစ်တယ်လို့ ဆိုပါရစေ။ကျန်းမာ၊ချမ်းသာကြပါစေခင်ဗျာ…။

Y12F အပေါ့စား သယ်ယူပို့ဆောင်ရေးနဲ့ ကင်းထောက်လေယာဉ်

C-602 တာလတ်ပစ် သင်္ဘောဖျက်ဒုံး
C-802A တာလတ်ပစ် သင်္ဘောဖျက်ဒုံး

CM-802AKG တာလတ်ပစ် ဝေဟင်မှမြေပြင်ပစ်ဒုံး
ပင်လယ်ပြင် ကာကွယ်ရေးဆိုင်ရာ တပ်ဖြန့်ထားနိုင်မှု

http://mmmilitary.blogspot.com/2013/10/rainbow.html?spref=fb

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s