Another bomb blast had taken a life, this time in the northern Shan state town of Namhkam
Three small bombs exploded in a Shan State town on Wednesday and yesterday, killing one person and wounding six others, regional police said.
One bomb went off in the traffic island on Union Road in Mokham ward, Namkham town, at 8:50 p.m. on Wednesday but no casualties were reported.
At 7:15 a.m. yesterday, another bomb exploded about 100 yards east of the scene where the first blast occurred, killing an employee of the government’s Development Affairs Department and injuring three passers-by.
Twenty minutes later, a third bomb blast occurred about 50 yards from the scene, wounding three people including a young woman, said Lieutenant Police Major Kyaw Naing from the Shan State Police Force.
He added that the six people wounded by the last two bombs were sent to Namkham Hospital and were not in serious condition.
“We are taking steps to expose and arrest the bombers as quickly as possible,” said Kyaw Naing.
ယနေ့ နံနက် ၀၇၀၀ နာရီတွငိ နမ်းခမ်းမြို့ မြို့လယ်ဘုရားရှေ့ ကားလမ်းအလယ်ရှိ ၊ ပန်းခုံတန်းတွင် စည်ပင်သာယာမှ ၀န်ထမ်း ဦးဝင်ကိုမှ အမှိုက်များ လိုက်လံ သိမ်းဆည်းစဉ်…ပန်းခုံပေါ်မှာ အထုတ်အား ယူကြည့်စဉ် ဗုံးပေါက်ကွဲခဲ့ပြီး…နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟုသိရှိရပါသည်။…
အနီးအနားတွင်ရှိသော ကိုအိုက်မောင်လင်း နှင့် ကိုအားဥာဏ်တို့ ၂ ဦး မှာ ဗုံးစများထိမှန်ခဲ့ပြီး ဒဏ်ရာရရှိ( မဆိုးရိမ်ရ) ခဲ့သည်ဟုသိရှိရပါသည်။
ထိုပေါက်ကွဲခဲ့သည့်နေရာနှင့် ၂၅ ကိုက်အကွာ မလှမ်းမကမ်းတွင် ၀၇၃၀ နာရီတွင် နောက်ထပ် ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့ပြီး…အနီးအနားတွင်ဖြတ်သန်းသွားလာနေသော သုံးဘီးဆိုင်ကယ်အား…ဗုံးစများထိမှန်ခဲ့ပြီး၊ လူနှစ်ဦးထိခိုက်ဒဏ်ရာ (မဆိုးရိမ်းရ) ရရှိခဲ့သည်ဟု သိရှိရပါသည်………………………………….Our Shan State
3 hours ago
သျှမ်း/မြောက် နမ့်ခမ်းမြို့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ
Thursday, 17 October 2013 11:32 သျှမ်းသံတော်ဆင့် (ဟွမ်ဟွမ်)
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မြို့လယ်ဘုရားကျောင်းအနီးတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲရာလူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။“မနေ့ ည ၁၀း၅၀ လောက်မှာ တစ်လုံးပေါက်တယ်၊ ဒီမနက် ၇း၀၀ နာရီ နဲ့ ၇း၃၀ မှာ တစ်ကြိမ်စီပေါက်ကွဲ တယ်၊ ဒီမနက် ပထမတလုံး ပေါက်တဲ့ဗုံးက အမှိုက်ရှင်းတဲ့စည်ပင်ဝန်ထမ်းတစ်ဦး ၀မ်းဗိုက်ပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးတယ်၊ ဒုတိယပေါက်တဲ့ဗုံး ကတော့ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးရယ် ပေါက်တဲန့်မ ရပ်ကွက်က တရုတ် အဖိုးကြီးတစ်ဦးရယ် ထိခိုက်ဒဏ်ရာရသွားတယ် ” ဟု အခင်းဖြစ်ပွားမှု တွင် မြင်တွေ့ရသူ စိုင်းအိုက်လှ ကပြောသည်။ဗုံးပေါက်မှုကြောင့်ထိခိုက်ဒဏ်ရာရသွားသည့် အသက် ၁၅ နှစ်အရွယ် ကလေးမှာ ပေါက်တိုက်ရပ်ကွက်နေ ပါ့နန်းနွမ်း၏သား စိုင်းအိုက်ဖွန် ဖြစ်ပြီး ၀မ်းဗိုက်နှင့်မေးတို့တွင် ဒဏ်ရာရရှိသွားကြောင်း ယခုသတင်းရေး နေချိန် (မနက် ၉း၃၀ ) အချိန်တွင် နမ့်ခမ်းပြည့်သူ့ဆေးရုံ မှ မူစယ်ပြည့်သူ့ဆေးရုံသို့ အရေးပေါ် ပို့ဆောင် ခွဲစိတ်ကုသနေပြီဖြစ်ကြောင်း သိရသည်။ ပေါက်တဲန်မ ရပ်ကွက်နေ မိုင်းဝီး ရွာသား တရုတ် လူမျိုး အသက် (၅၀)ကျော် အမျိုးသားမှာမူ ဘယ်လက်မောင်း ဒဏ်ရာရရှိကြောင်း ၄င်းက ဆိုပါသည်။“ကျမတို့မြို့ က ဘယ်လိုမှ လုံခြုံမှုမရှိတော့ဘူး။ တစ်ည နဲ့တစ်ရက်တောင် ဗုံးသုံးလုံးပေါက်ကွဲတယ်။ ပေါက်တဲ့နေရာကလဲတနေရာနဲ့တနေရာ သိပ်မဝေးဘူး။ ကျမတို့ ကလေးကို ကျောင်းမလွှတ်ရဲတော့ဘူး။ ဘယ်သူ့ လက်ချက်ပဲဖြစ်ဖြစ် ဒါအင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်ဘဲ၊ ကျမတို့ပြည်သူတွေက ဘာအပြစ်ရှိလဲ။ ဘာဖြစ်လို့ မြို့လယ်ခေါင် မှာ လာဖောက်ခွဲရတာလဲ ။ ဘယ်လိုဦးနှောက်နဲ့အလုပ်လုပ် နေတာလဲ ”ဟု နမ့်ခမ်းမြို့နေပါ့နန်းအောင်အေး က ၄င်း၏ခံစားချက်အား ဖွင့်ဟပြောဆိုသည်။ဗုံးသုံးလုံး စလုံးသည် မြို့လယ်ဘုရားကျောင်း အနီး ပြည်ထောင်စု လမ်းမ ပေါ်တွင် ပေါက်ကွဲခဲ့ပြီး ကိုက် ၂၀၀ အတွင်း တွင်သာ ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။ယခုသတင်းရေးနေချိန်တွင် နမ့်ခမ်းမြို့အတွင်းနေရာအနှံ့အပြား ဗုံးရှင်းလင်းရေးဟုဆိုကာ မြန်မာစစ်သားများလှုပ်ရှားနေကြောင်း၊ လမ်းကြိုလမ်းကြား အမှိုက်ပုံများတွင်ပါမကျန် စစ်ဆေးကြည့်ရှုနေကြောင်း စိုင်းအိုက်လှ က သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။ဗုံးမပေါက်ကွဲမီ ယမန်နေ့ ညကလည်း အစိုးရ၏စစ်တပ်များသည် မြို့လယ်ဘုရားကျောင်းတွင် လာရောက်တည်းခို ကြကြောင်း ဒေသခံများကပြောပါသည်။…