ဗုံးခွဲတရားခံများဟု ယူဆရသူများ ရန်ကုန်မြို့၌ ဗုံးခွဲသူဟု သံသယ ရှိသူများ ဖမ်းမိပြီ ။

ဗုံးခွဲတရားခံများဟု ယူဆရသူများ
=================
ရန်ကုန်မြို့၌ ဗုံးခွဲသူဟု သံသယ ရှိသူများ ဖမ်းမိပြီ ။
———————————————————
နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ပျက်ပြား စေရန် ရည်ရွယ်ပြီး ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး အချို့တွင် မသမာသူများက ဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့်
ပြည်သူများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့် ကြမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတည်ငြိမ်
အေးချမ်းမှုကို ထိခိုက် ပျက်ပြားစေရန် ဦးတည် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိ ရသည်။

အောက်တိုဘာ ၁၃ ရက် နံနက် ဝဝ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း အဝေးပြေး ကားဝင်းရှေ့ ကားမှတ်တိုင်ရှိ ခရီးသည် နားနေဆောင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ မြို့နယ် အခွန်လွတ် ဈေးခြံစည်းရိုး အနီး ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်၊
အောက်တိုဘာ ၁၄ ရက် နံနက် ၁ဝ နာရီခန့်တွင် အလုံမြို့နယ် ကမ်းနားလမ်းရှိ Western Park II စားသောက်ဆိုင် စားပွဲခုံ အောက်၌ ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် ည ၁၁ နာရီ မိနစ် ၂ဝ ခန့်တွင်
ကျောက်တံတား မြို့နယ် ကုန်သည်ကြီးများ ဟိုတယ် အခန်းအမှတ် ၉၂၁ ၌ ပေါက်ကွဲမှု ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ပြီး နိုင်ငံသား နှစ်ဦးနှင့် နိုင်ငံခြားသူ တစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့ပြီး ယင်းဖြစ်စဉ်များတွင် သံသယရှိသူ စောမြင့်လွင် (ခ)မောထ ဆိုသူအား ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့်
ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာ ၉ ရက်က ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာ လာသည့် ဇေယျာဟိန်းယာဉ် လိုင်းပေါ်၌ တွေ့ရှိရသော ကြွပ်ကြွပ်အိပ်နှင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ ချမ်းမြေ့တည်း ခိုခန်း အပေါ်ထပ် အခန်းအမှတ် ၆ တွင် ပေါက်ကွဲမှု ဖြစ်စဉ်တို့
ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များတွင် အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ရာ အဆိုပါ ဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်း ဆိုသူဖြစ်ကြောင်း ဖော်ထုတ်ရရှိပြီး ၄င်းအား ဖမ်းဆီးရမိရေး အတွက် ပြည်သူလူထု
နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

အလားတူ အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ၁၆ လမ်းနှင့် လမ်း ၈ဝ ထောင့် စားသောက်ဆိုင် တစ်ဆိုင်တွင် မိုင်းတွေ့သည့်
ဖြစ်စဉ်နှင့် ယနေ့ နံနက် ၃ နာရီခွဲ ခန့်တွင် စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက် ရွှေပြည့်စုံ တည်းခိုခန်း အပေါ်ဆုံး တတိယထပ် စားသောက်ခန်း ပေါက်ကွဲမှုနှင့် နံနက် ၅ နာရီ ၄၅ မိနစ် ခန့်တွင် စစ်ကိုင်းမြို့ ဆွမ်းဦး ပုညရှင်စေတီ ယာဉ်ရပ်နားနေရာ ပေါက်ကွဲမှု
ဖြစ်စဉ်တို့ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး တရားခံများ ဖော်ထုတ် ဖမ်းဆီး
ရမိရေး အတွက် တရားဥပဒေ စိုးမိုးရေး အဖွဲ့များက ပြည်သူ လူထုနှင့် ပူးပေါင်း
ဖော်ထုတ် ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ဖြစ်စဉ်များတွင် ပြည်သူလူထု၏ အားတက်သရော ဝိုင်းဝန်း ကူညီမှုဖြင့်
ဖော်ထုတ် ရရှိသူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်
သွားမည် ဖြစ်ကြောင်းနှင့် တရားခံ ပေါ်ပေါက်ခြင်း မရှိသေးသည့် ဖြစ်စဉ်များကိုလည်း
ပြည်သူလူထု၏ ပူးပေါင်း ကူညီမှု များဖြင့် စစ်ဆေးဖော်ထုတ် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

(မြ၀တီ)

 

 

1380731_267337110057664_1189857178_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s