ALL LINKS YANGON POLCE CLICK https://democracyforburma.wordpress.com/?s=YANGON+POLICE
14-10-2013
ကျော်မြတ်ဇံ
ရန်ကုန်၊ အောက်တိုဘာ ၁၃ ။ ။ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်မြို့တော်၏ လုံခြုံရေးကို နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ် သတ်မှတ်ပြီး လုံခြုံရေးကိုအဆင့် နှစ်ဆင့်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ထုတ်ဖော်ပြောသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအပါအဝင်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူတို့တွင် ယခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ညောင်လေးပင်၊ ဖြူးမြို့နယ်တို့တွင် လက်လုပ်မိုင်း၊ ဗုံးများ ဆက်တိုက်နီးပါးတွေ့ရှိနေသဖြင့် ရန်ကုန်ကို ယင်းကဲ့သို့ လုံခြုံရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ပထမဆင့်အနေဖြင့် မြင်သာမှုရှိသော လှည့်ကင်း၊ ရဲကင်းများဖြင့် ဆောင်ရွက်နေပြီး နောက်တစ်ဆင့်အနေဖြင့် လျှို့ဝှက်ကာစုံစမ်း ထောက်လှမ်းခြင်းများဖြင့် လုံခြုံရေးကို အရေးပေါ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
”ဗုံးကွဲတာနဲ့ပတ်သက်ပြီး မသင်္ကာသူတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲပါ။ လောလောဆယ်တော့ ဘာမှပြောလို့ မရသေးပါဘူး။ လုံခြုံရေးကို နိုင်ငံတော်အဆင့်အနေနဲ့ အရေးတကြီးထားပြီး ဆောင်ရွက်နေပါ တယ်။ လုံခြုံရေးလုပ်ငန်းတွေကိုလဲ အဆင့်နှစ်ဆင့်နဲ့ ဆောင်ရွက်နေပါတယ်” ဟုပြောသည်။
Credit: ပုဂံအွန်လိုင်းမီဒီယာ
အလုံမြို့နယ်တွင် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ
ရန်ကုန်၊ အောက်တိုဘာ ၁၄
၁၄.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် အလုံမြို့နယ် ၊ စောရန်ပိုင်
အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်မှ စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ်
အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါအထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင်အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ပါသည်။
ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အားရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။
———
_Yangon Police
about an hour ago
လုပ်သားပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း
ရန်ကုန်၊ အောက်တိုဘာ ၁၄
လုပ်သားပြည်သူများအနေဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကာလနီးလာ၍့
ဗျောက်အိုးများဖေါက်ခြင်း၊ မီးရှုးမီးပန်းပစ်ခြင်းများပြုလုပ်လျက်ရှိနေပါသည်။
လတ်တလောရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းလက်လုပ်ချိန်ကိုက်မိုင်း
ပေါက်ကွဲခြင်း၊ လက်လုပ်မိုင်းများတွေ့ရှိသည့် ဖြစ်စဉ်များလည်းရှိပြီး
ပေါက်ကွဲမှုများ ထင်ယောင်ထင်မှားဖြစ်နိုင်သဖြင့် လုံခြုံရေးကိုရှေ့ရှုကာ
ဗျောက်အိုးဖေါက်ခြင်းများ မပြုလုပ်ကြပါရန်နှင့် တရားဥပဒေစိုးမိုးရေး
အတွက် လုပ်သားပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန် အသိပေးနှိုးဆော်မေတ္တာရပ်ခံအပ်ပါသည်။__________________________________ရာဇာဓိ ရာဇာ
တောင်ငူ၊ ဖြူး၊ စော်ဘွားကြီးကုန်း၊ သာကေတ …
ဒီနေ့ မန်းလေး လမ်း၈၀x၁၉လမ်း (ရွှေဘဲ?)၊ သခင်မြပန်းခြံ။
မေမြို့မှာ ကွဲတဲ့ ဗုံး အခုထိ လက်သည် မပေါ်သေးဘူး။ ဆရာတော် ဦးဝီရသူ တရားပွဲမှာ ပေါက်တဲ့ ဗုံး သတင်းကလည်း ထူးမခြားနားပဲ။
တောင်ငူမှာ ပေါက်တဲ့ဗုံးက တည်းခိုခန်းထဲမှာ ပေါက်တာ။ လူအဝင် အထွက် စစ်တာနဲ့ အဖြေက အတော်နီးစပ်နေပြီ။ စော်ဘွားကြီးကုန်းမှာ မကွဲတဲ့ ဗုံးကို စစ်လိုက်ရင် ယမ်းပျော့ ယမ်းမာ ဘာပစ္စည်းတွေ သုံးထားတယ်ဆိုတာနဲ့ လက်ရာကိုကြည့်ပြီး ဗုံးလုပ်သူရဲ့ အတွေ့အကြုံနဲ့ နောက်ကြောင်းကို အကြမ်းဖျင်းတော့ သိနိုင်မယ်။ သာကေတမှာ ကွဲတဲ့ ဗုံးနဲ့လည်း တိုက်ဆိုင် စစ်ဆေးလို့ရတယ်။ အနည်းဆုံးတော့ တစ်ကိုယ်တော်လား အုပ်စုနဲ့လား ဆိုတာ လောက်တော့ ပြည်သူတွေကို ချပြသင့်တယ်။ အုပ်စုလိုက် လှုပ်ရှားနေပုံလည်းရတယ်။ အခုဟာက ခွေးအကြီး လှည်းနင်းထားသလို မခံချိ မခံသာ ဖီလင်ကြီး။