14.10.2013 ညနေ 4:00 နာရီ၊ ဓမ္မသဟာယကျောင်းမှာ လက်ခံတွေ့ဆုံ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လာရောက် မေးလျှောက်သူမှာ အမေရိကန် ပြည်ထောင်ကာလီဖိုးနီးယားပြည်နယ်- Access Prod မှ Director Mr.Dwin Mckiernan ဖြစ်သည်။
ရိုဟင်္ဂျာအရေးကို အဓိကမေးမြန်းသွားပြီး-ရိုဟင်္ဂျာအရေးမှာ အမေရိကန်နိုင်ငံမှ ကူညီသင့်သော နည်းလမ်းများကို မေးမြန်းလျှောက်ထားသွားသည်။
သမ္မတအိုဘားမားအနေဖြင့် မြန်မာပြည်ကြီး အမှန်တကယ် ငြိမ်းချမ်းစေလိုတယ်ဆိုရင် ရိုဟင်္ဂျာဝေါဟာရကို မသုံးစွဲဖို့၊ R.S.O များအနေဖြင့် မိမိတို့ လိုချင်သော အခွင့်အရေးများကို အစိုးရအပေါ်သာ တိုက်ရိုက် တောင်းဆိုလာအောင်၊ တိုင်းရင်းသားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများ မလုပ်မိအောင် မေတ္တာရပ်ခံပေးဖို့ လိုအပ်ကြောင်း-မိန့်ကြားခဲ့သည်။