“ဦးဝီရသူထံ သြစထရီးယားသတင်းဌာန လာရောက်အင်တာဗျူး”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
10.10.2013 ညနေ 4:00 နာရီတွင် ဓမ္မစေတိယကျောင်းဆောင်၌ လက်ခံတွေ့ဆုံသည်။
လာရောက်တွေ့ဆုံသူမှာ သြစထရီးယား (Austria) ORF ရုပ်/သံ သတင်းဌာနမှ Mr – Alexander w. Ravscher ဖြစ်သည်။
အမျိုးသားရေးနှင့်ပတ်သက်သည်များကိုသာ မေးမြန်းသွားကြောင်း သိရသည်။
မေး – တိုင်းမ်မဂ္ဂဇင်းကိစ္စမှာ ဘာသာပြန်သူ နားလည်မှုလွဲသွားတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ?
ဖြေ – ဘာသာပြန်သူက နားလည်မှုလွဲမှားတာမဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိနှင့် တမင်တိုက်ခိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ ဆန့်ကျင်ဘက်ကြီး ရေးသွားတာရယ်၊ ပြန်မပြင်ခြင်း၊ တာဝန်ခံခြင်း၊ တာဝန်ယူခြင်း မရှိ တာရယ်ကြောင့်ပါ။
ဥပမာ-
အကြမ်းမဖက်ဖို့ ပုံဖော်နေ – ကဗျာကို အကြမ်းဖက်ဖို့ တိုက်တွန်းတယ်လို့ ရေးသွားတာ –
ပါရမီကြောင့် ရဟန်းဝတ်တာပါလို့ ဖြေတာကို စားစရာမရှိလို့ ဝတ်တာပါလို့ ရေးသွားတာ –
မောင်တောမှ လူများစု ဘင်္ဂလီတွေက လူနည်းစု ရခိုင်တိုင်းရင်းသားတွေကို သတ်တာဖြစ်ပါလျက် – လူများစု တိုင်းရင်းသားတွေက လူနည်းစု မူဆလင်တွေကို သတ်နေတာပါလို့ ရေးသွားတာတွေကို ကြည့်ပြီး ခန့်မှန်းနိုင် ပါတယ်။
မေး – တိုင်းမ်မဂ္ဂဇင်းပိုင်ရှင်တွေက ဂျူးတွေများပါတယ်။ အာရပ်ကမ္ဘာက တိုင်းမ်မဂ္ဂဇင်းအပေါ် ဘယ်လိုလွှမ်းမိုး နိုင်ပါသလဲ?
ဖြေ – ဒေါ်လာပေါ့ဗျာ။ ဒေါ်လာပေးမယ်။ ငိုကြွေးမယ်။ (ငိုပြမယ်)၊ ဒါဆိုရင်လည်း ဖြစ်ပါတယ် ဆိုတဲ့သဘောပေါ့။
conflict and violence စာအုပ်၊ မောင်တောအကြမ်းဖက်မှု DVD နှင့် ဦးဝီရသူပုံကို လုပ်ကြံတင်ထားသော FB မှ ဓာတ်ပုံ CD တို့ကို လိုလိုလားလား တောင်းယူသွားကြောင်း သိရပါသည်။
ORF – ရုပ်/သံသည် ဂျာမဏီ – သြစထရီးယား – ဆွစ်ဇာလန် သုံးနိုင်ငံသို့ ဂျာမန်ဘာသာဖြင့် ထုတ်လွှင့်ပေး သည့် ဌာနဖြစ်ကြောင်း သိရသည်။
EMGLISH https://docs.google.com/file/d/0B5x_WQ8boBL7VXlfY1BjWVRaNms/edit