credit share arakan news
ရခိုင်အမျိုးသားပါတီ(ANP)ကိုမှတ်ပုံတင်တော့မည်၊
ရခိုင်နှစ်ပါတီခေါင်းဆောင်များက သံတွဲ၌ မတရားဖမ်းဆီးထားသည့် အပြစ်မဲ့ရခိုင်တို့အား ခြွင်းချက်မရှိချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆို။
===========
အောက်တိုဘာ ၅ရက်နေ့က ရန်ကုန်မြို့၊၇မိုင်ခွဲရှိ Café 47 ခန်းမတွင်ကျင်းပသော RNDP နှင့် ALD ခေါင်းဆောင်များ၏ပထမနေ့တွေ့ဆုံဆွေးနွေးပွဲမှ မကြာမီရက်အတွင်း ရခိုင်နှစ်ပါတီပေါင်းစည်းသည့် ရခိုင်အမျိုးသားပါတီ Arakan National Party (ANP)ကို လာမည့်ရက်ပိုင်းအတွင်း ကော်မရှင်၌ မှတ်ပုံတင်မည်ဟု ဆုံးဖြတ်ခဲ့သည်။
ပထမနေ့ဆွေးနွေးပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ဦးအေးသာအောင်(ALDဥက္ကဋ္ဌ)နှင့် ဒေါက်တာအေးမောင်(RNDPဥက္ကဋ္ဌ) တို့က “သံတွဲ၌ မတရားဖမ်းဆီးထားသည့် အပြစ်မဲ့ရခိုင်တို့ကို ခြွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးရန်” အစိုးရအား အလေးအနက် တောင်းဆိုခဲ့ကြသည်။
ပထမနေ့ဆွေးနွေးပွဲသို့ ပါတီတစ်ခုစီမှ CEC ၁၅ဦးစီ ပါဝင်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်စုစုပေါင်း ၃၀တို့ စုံညီစွာတက်ရောက်ခဲ့ကြသည်။၊ဒုတိယနေ့တွေ့ဆုံပွဲကိုလည်း မနက်ဖြန်(အောက်တိုဘာ၆ရက်) နေ့လည်၁နာရီတွင် တိုနေရာ၌ပင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး၊ ANPအတွက် ဖွဲ့စည်းပုံနှင့် အခြားလိုအပ်ချက်များကို ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်သည်။
Thein Hlaing