T.N.L.A update News
တအန်းတပ် ၂၅၆ နှင့် မြန်မာတပ် ခမရ ၅၀၆ ရင်ဆိုင်တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ ၂ ဦး ကျဆုံး
၃ ရက် အောက်တိုဘာလ ၂၀၁၃ ခုနှစ်
နမ့်ဆန်မြို့နယ် ဘန်လူမ် ရွာအနီး တောတန်းတွင် တအန်းတပ်မတော် တပ်ရင်း ၂၅၆ နှင့် မြန်မာ တပ်မတော် ခမရ ၅၀၆ စစ်ကြောင်းတို့ ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၀၅း၃၀ နာရီခန့်မှ ၀၆း၀၀ နာရီခန့်အထိ နာရီဝက်ကျော်ကြာ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ မြန်မာတပ်မှ အနဲဆုံး ၂ ဦးကျဆုံး။
တပ်ရင်း ၂၅၆ သည် မိမိတပ်ရင်းနယ်မြေ တောတောင်တွင် ပြောက်ကျားအခြေချ လှုပ်ရှားရင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူထုစည်းရုံးရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ အစိုးရတပ်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်။
တအန်းတပ်မတော် တပ်ရင်း ၂၅၆ တပ်ဖွဲ့ဝင်များမှာ ထိုဒေသတွင် မြန်မာစစ်ကြောင်းထိုးစစ်ဆင်လာမည်ကို ကြိုတင်သိရှိထားသဖြင့် ပြောက်ကျားစစ် နည်းဗျူဟာအရ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြသဖြင့် ထိခိုက်ဒါဏ်ရာရရှိသူမရှိဟု တပ်ရင်းမှူးမှ သတင်းပေးပို့ ။
တအန်းတပ်မတော် သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟောပြောပွဲများ ပြုလုပ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်ရာ စည်းကမ်းဥပဒေ ဆိုင်းပုဒ်ကို အုပ်ချုပ်ရေး၊ စည်းရုံးရေး တအန်းရွာတိုင်းနီးပါးတွင် စိုက်ထူခဲ့ ။
စက်တင်ဘာလကုန်မှစတင်၍ မြန်မာတပ်ဖွဲ့မှ ထိုဆိုင်းပုဒ်များလိုက်လံ ဖျက်သိမ်းသဖြင့် တိုက်ပွဲဖြစ် ။
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A