မိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး

မိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး
———————————————————————-
မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်းအချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော်ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် လူငယ် တစ်အုပ်သည် မော်တော်ဆိုင်ကယ်များဖြင့် မြိတ်မြို့အတွင်း နောက်လယ်ရပ်ကွက်မှ စတင်ကာ လမ်းသွားလမ်းလာများ၊ မော်တော်ဆိုင်ကယ်စီးနင်း သူများအား ၄င်းတို့တွင် အဆင်သင့် ပါလာသည့် ဓားများဖြင့် မော်တော် ဆိုင်ကယ် စီးနင်းပြီး လိုက်လံ ခုတ်နေကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရာ သက်ပိုင်ဦး အသက် (၁၇)နှစ်၊ ကျော်စိုးထွန်း အသက် (၁၉)နှစ်၊ အာကာစိုး အသက် (၁၇)နှစ်၊ အေဟင်ဇင်မိုး အသက် (၁၈)နှစ်၊ အောင်သူရပိုင် အသက် (၁၈)နှစ် ၊ အားမာန်ပြည့် အသက် (၁၇)နှစ်၊ ကျော်ရန် အသက် (၁၆)နှစ်၊ တို့အား ၄င်းတို့ ကိုင်ဆိုင်ထားသည့် ဓားများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီး နိုင်ခဲ့သည်။

အဆိုပါ ဓားဖြင့် လိုက်ခုတ်သည့် လူငယ်များအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကာ အမှုဖွင့် အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိသည်။ (via မြိတ်ပုလဲမြေhttp://myeiknews.blogspot.com/)

 1380244_697325300294887_1228068206_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s