U WIRA THU :Lu Gyi သို့ ဒုတိယပြန်ကြားလွှာ ဒိုင်းမွန်းရွှေကြည်။

Lu Gyi သို့ ဒုတိယပြန်ကြားလွှာ
ဒိုင်းမွန်းရွှေကြည်။
ဒိုင်းမွန်းရွှေကြည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခြင်းကို အဆွေတော်နားလည်မှုပေးခြင်းကို လေးစားစွာဖြင့် ကြိုဆိုပါသည်။ ဗြိတိသျှကိုလိုနီ၏ ပယောဂကြောင့် မြန်မာမြေတွင် နိုင်ငံသံခြားသားများစွာ ဝင်ရောက်ခဲ့ရခြင်း သမိုင်းဆိုးရှိခဲ့ပါသည်။ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆရားကြီး ဦးရာဇာတ် သံအမတ်ကြီး ဦးဖေခင်တို့သည် အနာဂါတ်မြန်မာနိုင်ငံတွင် မွေးဖွားလာမည့် အစ္စလာမ်ဘာသာဝင်များအတွက် ပဋိညာဉ်ရှိကြောင်း အထောက်အထားနှင့်တကွ မှတ်တမ်းရှိပြီး ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ရိုဟင်ဂျာအရေးကို ကျွမ်းကျင်သော သမိုင်းပညာရှင်များနှင့် နိုင်ငံတော်မှ ကြိုးစားဖြေရှင်းနေပါသည်။ အဆွေတော်၏ မေးခွန်းများကို ဖြေကြားပါမည်။ မြန်မာနိုင်ငံအပေါ် အမိမြေမှာ မွေးဖွားသောနိုင်ငံသားတိုင်း သစ္စာရှိရပါမည်။ မိန်းမတစ်ယောက်သည် ကုလားနှင့်ကလေးရမည်။ ဗမာနှင့်ကလေးရမည်၊ အင်္ဂလိပ်နှင့် ကလေးရမည်၊ တရုတ်နှင့်ကလေးရမည်။ ၄င်းမိခင်သည် ကိုးလလွယ် ဆယ်လဖွား၊ ရင်သွေးအားလုံးကို တန်းတူ ချစ်သည်ဟု ယုံကြည်ပါသည်။ သို့ပါ၍ အမိမြန်မာနိုင်ငံတော်တွင် မွေးဖွားသူတိုင်း၊ ဒါတို့ပြေ၊ ဒါတို့မြေ၊ ဒါတို့အမိနိုင်ငံတော် ချစ်မြတ်နိုးရပါမည်။ သစ္စာရှိရပါမည်ဟု ယုံကြည်ပါသည်။ ကျွန်တော်သည် လူမှန်းစသိကတည်းက မြန်မာပြည်သည် တို့ပြည်၊ မြန်မာစာသည် တို့စာ မြန်မာစကားသည် ဒို့စကား မြန်မာ့ရိုးရာယဉ်ကျေး မှုဓလေ့စရိုက်လက္ခဏာများနှင့် ယဉ်ပါးကြီးပြင်းခဲ့သူ အစ္စလာမ်ဘာသာဝင် ဖြစ်ပြီး၊ အမိမြန်မာနိုင်ငံတော်၏ အလံတော်ကို ရိုသေစွာ အလေးပြုလာသူ ဖြစ်ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား အချင်းချင်း စစ်ဖြစ်နေခဲ့သောကြောင့် ငြိမ်းချမ်းရေးနှင့် ကင်းကွာနေပါသည်။ ရခိုင်နှင့် ဘင်္ဂါလီပြဿနာ သာဓက ရှမ်း၊ ကချင်၊ မွန်၊ ကရင် ပြဿနာများအားလုံး နိုင်ငံတော်အတွင်း မွေးဖွားသူနိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပါ သည်။ ငြိမ်းချမ်းစွာ အတူလက်တွဲ ဖြေရှင်းအဖြေရှာခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။ သို့ပါ၍ အစိုးရ ပြည်သူ ရဟန်းသံဃာ မီဒီယာနှင့် ဘာသာပေါင်းစုံမှ ထေရ်ကြီးဝါကြီးများ စုပေါင်းဖြေရှင်းအဖြေရှာရန် ကြိုးစားသင့်ပါ သည်။ ကျွန်တော်၏ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန် ကွန်ယက်သည် ၄င်းလုပ်ငန်းစဉ်အတွက် ဆရာတော် ဦးဝီရသူနှင့် လက်တွဲ၍ အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ကြိုးပမ်းနေပါသည်။ အဆွေတော်မှ အကြံဥာဏ်များ ပါဝင်ပေးပါရန် လေးစားစွာ ပြန်ကြားအပ်ပါသည်။ အချို့ အကြောင်းအရာများသည် အငြင်းပွား မှု ကြာရှည်ခဲ့ခြင်းကြောင့် အမုန်းတရားများဖြစ်ခဲ့ရပါသည်။ သို့ဖြစ်ပါ၍ အမုန်းပင်များအစား ငြိမ်းချမ်းရေးသစ်ပင် စိုက်၍ ငြိမ်းချမ်းရေး အရိပ်ကို တမ်းတမိ၍ တက်နိုင်သည့်ဘက်မှ ကြိုးပမ်းနေပါသည်။ မှားယွင်းမှုများ အစဉ်မပြေမှုများ ရှိခဲ့ပါက အထောက်ပြဝေဖန်ပြီး လမ်းညွှန်မှုပေးပါရန် လေးစားစွာဖြင့် အဆွေတော်သို့ ပြန်ကြား အပ်ပါသည်။
ဆဲဆိုငြိမ်းခြောက်ခြင်း များစွာခံနေရသည့်ကြားမှပင် စိတ်ဖိစီးမှုများကို ရင်ဝယ်ပိုက်၍ အမိနိုင်ငံတော် ငြိမ်းချမ်း သာယာစေရန် ကြိုးပမ်းနေသည်ကို ပူးပေါင်းပါဝင်ကြဖို့လည်း နိုင်ငံချစ်သူတိုင်းကို အကြံကောင်း-ဥာဏ်ကောင်း ပေးရန်ဖိတ်ခေါ်အပ်ပါသည်။
ဒိုင်းမွန်းရွှေကြည်။
22.9.2013

521719_330481517095363_750372214_n1239985_330481547095360_1667001258_n954892_330481553762026_1347995983_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s