coral arakan news: ရခိုင်အသင်း(စင်္ကာပူ) သတင်းထုတ်ပြန်ချက် စာအမှတ်- ၀၀၁/၀၉/၁၃ နေ့စွဲ။ ။ ၂၀၊၀၉၊၂၀၁၃

ရခိုင်အသင်း(စင်္ကာပူ)သတင်းထုတ်ပြန်ချက် စာအမှတ်- ၀၀၁/၀၉/၁၃နေ့စွဲ။ ။ ၂၀၊၀၉၊၂၀၁၃

၂၀၁၃ ခု စက်တင်ဘာလ၂၂ ရက်နေ့တွင် Resorts World Sentosa ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် စင်္ကာပူနိုင်ငံရှိမြန်မာမိသားစုများ နှင့် လူထုတွေ့ဆုံပွဲတွင် တိုင်းရင်းသားရိုးရာအကဖြင့် ပါဝင်အားဖြည့်ပေးရန် မြန်မာကလပ်(စင်္ကာပူ) မှ ရခိုင်အသင်း(စင်္ကာပူ)အား ဖိတ်ကြားခဲ့ပါသည်။
သို့ဖြစ်ပါ၍ ရခိုင်အသင်း ဗဟိုကော်မတီမှ အသင်းအမှူ့ ဆောင်များ၊ နာယကများ၊ အကြံပေးပုဂ္ဂိုလ်များ နှင့် မိမိတို့ရိုးရာယဉ်ကျေးမှု ကိုထုတ်ဖေါ်ပြသရန်အတွက် ၂ ရက်တိုင်တိုင် ဆွေးနွေးတိုင်ပင်ခဲ့ ကြရာ အများစုသဘောတူညီမှုဖြင့် မြန်မာကလပ်မှ ကမ်းလှမ်းချက်အား လက်ခံခဲ့ကြသည်။
၎င်းအတွက် ရခိုင်ယဉ်ကျေးမှု အဖွဲ့မှ ရခိုင်တေးသံရှင် ၀င်းကိုခိုင်ရဲ့ ရခိုင့်ဘ၀တေးသံ သီချင်းကို ခေတ် ၄ ခေတ်
ကိုယ်စားပြု အ၀တ်အစားဖြင့် ရခိုင်အမျိုးသမီး ၄ ဦး နှင့်တကွ သီချင်းဖြင့်လိုက်ဖက်ရန် အမျိုးသား ၃ ဦးမှ စည်တော်နှင့် တွဲဖက်၍ သရုပ်ဆောင်ကပြရန် စီစဉ်ခဲ့ပါသည်။ ဤသို့စီစဉ်ရခြင်းမှာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို စင်္ကာပူရှိမြန်မာနိုင်ငံမှ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် တကွ ကြွရောက်လာကြသော တစ်ခြားဧည့်သည်တော်များအား ထုတ်ဖေါ်ပြသရန် သက်သက်သာရည်ရွယ်ပါကြောင်း မိဘပြည်သူများအား အသိပေးအပ်ပါသည်။
၎င်းကိစ္စနှင့်ပတ်သတ်၍ အသင်းသားတချို့ တွင် နားလည်မှုလွဲမှားမှုများရှိနေသဖြင့် အသင်းမှ မြို့ နယ်ပေါင်းစုံ အရေးပေါ် အစည်းအဝေးတရပ်ကို ၁၈၊၀၉၊၂၀၁၃ နေ့တွင် ခေါ်ယူပြီး ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတက်ရောက်လာကြသောမြို့ နယ် ၁၀ မြို့ နယ်အနက် ရိုးရာယာဉ်ကျေးမှူ့ ကို ထုတ်ဖေါ်ပြသရန် ကန့်ကွက်မဲ ၇ မဲ၊ ထောက်ခံမဲ ၃ မဲဖြင့် ဆုံးဖြတ်ခဲ့ကြပါသည်။
သို့ဖြစ်ပါ၍ ရခိုင်အသင်း(စင်္ကာပူ) အနေဖြင့် ၂၂၊၀၉၊၂၀၁၃ နေ့တွင် Resorts World Sentosa ၌ပြုလုပ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် စင်္ကာပူနိုင်ငံရှိမြန်မာမိသားစုများ တွေ့ဆုံပွဲတွင် ဆက်လက်ပါဝင်ကပြတော့မည်မဟုတ်ပါကြောင်း မိဘပြည်သူများသိရှိစေရန် ရိုသေလေးစားစွာဖြင့် အသိပေးအပ်ပါသည်။

ရခိုင်အသင်း(စင်္ကာပူ)
Arakanese Association (Singapore)
၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။

Email: aasg.infoshare@gmail.com

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s