“ဦးဝီရသူ – ရေဘေးဒုက္ခသည်များထံ သွားရောက်အားပေး”
*****************************************
15.9.2013 ညနေ၊ 4:00 ၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ကာ ထိုမှတစ်ဆင့် နွားဘေးမဲ့ဝင်းအတွင်း ပြောင်းရွှေ့နေထိုင်ကြသော ရေဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေး ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်တွင် ဧရာဝတီ မြစ်ရေလျှံမှုကြောင့် နံ့သာရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ တောင်ဥယျာဉ်ရပ်ကွက်၊ မြောက်ဥယျာဉ်ရပ်ကွက်၊ စုစုပေါင်း ရပ်ကွက် (၄)ခုမှ ပြည်သူများ ပြောင်းရွှေ့နေကြရကြောင်း၊ ဒုက္ခသည်စခန်း သုံးခုဖွင့်ထားရာ နွားဘေးမဲ့ဝင်းအတွင်းရှိ စခန်းတစ်ခုသာ သွားလာ၍ လွယ်ကူကြောင်း၊ ကျန်နှစ်ခုမှာ ရေပတ်လည်ဝိုင်းနေ၍ သွားလာ၍ မလွယ်ကူကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအား မစိုးရိမ်တိုက်ဟောင်း၊ နိရုတ္တိနယူပဒေသကျောင်း နာယက ဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသ အမှူးပြုသော ၉၆၉ – ဝံသာနုလူငယ်များက ဆန် (၂၈)အိတ်၊ ပဲ တစ်အိတ်၊ ဆီ တစ်ပုံး၊ ခေါက်ဆွဲ တစ်ဖာ၊ ဦးဝီရသူက ဆန် သုံးအိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။
စုစုပေါင်း အိမ်ခြေ နှစ်ရာကျော်၊ မိသားစု (၂၃ဝ)ကျော်၊ လူဦးရေ နှစ်ထောင်ကျော်ရှိရာ မိုးဆက်တိုက်ရွာမှုကြောင့် ဒုက္ခသည်များ ဆက်လက်တိုးပွားလာနိုင်သေးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ပြောပါသည်။
၉၆၉ – ဝံသာနုလူငယ်အဖွဲ့သည် ရေဘေးရှောင် ပြည်သူများအား ဆက်လက်လှူဒါန်းမည်ဖြစ်ရာ လှူဒါန်းလိုပါက အောက်ပါ ဖုန်းများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဦးဣန္ဒာစက္ကာဘိဝံသ – 09.33042734
ကိုပြည့် – 09-444019751- 09-444019751- 09-444019751- 09-444019751