စက်တင်ဘာလ ၁၁ ရက် ၂၀၁၃
KIA တပ်ဖွဲ့ဝင်မှတစ်ဦးပေးပို့သော ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်ဖြစ် ပါတယ် မြန်မာပြည်မြောက်ပိုင်းမှာ ၂၀၁၁ခုနှစ်၊ ဇွန်လလောက်ကစပြီး တပ်မတော်နဲ့ KIA အဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်။ ဒေသခံတွေ အနေနဲ့လည်း တပ်မတော်စစ်ကြောင်းတွေ ၀င်လာရင် နယ်မြေအခြေအနေတွေမေးလို့ ပြောရဆိုရတာရှိတယ်၊ တစ်ဖက်မှာလဲ KIA ကရွာသားအချို့ကို စစ်တပ်ရဲ့ သတင်း…ပေးလို့စွပ်စွဲပြီး သတ်ဖြတ်တာတွေရှိတယ်။
ဒီပုံကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်တွင်းက KIA တပ်ရင်း(၆)ရှိတဲ့ ကံဆီးကျေးရွာဘက်မှာ အပြစ်မဲ့ ရှမ်းလူမျိုး ရွာသား ၂ ဦးကိုစစ်တပ်ရဲ့ သတင်းပေး လို့ စွပ်စွဲပြီး လူသားချင်းကိုယ်ချင်းစာနာစိတ်ကင်းမဲ့စွာနဲ့ တိရစ္ဆာန်များလို ယခုနှစ်ဇွန်လက ရက်ရက် စက်စက် သတ်ဖြတ်နေတဲ့ပုံပဲဖြစ်ပါတယ်။
Branmon