U WIRA THU: “စဉ်းစားကြပါ”

1000970_324714904338691_1829714516_n1234839_324714817672033_272511242_n1239044_324714874338694_1568401276_n
သမ္မတကြီးရဲ့ လမ်းညွှန်ချက်ကို အခြေခံပြီး အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူနှင့် အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းရွှေကြည်တို့ တွေ့ဆုံပြီး ဒေသအာဏာပိုင်တွေရဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ အများပြည်သူများကို ကျီးလန့်စာ စားရသည့် ဝဋ်ငရဲများမှ ကင်းဝေးရေးဆောင်ရွက်မှုများကို အထောက်အကူပြုခဲ့ကြောင်း၊ ဆင်းရဲသားများ အခြေခံလူတန်းစားများ အကာကွယ်မဲ့ အစ္စလာမ်ဘာသာဝင်များ ကျေးဇူးတင်ကြောင်း ကြားသိရပြီး ဝမ်းမြောက်မိပါသည်။ ပြဿနာဖြစ်မှ စီးပွားဖြစ်သော NGOများ၊ အလုပ်လက်မဲ့ မျိုးချစ်အရောင်ဆောင်များ ၁၀၀% ရာခိုင်နှုံး အလှူခံရရှိသော အလှူငွေများကို ကိုယ်ကျိုးမျှဝေသုံးစွဲသူများသည် ပြဿနာများ ငြိမ်းအေးသွားလျှင် ဂွင်ပျောက်မည်စိုးရိမ်နေကြ ကြောင်းကိုလည်း ကြားသည်ရပါသည်။ အမိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းသာယာလျှင် နိုင်ငံသားတိုင်း ဝမ်းဝ ခါးလှမည်။ ရန်ဖြစ်နေပါက လူတစ်စုသာ ကျိကျိတက် ချမ်းသာပြီး အနာဂတ်တိုင်းပြည် ဒုက္ခရောက်မည်။ ဆင်းရဲမွဲတေသူများဖြစ်သွားပါက အမျိုးဘာသာ သာသနာအကျိုးပြုလုပ်ငန်းများ လုပ်ရန်မဖြစ်နိုင်တော့ပါ။ အတ္တအကျိုးစီးပွားလုပ်သူများသည် အမျိုးဘာသာ သာသနာကို အသုံးချနေသည်ကို ကမ္ဘာအဝှမ်း မြင်တွေ့နေရပြီးဖြစ်သော ခေတ်သစ်မြန်မာပြည်သူများ နိုးကြား ရန် အသိပေးအပ်ပါသည်။
“၉၆၉ဆရာတော် ဦးဝီရသူနှင့် အစ္စလာမ်ဘာသာဝင်ဒိုင်းမွန်းရွှေကြည်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှင်းတမ်း အချို့မှ ကောက်နှုတ်တင်ပြအပ်ပါသည်”
ကျွန်တော်စိုးရိမ်မိပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက မင်္ဂလာတောင်ညွန့်မှာ မြန်မာမူဆလင်တွေ (NLD) ကို မဲပုံပေးလိုက်ကြပါတယ်။ ကျွန်တော် အရမ်းသောကဖြစ်နေမိတယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီးတာနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်းမှာ ဂယက်တစ်ချို့ရိုက်ခက်သွားပါတယ်။ NLD နှင့် ပူးပေါင်း မလား မပူးပေါင်းဘူးလား စသဖြင့်ပေါ့။ ခက်တာက ကောလဟလတွေက အမျိုးစုံအောင် ထွက်လေ့ရှိတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအကြောင်း ပြောရခက်ပါတယ်။ ခေတ်အဆက်ဆက်ပြန်ကြားရေးက သတင်းကို လိုသလိုထုတ်ပြန်ခဲ့သလို အာဏာရှင်များရဲ့အလိုကျ ထုတ်ပြန်ရတာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲပြောပြော ကျွန်တော့်အဖေက ၁၉၆၂ ခုနှစ်ကစပြီး စစ်အုပ်ချုပ်ရေးတစ်လျှောက် မြန်မာနိုင်ငံရေးကို သုံးသပ်ပြောဆိုလာတဲ့အတွက် ကျွန်တော်ဟာ အဖေရဲ့ စကားကို နားယဉ်နေပါတယ်။ မြန်မာ့နိုင်ငံရေးမှာ “စစ်တပ်” အခန်းကဏ္ဍမပါ မရှိ ပါနေရမယ်။ ဘယ်အချိန်ထိ ပါနေမလဲဆိုရင် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံတို့ရဲ့ မှတ်ပုံတင်ကဒ်မှာ လူမျိုးမခွဲ ဘာသာမခွဲပဲ မြန်မာနိုင်ငံသားလို့ဆိုပြီး မှတ်ပုံတင်ထွက်လာမဲ့အချိန်မှာ “စစ်တပ်” ဆိုတာ “စစ်တန်းလျားမှာ” နေခွင့်ရမှာပါတဲ့။ အဖေက တပ်မတော်နဲ့ နီးစပ်သူဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ် တပ်မတော်အရာရှိများနဲ့ မြန်မာတပ်မတော်အရာရှိ တော်တော်များများနဲ့ ရင်းနီးခဲ့သူပါ။ နိုင်ငံရေးသမားများကိုလည်း သိကျွမ်းခင်မင်သလို အနုပညာအသိုင်းအဝိုင်းမှာပါ လူသိ များပါတယ်။ မြန်မာနိုင်ငံတွင်းမှ အထင်ကရ အပ်ချုပ်ဆိုင်ကြီးတွေထဲမှာ ကျွန်တော်အဖေရဲ့ အပ်ချုပ်ဆိုင်ကလဲ တစ်ဆိုင်ဖြစ်ပါတယ်။ ထားပါတော့။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကြီးဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေအတွက် ဂျိုဆိုးကြီးတစ်ခု ဝင်လာမယ်ဆိုတာ ကျွန်တော်မူလထဲက တွေးမိပါတယ်။ အလွန်ဆိုးဝါးတဲ့ ရခိုင်အရေးအခင်းအပြီးမှာတော့ (၉၆၉) သင်္ကေတ လှုပ်ရှားမှုကြီးနဲ့ ထေရဝါဒ ဓမ္မကွန်ယက် လှုပ်ရှားမှုကြီးတွေနဲ့အတူ အကျဉ်းကျပြီး ပြန်လွတ်မြောက်လာတဲ့ ဆရာတော်ဦးဝီရသူနဲ့ ဆရာတော် ဦးပညာဝရ တို့ရဲ့ တရားခွေမှာ အစ္စလာမ်ဘာသာဝင်တွေကို ပုတ်ခတ်စွပ်စွဲတာတွေကို ဗုဒ္ဓဘာသာ မြတ်စွာဘုရား လက်ထပ်ကတောင် မဟောခဲ့တဲ့ လူသားချင်း ခွဲခြားတဲ့ တရားတွေနဲ့ ရောထွေးထားတာ ကြည့်လိုက်။ နားထောင်လိုက်ရပါတဲ့ ဆရာတော်တွေရဲ့တရားမှာ အစ္စလာမ်ဘာသာဝင်အချို့ ဗုဒ္ဓဘာသာဝင်တွေ အမျိုးသမီးတွေကို ငွေနဲ့ဖြားယောင်းပြီး အစ္စလာမ်ဘာသာဝင်အဖြစ် သွပ်သွင်းတာတွေ၊ နှိပ်စက်တာတွေ ကြားလိုက်ရတော့ ကျွန်တော် မြန်မာမွတ်ဆလင် (မျိုးဆက်ငါးဆက်) ရှေးတိုင်းရင်းသား ဘိုးဘွား စစ်စစ်တွေနဲ့ သွေးနှောခဲ့သူ အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ တုံလှုပ်ခြောက်ခြားခဲ့ရပါတယ်။ ဒီအခွေထဲက တရားတွေမနာခင်ကတည်းက ဂျာနယ်တစ်ချို့ မီဒီယာတစ်ချို့မှာ လူမျိုးရေးခွဲခြားပြီး ရေးနေတာတွေ၊ ပြောနေတာတွေ၊ ဖတ်ရပါတယ်။ ရှေ့က (၈၈) ရှစ်လေးလုံးမတိုင်မီက ရဟန်းသံဃာတစ်ချို့ အစ္စလာမ် မုန်းတီးရေးတရားတွေ ဟောခဲ့တယ်လို့ လူကြီးတွေပြောကြားဖူးပါတယ်။ ဒီလောက်မပြင်းထန်ဘူးလို့လဲ ဆိုပါတယ်။ တစ်ခါ အမျိုးပျောက်မှာ စိုးကြောက်လှပါတယ်ဆိုပြီး စာတွေထွက်လာပါတယ်။ နိုင်ငံရေး ဂယက်ထရင် အာဏာအလုခံရတော့မယ်။ အတိုက်အခံပေါ်လာရင် အင်မတန်မှ အသုံးချလို့ကောင်းတဲ့ ဘာသာရေးလှည့်ကွက်မျိုး အိန္ဒိယ၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အီဂျစ်တို့လို နိုင်ငံတွေမှာ ကျင့်သုံးသလိုမျိုး အာဏာရ အစိုးရတွေရဲ့ လုပ်ပုံနဲ့ ဆင်တူကြောင်း လူကြီးတွေ တစ်ချို့ပြောတာ မှတ်သားခဲ့ဖူးတဲ့ကျွန်တော် သိပ်မကြာခင် အစ္စလာမ်ဘာသာဝင်တွေ ဒုက္ခရောက်တော့မယ်ဆိုတာ ကြိုတင်သိခဲ့ရပါတယ်။ ဒီအခွေတွေကိုဝယ်ပြီး ဓမ္မဒါန လုပ်တဲ့အထဲမှာ တရုတ်လူမျိုးတစ်ချို့နဲ့ မြန်မာနိုင်ငံဖွား တမိရ် လူမျိုးတွေ တစ်ချို့ ပါဝင်ပတ်သက်နေတာကို ကိုယ်တွေ့ မြင်သိခဲ့ရပါသေးတယ်။ ဆက်ပြီး အစ္စလာမ်ဘာသာဝင် လူကြီးတွေကို ကျွန်တော် အသိပေးပါတယ်။ ငွေကြေးချမ်းသာသူတွေကိုလည်း အသိပေးပါတယ်။ ဘယ်သူမှ စိတ်မဝင်စားကြပါဘူး။ အရေးခင်းဖြစ်နိုင်ခြေ ကို မှန်းဆမိပေမယ့် ဒီလောက်ထိ ကြီးမားမယ်လို့ မထင်ခဲ့မိပြန် ပါဘူး။ ဒီနောက်တော့ ဆရာတော်ဦးဝီရသူနဲ့ ဆရာတော်ဦးပညာဝရတို့ရဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ် ထိုးနှက်တိုက်ခိုက်ထားတဲ့ အခွေတွေ ပြန့်ပွား လာသလို (၉၆၉) လှုပ်ရှားမှုကြီးက ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ နိုင်ပြီးတာနဲ့ ပေါက်ကွဲပါ တော့တယ်။ ရခိုင်ပြည်နယ်မှစပြီး ဖောက်ခွဲပစ်လိုက်ပါတယ်။ တအုံတနွေးနွေးဖြစ်နေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ဒေါသက ဘယ်လိုမှ မပတ်သက်တဲ့ ပြည်မဖွား တိုင်းရင်းသားအစ္စလ်ာဘာသာဝင်တွေကို ရိုက်ခတ်စေပါ တယ်။ အဆိုးဆုံးကတော့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လေးစားခင်မင်တဲ့ ဦးရာဇတ်ရဲ့ မွေးရပ်ဇာတိ မိတ္ထီလာမြို့ကြီးမှာ ဘာမှ မသက်ဆိုင်ဘဲနဲ့ ပေးဆပ်လိုက်ရတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ကျွန်တော် ရင်နာနာနဲ့ ကြည့်နေခဲ့ပါတယ်။ မြန်မာ့တပ်မတော်ကြီးကို ထူထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၊ အမျိုးသားလွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ မြန်မာ့အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးခဲ့တဲ့ ဆရာကြီး ဦးရာဇတ်ရဲ့ မျက်နှာကို မထောက်ဘဲ ရက်စက်ကြမ်းကြုတ်မှုကို လျစ်လျူရှုခဲ့တဲ့ တာဝန်ရှိသူတွေကို ဘယ်လိုနားလည်ရမလည်း မသိဖြစ်ခဲ့ရပါတယ်။ မြန်မာဗုဒ္ဓဘာသာဝင် စစ်စစ်တွေ ဒီလိုသွေးအေးအေးနဲ့ ရက်စက်တာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါဟာ ပညာမဲ့ ဥာဏ်နိမ့်သူတွေကို ရက်စက်ကြမ်းကြုတ်တတ်အောင် တိရစ္ဆာန်စိတ်သွင်းပြီးမှ စနစ်တကျ ခိုင်းစေတဲ့သူတွေ ရှိရမယ်ဆိုပြီး ကမ္ဘာက မှတ်ချက်ချပါတယ်။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေ အကာအကွယ်မဲ့ခဲ့ ရပါတယ်။ ဖက်ရွက်လိုဘဝမျိုးရောက်ခဲ့ရပါတယ်။ ဆူးပေါ်ဖက်သွားကျရင်လည်း ဖက်ဘဲ ပေါက်၊ ဖက်ပေါ်ဆူး ကျရင်လည်း ဖက်ဘဲပေါက်ဘဝမျိုးပါ။ နိုက်ကလပ်မှာ “ဖာ” လုရင်းနဲ့ အရက်သမားအချင်းချင်း ရန်ဖြစ်ရင်လည်း ဂျာနယ်တွေ တစ်ချို့မှာ အစ္စလာမ်ဘာသာကို ပုတ်ခတ်ရေးလာကြပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်က အရေးအသားတွေနဲနဲ ပျော့ပေမယ့် ရွေးကောက်ပွဲပြီးတော့ ကြမ်းလာပါတယ်။ (၈၈) အရေးခင်းပြီးမှာ မြတ်ခင်းသစ်မဂ္ဂဇင်းနဲ့ တစ်ခြားမဂ္ဂဇင်းတွေ အစ္စလာမ်ဘာသာဝင်တွေကို နှိမ်ချထားတာ ဖတ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတော့လည်း အားလုံးကောင်းနေပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်း ကြီးတွေနဲ့ အခြားသွင်းကုန်ထုတ်ကုန်လုပ်ငန်းကြီးတွေမှာ မြန်မာအစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကြီးပွား ချမ်းသာသူတွေထဲမှာ ရခိုင်မွတ်စလင်တွေ ပါဝင်သလို တရုတ်လုပ်ငန်းရှင်ကြီးတွေနဲ့ ရခိုင် မွတ်ဆလင်တွေ ဘင်္ဂါလီတွေ ရခိုင်တွေအတူ စားသောက်ပျော်ပါးနေတာကို ပြည်တွင်းပြည်ပတွေမှာ မြင်တွေနေရလေတော့ အံကြမိသလို ထူးဆန်းလှပါတယ်။ မြန်မာမွတ်ဆလင်တစ်ယောက် မြေတစ်ကွက် လိုချင်ရင် မြန်မာဗုဒ္ဓဘာသာထံက တစ်ဆင့်ဝယ်ရပါတယ်။ ကိုယ်တွေ့ဖြစ်ပါတယ်။ ကျွန်တော် ပြည်ပမှာ နှစ်ပေါင်း နှစ်ဆယ်အလုပ်လုပ်ပြီး နိုင်ငံတော်ကို ဝင်ငွေ ခွန်ပေးဆောင်ခဲ့ပါတယ်။ ကားပါမစ်တစ်စောင်မရခဲ့ပါဘူး ရွှေလေးဆယ်ကျပ်သားရောင်းပြီး ရတဲ့ဟန်းဖုန်းတစ်လုံးရဲ့ တန်ဘိုး ရင်နာစွာနဲ့ တွက်ကြည့်မိပါတယ်။ ရွှေ ၂ ပိဿာရောင်းပြီးမှ ဝယ်စီးခဲ့ရတဲ့ ပါဂျာရိုးကားကို သံရည်ကျိုဈေးနဲ့ ရောင်းပြီး ရင်နာခဲ့ရတွေငွေကို ကျွန်တော်ဟာ မိတ္ထီလာ အစပြုပြီး ဖြစ်ခဲ့ရတဲ့ အုပ်ဖို၊ မင်းလှ၊ ဇီးကုန်း၊ ဥက္ကံ၊ လာရှိုးတွေမှာ လှူလိုက်တဲ့ ငွေတွေထက် ပို၍ နှမျောမိပါတယ်။ ကျွန်တော်ဟာ ခလေးဘဝကတည်းက အလှူမျိုးစုံ လှူဒါန်းခဲ့ပါတယ်။ လူမျိုးဘာသာမခွဲဘဲ လှူဒါန်းခဲ့သူပါ။ မြန်မာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ဆွမ်းအလှူခံကြွေးခဲ့ဖူးသလို တက်နိုင်သရွှေ့ ကူညီ နေခဲ့သူပါ။ ရခိုင်အရေးအခင်းပြီးပြီးချင်း ရွှေညဝါဆရာတော်ကို သွားရောက်တော့ခဲ့ဖူးပါတယ်။ နာဂစ်မုန်တိုင်းမှာ လည်း သီတဂူဆရာတော်ကြီးရဲ့ အလှူမှာ ပါဝင်ခဲ့ပါသေးတယ်။ သီတဂူဆရာတော်ကြီးက ယခင်က မလေးရှား နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ ဗုဒ္ဓဘာသာကနေ အစ္စလာမ် ဘာသာဖြစ်သွားတာကို ရေးနေ ဟောနေသူပါ ဒါပေမယ့် မတူတာတွေ ဘေးဖယ်ပြီး တူတာတွေညှိပြီး အတူတစ်ကွ ယှဉ်တွဲနေထိုင်ဖို့ ဆော်သြော်ရာမှာ ထိပ်ဆုံးက ရှိခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။ ကြေးနီတောင်မှ ရဟန်းသံဃာတွေ မီးလောင်ဗုံးနဲ့ တရုပ်ကုမ္ပဏီက ခိုင်းလို့ လုပ်ရတဲ့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပေးခဲ့တဲ့ ဆရာတော်ပါ။ ကျွန်တော်ဘဝမှာ ဒလိုနာမည်ကြီး ဆရာတော်တွေကို ချဉ်းကပ် ဖူးခွင့်များစွာ ကြုံခဲ့ပြီးပါပြီ။ ၁၉၈၅ခုနှစ် ၁၉၈၈ ခုနှစ် တစ်လျှောက်မှာဆိုရင် မလေးရှားနိုင်ငံ ပီနန်မြို့က မြန်မာဘုန်းတော်ကြီးကျောင်းမှာ နေထိုင်စားသောက်ခဲ့ရပါတယ်။ ကျေးဇူးရှင် ပီနန်ဆရာတော်ကြီး ဦးပညာဝံသရဲ့ တပည့် အစ္စလာမ်ဘာသာဝင်တစ်ဦး ရှားရှားပါးပါး ဖြစ်ခဲ့သူပါ။ ဆရာကြီး ဦးရာဇာတ်ကလည်း စစ်အတွင်းမှာ စစ်ကိုင်းက ဗုဒ္ဓဘာသာ ဘုရားရိပ်နဲ့ ဘုန်းကြီးကျောင်းတွေရှိရာမှာ ခိုလှုံဖူးတယ်လို့ ဖတ်ခဲ့ ရပါတယ်။ ဒီတော့ ကျွန်တော် မြန်မာနိုင်ငံသားဟု ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေနဲ့ ပြည်ပနိုင်ငံတွေမှာ ရင်းနှီးတာ မဆန်းပါဘူး။ ဘုန်းကြီးကျောင်းအိပ်စားပြီး ဘုန်းကြီးတွေနဲ့ လက်မွန်းတတီးနေခဲ့တဲ့ ကျွန်တော်ဟာ ဗုဒ္ဓတရားတော်တွေလည်း နားလည်သူဖြစ်ပါတယ်။ ကျွန်တော်လိုမျိုး မြန်မာမွတ်ဆလင်တွေ အများကြီး ရှိပါတယ်။ ဗုဒ~ဓဘာသာရဟန်း သံဃာတော်တွေနှင့် ရင်းနှီးသလို ဘုန်းကြီးကတစ်ဆင့် လုပ်ရတဲ့ ကိစ္စတွေ လည်း ရှိခဲ့ပါတယ်။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကြားမှာ နားလည်မှုလွဲတာ ဆက်ဆံရေးမပြေလည်တာတွေရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (NLD) ကြားဖြတ် ရွေးကောက် ပွဲနိုင်ပြီးမှာတော့ အစ္စလာမ်ဘာသာဝင်တွေ အုပ်စုလိုက် အသတ်ခံရတာမျိုး၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရတာ မျိုး ဗလီတွေမီးရှို့ဖျက်ဆီးခံရတာမျိုး၊ ဘာသာရေးစာသင်ကျောင်းက ခလေးတွေ အစုလိုက် မီးရှို့သတ်ခံရ တာမျိုး မရှိခဲ့ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်ဘင်္ဂါလီ မွတ်စလင် ဦးရွှေမောင်နဲ့ ဦးအောင်ဇော်ဝင်းတို့လို လူတွေ ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်အဖြစ် ရွေးချယ်ခံရတာ မအံသြမိပေမယ့် အဲဒီတုန်းက ရခိုင်မှာ ဘာမှမဖြစ်သလို ပြည်တွင်း မွတ်ဆလင်တွေကလည်း ငြိမ်ငြိမ်နဲ့ စားဝတ်နေရေး ဖြေရှင်း နိုင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (NLD) ပါတီကို အစ္စလာမ် ဘာသာဝင် တွေ တစ်ခဲတစ်နက် ထောက်ခံလို့များ ဒီနေ့ အစ္စလာမ်ဘာသာဝင်တွေ့ရဲ့ ဘဝကျီးလန့်စာ စားနေရသလား ဆိုတဲ့ သံသယကို ရင်မှထွေးပိုက်ပြီး နေခဲ့ရပါတယ်။ ရခိုင်အရေးခင်းပြီးမှာတော့ ကျွန်တော်ရဲ့ ရင်ဖွင့်သံတွေကို ဆောင်းပါးရေးပြီး ဂျာနယ်တိုက်တွေ ပို့ပါတယ်။ အမှန်တရားကို ထည့်ပေးတဲ့ ဂျာနယ်မရှိပါ။ အမှန်တရားကို ထည့်ပေးတဲ့ ဂျာနယ်နည်းပါတယ်။ တစ်ချို့ အယ်ဒီတာတွေက ပြန်ပြီး ခြိမ်းခြောက်လိုက်ပါသေးတယ်။ ဒီတော့ ကျွန်တော်ဆောင်းပါးတွေစုပြီး ဒီမိုကရေစီ ပြဿနာမဟုတ်ဆိုပြီး လုံးချင်းထုတ်ဝေပါတယ်။ ရဟန်းသံဃာ တွေကို လက်ဆောင်ပေးပါတယ်။ သံဃာတွေက မှန်ကန်တဲ့ဖက်က ရပ်တည်ပေးပြီး သြဝါဒပေးပါတယ်။ ဒါပေမယ့် ဒီလို ဘာကြောင့် ဖြစ်ရသလည်းဆိုတာကို အဖြေရှာဖြေရှင်းမယ့် အစိုးရဟာ ပြဿနာများစွာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှုတွေ မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံမှာ ပြည်တန်ဆာဖြစ်နေတာတွေ ကြည့်ရင် အစ္စလာမ်ဘာသာဝင်မြန်မာမွတ်ဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ပြဿနာဟာ မကြီးကျယ်လှပါဘူး။ ဖြေရှင်းလို့ ရပါတယ်လို့ ကျွန်တော်ထင်မိပါတယ်။ ကျွန်တော်ဟာ ရခိုင်အရေးခင်းပြီးပြီးချင်း ရွှေညဝါဆရာတော်နဲ့ တွေ့ခွင့်ရပါတယ်။ ဆရာတော်က “ဘာသာ မတူရန်သူမဟုတ်” ဆိုတာကို ကမ္ဘာသိ ပြောကြားပြီးမှာ ဆရာတော်ကို ဆည်းကပ်ခွင့်ရခဲ့ပါတယ်။ ဒီနောက်မှာ ဆရာတော် ဦးဝီရသူကို ချည်းကပ်ဖို့ ကြိုးစားပါတယ်။ တစ်ကိုယ်တော် ကျွန်တော်က လှုပ်ရှားမှု စတင်ပါတယ်။ ကျွန်တော်နဲ့ စီးပွားဖက်တွေက ဟိန္ဒူ၊ တရုတ်၊ ဗုဒ္ဓဘာသာအားလုံးက အားပေးပါတယ်။ ငယ်ငယ်ကတည်းက မင်္ဂလာတောင်ညွန့်မြို့နယ်က ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်မှာ မေးဖွားခဲ့ပြီး ဗုဒ္ဓဘာသာရဟန်းသံဃာတွေနဲ့ ခင်မင်ရင်းနှီးနေတဲ့ ကျွန်တော်ဘုန်းတော်ကြီးကျောင်းကို ဝင်တတ်ထွက်တတ်သူဖြစ်လို့ ဝန်မလေးပါဘူး။ ဆရာတော်ဦးဝီရသူနဲ့ ကျွန်တော်တွေ့ဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားပါတယ် မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ဖုန်းအဆက်အသွယ်ရပါတယ်။ အစ္စလာမ်ဘာသာဝင်ဆိုရင် မယုံကြည်ဘူး။ လက်မခံဘူးဆိုတဲ့ တစ်ဆင့်စကားတွေ ကြားရလို့ ကျွန်တော် စိတ်ဝေဒနာ ခံစားရပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ခေတ်သစ် “ဓားစာခံ” “ဓစားခံ” ဘာကြောင့်ဖြစ်နေရတာလည်း၊ မြန်မာသမိုင်းကို ရှာဖွေဖတ်ရှုပါတယ်။ အင်္ဂလိပ် ရဲ့ ကိုလိုနီဖြစ်ခဲ့တဲ့ မြန်မာမြေကို ဒို့ဘိုးဘွားတွေဘာကြောင့် လာခဲ့ရသလဲ၊ ဒီဒုက္ခတောမှာ ဘာလို့ ဒို့ကို မွေးဖွား ခဲ့ပြီး ထားခဲ့ရတာလည်း အသုံးမကျတဲ့ အင်္ဂလိပ်ကိုလိုနီတွေ မြန်မာပြည်ကို သိမ်းတုန်းက ဒို့ဘိုးဘွားတွေကို အသုံးချပြီး လွတ်လပ်ရေးပေးတော့ ဒို့ကို သောင်ပြင်မှာမှ လွတ်တဲ့ခွေးလို ထားခဲ့ရက်တယ်လို့ ဗြိတိသျှ အင်္ဂလိပ်ကို ညတိုင်းအိပ်ရာဝင် ကျိန်ဆဲပြီးမှ အိပ်တဲ့ရောဂါဝင်လာပါတယ်။ ဆရာကြီး ဦးရာဇတ်၊ သံအမတ်ကြီး ဦးဖေခင်၊ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုရာရှစ်၊ ဆရာချယ်၊ ဟာဂျီမဒေါ်စောရွှေဟာ၊ ဂျီမဒေါ်ပု၊ ဝမ်အိုးဝမ်းကျော် ဝင်းမောင်၊ တပ်မှူးကြီးဘိုးကာ၊ ဗိုလ်မှူးကြီးသူရလှဒင်၊ သံအမတ်ကြီး ဦးလှမောင်တို့ရဲ့ နာမည်တွေ ပါခဲ့တဲ့ သမိုင်းစာအုပ်တွေဖတ်ပြီးမှာတော့ ဒါဟာ လူတစ်စု လူတစ်ဖွဲ့က စနစ်တစ်ကျလုပ်နေတာကို သတိပြုမိ လာပါတယ်။ မြန်မာတစ်မျိုးသားလုံးနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့၊ ကိုမင်းကိုနိုင်လို ပုဂ္ဂိုလ်တွေ ရှိနေတဲ့ တိုင်းပြည်ဟာ ဒါဒို့အမိမြေ၊ ဒါဒို့ဘိုးဘွားအမွေဆိုပြီး စိတ်ကို မွေးပြီး အမှန်တရားကို ပြည်သူသိအောင် ကြိုးစားမယ်ဆိုပြီး ကျွန်တော်ကြိုးစားမိပါတယ်။ မုန်းနေတဲ့လူကို ချစ်အောင်ကြိုးစားမယ်။ ရန်သူလို့ထင်နေသူက မိတ်ဆွေသာ ဖြစ်တယ်ဆိုတဲ့ သမိုင်းက်သေတွေနဲ့ ရှင်းပြမယ်၊ လွဲမှားနေတဲ့ အထင်အမြင်တွေကို တည့်မတ်နိုင်အောင် ကြိုးစားမယ်ဆိုပြီး ကျွန်တော် နေ့၊ည ကြိုးစားပါတယ်။ ကျွန်တော်ကို ထေရ်ကြီး ဝါကြီး ရဟန်းသံဃာတော်တွေလည်း သြဝါဒပေး ကူညီကြပါတယ်။ ဒီနေရာမှာ ကျွန်တော်ရေးရမှာ ကျန်သွားပါတယ်။ ရခိုင်အရေးအခင်းပြီးမှာ ရွှေညဝါဆရာတော်နဲပ ကျွန်တော်တွေ့ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ဆရာတော်ဦးဝီရသူနဲ့ တွေ့ခွင့်မရခဲ့သလို ဆရာတော် ဦးပညာဝရနဲ့လည်း တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် ဇာတ်ရှိန်က မြင့်နေပါပြီ။ (၉၆၉) စတစ်ကာ ဖြန့်ဝေနေပါပြီ။ မော်လမြိုင်မှာ ထေရဝါဒဓမ္မကွန်ယက်နဲ့ ဂါဏဝါစက ကွန်ယက်ပူးပေါင်းတာတွေ မတိုင်ခင်ထိ ကျွန်တော်ရဲ့ လုပ်ကိုင်မှုတွေ အရာမထင်သလို ကူညီမယ့်သူလည်း မရှိပါဘူး။
ဒိုင်းမွန်းရွှေကြည်ရေးသားသော
ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေး သံတမန်ကွန်ယက်
စာအုပ်မှ ကူးယူဖော်ပြသည်။

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s