U YE HTUT:တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း အကြိုစမ်းသပ်ထုတ်လွှင့်ခြင်း အခမ်းအနားနှင့် ညှိနှိုင်း အစည်းကို ဒီနေ့မနက် ကိုးနာရီက နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ ကျင်းပခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း အကြိုစမ်းသပ်ထုတ်လွှင့်ခြင်း အခမ်းအနားနှင့် ညှိနှိုင်း အစည်းကို ဒီနေ့မနက် ကိုးနာရီက နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်များက တိုင်းရင်းသားရေးရာဝန်ကြီးများလည်း တက်ရောက်ခဲ့ ပါတယ်။

ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းအနေနဲ့ ဝေးလံခေါင်ဖျား
ဒေသများက တိုင်းရင်းသားများ အသိပညာ ဗဟုသတဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ နိုင်ငံတ၀န်းမှာရှိတဲ့ ပြည်သူများထံ သတင်းအချက်အလက်များ တပြေးညီရောက်ရှိစေရေးအတွက် အများပြည်သူဝန်ဆောင်မှုမီဒီယာများကသ လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း၊ ဒီအချက်ကို ၂၀ ရာစု အစောပိုင်းထဲက နိုင်ငံတကာမှာလက်ခံအသိအမှတ်ပြုကျင့်သုံး ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခမ်းအနားအပြီးမှာ ရုပ်သံလိုင်းနဲ့ပတ်သက်တဲ့အချက်အလက်များကို ထပ်မံညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းကို စက်တင်ဘာ ၁၅ ရက်နေ့မှာ စမ်းသတ်ထုတ်လွှင့်မှုများစတင်ပြုလုပ်ပြီး အောက်တိုဘာ ၁၅ ရက်နေ့က စပြီး ကချင်၊ ကယား၊ ကရင် (စကော၊ အရှေ့ပိုး၊ အနောက်ပိုး) ချင်း ( လိုင်ဇိုး၊ ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ၀ ဘာသာစကားများနဲ့ တစ်နေ့တစ်နာရီ နှစ်ကြိမ်ထုတ်လွှင့်တင်ဆက်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျှက်ရှိပါတယ်။

559219_447030888743852_1695790913_n1233997_447031025410505_1662414269_n1233471_447030808743860_1312076539_n
—————–
MRTV introduces National Races Channel to Ministers from seven states and Wa SAR.
1237891_446954362084838_1100723946_n1237114_446954545418153_124400658_n

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s