SOURCE TUN WAI
မသာတစ်ခေါက် ကျောင်းဆယ်ခေါက် လိုပါဘဲ အခု အွန်လိုင်းမှာ ပဲခူးတိုင်းဝန်ကြီး ချုပ် နံမည်ကြီးနေတာ ဒီပုံလား
သိချင်ပါတယ်။
5.9.2013
APRIL MAUNG MAUNG
ခွေးမြှီကောက်ဟာ ခွေးမြှီးကောက်ပါပဲ ) ၊စစ်အာဏာရှင် ဗိုလ်နေ၀င်းက ဦးနုထံကနေ အာဏာသိမ်းထားသူဆိုတော့ ဦးနုကို ဘာသာရေးနဲ့ ခုတုန်းလုပ်တယ်ဆိုပြီး သမိုင်းလိမ် သမိုင်းယုတ် သမိုင်းညစ်တွေရေးပြီးတော့ မြန်မာ့သမိုင်းကို ဖျက်ဆီးခဲ့ဘူးတယ်၊
ဒီမိုကရေစီရဲ့ အနှစ်သာရတွေ ပျောက်ပျက်သွားခဲတယ်၊စစ်အာဏာရှင်တွေက ဘောင်းဘီချွတ်ပြီး ဒီမိုကရေစီဆိုပြီး ကြေညာပြန်တယ်
ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ်တော့ ဘာဖြစ်သွားလဲ စဉ်းစားကြည့်
ဟောင်းလောင်ကြီး ဘောလောကြီး ဖြစ်သွားတော့တာပေါ့၊
စစ်အာဏာရှင်တွေရဲ့စိတ်ထဲမှာ
ပြည်သူဆိုတာ မိတ်ဆွေမဟုတ်ဘူး
စစ်အာဏာရှင်တွေရဲ့စိတ်ထဲမှာ
ပြည်သူဆိုတာ သေနတ်ပြောင်းဝရဲ့ ကျေးကျွန်
ဒီမိုကရေစီစနစ်နဲ့ အာဏာရှင်စနစ်ရဲ့ ကွာခြားမှု့ဟာ
ပြည်သူကို နွားလို ဆက်ဆံတာနဲ့
ပြည်သူကို ကျေးဇူးရှင်လိုဆက်ဆံတာ ကွားခြားတယ်၊
အပေါ်ပုံထဲမှာ
ဒီမိုကရေစီ ဦးနုက ကိုယ်တိုင် ခါးတောင်းကျိုက်ပြီး
ရေထဲဆင်းပြီး အလုပ်လုပ်ခဲ့တယ်၊
နိုင်ငံတော် သမ္မတအဆင့်တောင် မဟုတ်သေးတဲ့
တိုင်းဝန်ကြီး စစ်ထွက်တယောက်က
ပြည်သူကို နွားလိုသဘောထားပြီး ရှေက ဆွဲခိုင်းတယ်၊
နိုင်ငံတော် သမ္မတအဆင့်ဆိုရင်တော့
ပြီးရောပေါ့ဗျာ ဘာပြောကောင်းမလဲ ….
ဒါကြောင့် နာဂစ်တုန်းက
ဝန်ကြီးချုပ်ကို ပြည်သူတွေက
သားသေ မယားသေ
သမီးသေ အဖေသေ
မျက်ရည်နဲ့ မျက်ခွက် ငိုနေတဲ့ကြားက
နိုဆီဘူးလေးတလုံ စားစရာဆန်လေးရဖို့
လက်အုပ်ချီပြီး ကန်တော့ခဲ့ရတာ
သမိုင်းတွေနဲ့ မှတ်တမ်းအပြည့်ပါ၊
အခုတော့ဗျာ …..
အာဏာရှင်တွေအတွက် . သက်ဆိုးရှည်နိုင်ဖို့
ငါတို့ ပြည်သူတွေကို တိုက်ခိုက်ခဲ့တဲ့ လူတစုက
ငါတို့ ပြည်သူတွေ ကျခဲ့ရတဲ့ ချွေးစက်တွေနဲ့
သူတို့တတွေ အသက်ရှင်နေခဲ့တယ်ဆိုတာ
တကယ်ပဲ မေ့သွားခဲ့ပါပေါ့လားဗျာ
အဲ့ဒါ ဘယ်သူတွေလဲ …???
( ခံစားမိသလို ပြောလိုက်တယ်
တိုက်ဆိုင်သွားလဲ မတတ်နိုင်ဘူး )
( ဦးနိုင်ဝင်း လန်ဒန် )