Sitagu Missionary Group and MAI airline will cooperate in providing assistance to MM workers in Malaysia“ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြု အဖွဲ့နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင်ပေးမည် ”

CREDIT SAILAY 948
CREDIT SAILAY 948

Sitagu Missionary Group and MAI airline will cooperate in providing assistance to Myanmar migrant workers in Malaysia who want to return home, Dr. Myat Thu told The Daily Eleven.

Myanmar Airways International (MAI) is planning to fly free of charge for the migrant workers in Malaysia and Sitagu Group is also planning to assist with the money they got from the donors which will be enough to hire three chartered planes.

“Sitagu Monk has received a donation about US$128,000 at present. There will be more than 170 people on board for one flight. The cost is about US$40,000 per flight, excluding ticket fares so we have enough money for three flights,” said Dr. Myat Thu who is treasurer of Sitagu Missionary Group of Myanmar.

Representatives of Sitagu Missionary Group of Myanmar will go to Malaysia on September 9 and they will carry out first flight on September 13.

“We will give priority to the workers who are in trouble at Malaysia. Ill people, pregnant women, those who have children and women are the main concerned for us to bring back. The Monk wanted to arrange to bring back them since the crackdown on illegal migrant workers in Malaysia started at the end of last month,” the treasurer continued.

Sitagu Monk will welcome in person the workers who are in first flight at Yangon airport. Hundred of Myanmar migrate workers are coming back home because Malaysia started a special operation on September 1 to arrest illegal migrant workers. In Malaysia, most migrate workers come from Indonesia and Myanmar. About 70,000 Myanmar migrant workers are working in Malaysia, and many of them are staying illegally.

“ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြု အဖွဲ့နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင်ပေးမည် ”Wednesday, 04 September 2013 01:18

မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့၏ ဘဏ္ဍာရေးမှူး၊ မြန်မာပြည်တာဝန်ခံ ဒေါက်တာမြတ်သူက The Daily Eleven သို့ ပြောကြားသည်။

မလေးရှားတွင် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေပြီး ဒုက္ခရောက်နေသည့် မြန်မာများအား လေယာဉ်လက်မှတ် အခမဲ့ဖြင့် MAI မှ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်လျက်ရှိပြီး သီတဂူ အထောက်အကူပြု အဖွဲ့မှ လက်ရှိကောက်ခံ ရရှိထားသော အလှူငွေများဖြင့် လေယာဉ်သုံးစင်းစာ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
အမှန်တကယ် ဒုက္ခရောက်သူတွေကို ဦးစားပေးအနေနဲ့ ပြန်လည်ပို့ပေး သွားမှာပါ။ ကျန်းမာရေး မကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးရှိတဲ့သူတွေ၊ အမျိုးသမီးတွေ အဲလိုလူတွေကို ဦးစားပေး ပြန်ခေါ်သွားပါမယ် . . . . .

“သီတဂူ ဆရာတော်ကြီးက လက်ရှိအလှူငွေ အမေရိကန်ဒေါ်လာ ၁၂၈၀၀၀ ခန့် ရထားပြီးပြီ။ လေယာဉ်တစ်ခေါက်ကို လူ ၁၇၀ ကျော် ပါမယ်။ တစ်ခေါက်ကုန်ကျစရိတ်က လေယာဉ်ခမပါ ဒေါ်လာလေးသောင်းလောက် ကုန်မယ်ဆိုတော့ သုံးခေါက်ပို့ပေး သွားပါမယ်” ဟု ဒေါက်တာမြတ်သူက ပြောကြားသည်။

သီတဂူ အထောက်အကူပြုအဖွဲ့၏ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့မှ စက်တင်ဘာ ၉ ရက်တွင် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်တွင် ပထမဆုံး အခေါက်အဖြစ် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

“အမှန်တကယ် ဒုက္ခရောက်သူတွေကို ဦးစားပေးအနေနဲ့ ပြန်လည်ပို့ပေး သွားမှာပါ။ ကျန်းမာရေး မကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးရှိတဲ့သူတွေ၊ အမျိုးသမီးတွေ အဲလိုလူတွေကို ဦးစားပေး ပြန်ခေါ်သွားပါမယ်။ သြဂုတ်လကုန်ပိုင်း မလေးရှားမှာ စအဖမ်းခံ ရကတည်းက ဆရာတော်က ပြန်ခေါ်ဖို့ စီစဉ်နေတာပါ” ဟု ဒေါက်တာမြတ်သူက ဆက်လက်ပြောကြားသည်။

စက်တင်ဘာ ၁၃ ရက်တွင် ဆိုက်ရောက်မည့် ပထမဆုံးအကြိမ်တွင် မြန်မာအလုပ်သမားများအား သီတဂူ ဆရာတော်ကိုယ်တိုင် လေဆိပ်၌ သွားရောက်ကြိုဆိုမည်ဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် နိုင်ငံတွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁ ရက်မှ စတင်၍ လုပ်ဆောင်ခဲ့သည့် အထူးစီမံချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေမှုကြောင့် မြန်မာအလုပ်သမား ရာနှင့်ချီ၍ ဖမ်းဆီးခံနေရသည်။ မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်နေသူဦးရေ အများဆုံးမှာ အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြပြီး မြန်မာနိုင်ငံသားများမှာ ဒုတိယအများဆုံး ဖြစ်သည်။ လက်ရှိအချိန်ထိ မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက် ၇၀၀၀၀၀ ခန့် ရှိနေပြီး ထိုအထဲတွင် ၈၀ ရာခိုင်နှုန်းမှာ တရားမ၀င် အလုပ်သမားများ ဖြစ်နေကြောင်း သိရသည်။

Eleven Media Group

One thought on “Sitagu Missionary Group and MAI airline will cooperate in providing assistance to MM workers in Malaysia“ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မလေးရှားရှိ မြန်မာအလုပ်သမားများအား သီတဂူ အထောက်အကူပြု အဖွဲ့နှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းပြီး ပြန်လည်ပို့ဆောင်ပေးမည် ”

  1. ဆရာတောင်ဘုရာ တပည့်တောင်အကူအညီတောင်းပရစေဘုရား
    ဆရာတော်ဘုရားတပည့်တော်မောင်လေးကိုမြည်မာပြည်ကိုခေါ်ပေးပါဘုရားမလေးရှားနိုင်ငံကွာလာလန်ပူမှ ကပုန်းနာရေးကူညီမှု အသင်းမှာကျန့်ကြာနေပါတယ်ဘုရား အပြင်ကိုလဲမထွက်ရဲပါဘူးဘုရား ဆရာတော်ပို့မှရောက်နိုင်မှာပါဘုရားအကူအညီမဲ့နေပါတယ်ဘုရားအရမ်းဒုက္ခရောက်နေပါတယ်ဘုရား
    ၂၁.၆.၁၃ – နေ့မှာမြန်မာ့သ့ရုံးမှနိုင်ငံသားဖြစ်ကြောင်းအသိအမှတ်ပြုပြီးပါပြီဘုရား
    No-6B/10915/13-ကပုန်းနာရေးကူညီမှုအသင်းမှရထားသောနံပါတ်ပါဘုရား
    ဆရာတော်ပို့ပေးမှရောက်နိုင်မှာပါဘုရား
    နေရပ်လိပ်စာမှာ-စိုင်ကြည်မောင်
    အမှတ် ၈/၇၈၈
    ကျောင်မဲမြို့ /ရှမ်းပြည်နယ်မြောက်ပိုင်း
    ကိုင်ဆောင်သောမလေးရှားဖုန်းနံပါတ်မှာတော့
    Ph-0060192589415 ၊ 0060193649937 (ကလန်း)မလေးရှား
    ရိုသေလေးစားစွာဖြင့် Message ပို့သူမှာ-တပည်တော် ဒေါနန်းမြင့်ရီ ကထိက အရှေ့တိုင်းပညာငှာန လားရှိုးတက္ကသိုလ်….

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s