ဘင်္ဂါလီလူမျိုး (၃)ဦး AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊
ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီးရမိ
( မြိတ် စက်တင်ဘာ ၂ ရက် )
မြိတ်ဆိပ်ကမ်းမှ ရေကြောင်းပြမီးများ ထွန်းထားခြင်းမရှိဘဲ ပင်လယ်ပြင်ဘက်သို့ စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီအချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ
မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေးတာဝန်ထမ်းဆောင်လျက်ရှိသော ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၀၃)မှ မီးအချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ “ကောင်းမြတ်ဟင်္သာ” အမည်ရှိ တရားမ၀င်ကုန်လှေဖြစ်၍ ရေယာဉ်လိုင် စင်မှာ ၂၀၁၃ခုနှစ် ဧပြီလတွင် သက်တမ်းကုန်ဆုံးလျက်ရှိပြီး ရေယာဉ် စက်မကြီးနှင့် စက်လိုင်စင်ပါအချက်များမှာ ကွဲလွဲလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ လှေအား ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၀၃)မှ ဗိုလ်မှူး မျိုးထက်ဝင်းနှင့် တပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ကြရာ ရေယာဉ်၏ စက်ခန်းအတွင်းပုန်းအောင်းလျက်ရှိသော ဘင်္ဂါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက်အရ လှေပိုင်ရှင်မှာ မြိတ်မြို့ ကန်ဖျားရပ်ကွက်နေ ဦးနိုင်စိုက်ချမ်း (မွန်ပြည်သစ် ပါတီခွဲထွက် အလင်းဝင်) ဆိုသူဖြစ်ပြီး ၄င်းမှ ကော့သောင်းမြို့နေ ဦးဆန်းဦး ဆိုသူအား လွန်ခဲ့သော (၅)လခန့် က ငှားရမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်းလှေ၏ ပဲ့နင်းဖြစ်သူ ဦးမောင်ထွန်းနှင့် ဘင်္ဂါလီ (၃)ဦးအား စစ်ဆေးမေးမြန်းရာ ဘင်္ဂါလီလူမျိုးများအား (၁)ဦးလျှင် ထိုင်းဘတ် (၅၀၀၀) ဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ မြန်မာ့ရေပိုင်နက်ကိုဖြတ်သန်း၍ ထိုင်းနိုင်ငံ ရှမ်းကျွန်းမဲသို့ သွားရောက်မည်ဖြစ်ကြောင်း၊
ဦးနိုင်စိုက်ချမ်းမှ AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသော တရားခံများအား စစ်ရေယာဉ် (၄၀၃) တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖမ်းမိလှေအား စစ်ရေယာဉ်အနီး တွင် ကျောက်ချရပ်နားစေကာ အသေးစိတ် စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ
Myanmar navy boat found weapons on a fishing boat between Pahtaw Island and Myeik in southern Myanmar on Sunday night.
The fishing boat, Kaung Myat Hinn Thar, was carrying 15 fishermen along with an AK-47, two magazines and 21 bullets.
“Twelve Myanmar fishermen were on the boat and three Bengalis were found in the engine room. Weapons were found on the boat and it was headed for Bangladesh according to the preliminary investigation. They said they had planned to transport the people from Bangladesh to Thailand,” said an official who requested not to be named.
The navy found the three Bengalis hiding in the engine room with the weapons after they became suspicious of the boat registration license, which has already expired in April and contained incorrect information.
During the interrogation, the helmsman Maung Tun and the three Bengalis said they had planned to transport the Bengalis from Bangladesh for 5,000 bahts (US$155) each and pass through Myanmar’s territorial waters to Shankyunmae in Thailand, according to the official.
The captured men told the authorities that the boat owner Naing Sike Chan has provided the weapons and reported to respective departments in Myeik that the boat was going to transport rations to the fishing boats and take the captured fish.
The authorities have also arrested Moe Pyan, the boat owner’s pupil, who came to bribe the navy with Ks.1 million (US$1035) to release the captured boat on September 2.