NDF: အမျိုးသားဒီမိုကရေစီအင်အားစုပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့

1236250_343347135799769_826569474_n72947_106310122836806_1574142196_n

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်(၁၇-၂၀၁၃)
ရက်စွဲ။ ၂၀၁၃ခုနှစ်၊ သြဂုတ်လ(၂၈)ရက်
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနှင့် KNU /KNLAငြိမ်းချမ်းရေးကောင်စီတို့
ပူးတွင်းကျင်းပသော မြ၀တီမြို့နယ်လူထုနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနှင့် KNU /KNLAငြိမ်းချမ်းရေးကောင်စီတို့ ပူးတွင်းကျင်းပ
သော မြ၀တီမြို့နယ်လူထုနှင့်တွေ့ဆုံပွဲကို ၂၆-၈-၂၀၁၃ ရက်နေ့တငွ် မြ၀တီမြို့၊ ကရင်စာပေ ယဉ်ကျေးမူ
ခန်းမတငွ် ကျင်းပပြုလုပ်ခ့သဲ ည်။ ထိုတေ့ဆွုံပသွဲို့ NDF ပါတီခေါင်းဆောင်များဖြစ်ကြသော ဒုဥက္ကဌ ဦးစိန်လှဥိး၊
အတွင်းရေး မှူး(၁) ဦးကြည်သန်း၊ ဗဟိုအလုပ်ကော်မတီဝင် ဦးအောင်ဇင်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)နှင့်
ဦးမင်းမင်း ထွန်း၊ ကရင်ပြည်နယ်တာဝန်ခံ ဦးအောင်ဝင်းလှိုင်နှင့် မြ၀တီမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊
ပါတီဝင်များ၊ KNU /KNLAငြိမ်းချမ်းရေးကောင်စီမှ အမှတ်(၇၀၁)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောထွန်းတင်နှင့်
အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်သတင်းထောက်များ၊ ဒေသခံတောင်သူလယ်သမားများ
စုစုပေါင်း ၃၅၀ ကျော်တက်ရောက်ခြဲ့ကသည်။
ထိုတွေ့ဆုံပွဲတွင်သဘာပတိအဖြစ် KNU /KNLAငြိမ်းချမ်းရေးကောင်စီမှ အမှတ်(၇၀၁)တပ်ရင်းမှူး
ဒုတိယဗိုလ်မှူးကြီးစောထွန်းတင်ဆောင်ရွက်ပြီး ဒုတိယသဘာပတိအဖြစ် NDF ပါတီဒုဥက္ကဌ ဦးစိန်လှဦးတို့က
ဆောင်ရွက်ခဲ့သ ည်။
သဘာပတိ ဒုဗီုလ်မှူးကြီးစောထွန်းတင်က အဖွင့်အမှာစကားပြောကြားရာတွင် ……..
ကျွန်တော်သည် KNU/KNLAငြိမ်းချမ်းရေးကောင်စီ(၇၀၁)တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယ
ဗိုလ်မှူးကြီးဦးစောထွန်းတင် ဖြစ်ပါသည်။ ယခုကြွရောက်လာကြကုန်သော တာဝန်ရှိလူကြီးမင်းများနှင့်တကွ NDF
ပါတီအဖွဲ့ဝင်များ၊ သတင်းနှင့်စာနယ်ဇင်းအဖွဲများ၊ ငြိမ်းချမ်းရေးအဖွဲအ စည်းအသီးသီးမှ ကြွေ ရာက်လာကြကုန်
သော တာဝန်ရှိသူများအားလုံးကို တွေ့ဆုံရသည့်အတွက် အထူးပဲဝမ်းမြောက်မိပါသည်။ ယခုတွေ့ဆုံသည့်ပွဲ ဟာ
ကျွန်တော်တို့အနေနဲ့လည်း ပထမဆုံးအကြိမ်ဖြစ်ပြီး NDF ပါတီမှ ကျွန်တော့်အား ဂုဏ်ပြုပွဲပါ ထည့်သွင်းပြုထုပ်
ပေးသည့်အတွက်အထူးပဲ ၀မ်းမြောက်ဂုဏ်ယူမိပါသည်။
ထာဝရငြိမ်းချမ်းရေးအသွင်သဏ္ဍာန်နှင့် မူဝါဒသဘောထား(၇)ချက်ကို အသိပေးတင်ပြလိုပါတယ်။
၁။ ငြိမ်းချမ်းရေးသည် ပေးဆပ်ခြင်းဖြစ်သည်။ ရယူခြင်းမဟုတ်ပါ။ အဖွဲ့နှစ်ဖွဲ့တွေ့ဆုံသည်အခါ ငွေနှင့်မိမိတို့
ဂုဏ်အတွက်ကိုသာ မြှင့်တင်ခြင်းမဟုတ်ဘဲ သဘောထားကြီးစွာနှင့် တစ်ဦးပေါ်တစ်ဦး မျှတသောစိတ်၊ မှန်ကန်
သောစိတ်သဘောထားကို ထားရှိကာ နိုင်ငံအတွင်း စည်းလုံးညီညွတ်သောသဏ္ဍာန်ကို ဖော်ဆောင်ပြီးတိုင်းရင်း
သားပြည်သူအကျိုး၊ တိုင်းပြည်အနာဂတ်ကောင်းစားရေးအတွက်လုပ်ဆောင်ခြင်း ဖြစ်ပါသည်။
၂။ ငြိမ်းချမ်းရေးသည်တစ်ဦးပေါ်တစ်ဦး အနိုင်ယူခြင်း သို့မဟုတ် အကျပ်ကိုင်လက်နက်ချခိုင်းခြင်း၊ အင်အား
ကြီးသူသည် အင်အားငယ်သူအပေါ် အခွင့်ကောင်းယူခြင်း၊ တစ်ဖက်သား၏ဂုဏ်ကို ရှုတ်ချသော အသုံးအနှုန်းနှင့်
ပဋိပက္ခဖြစ်စေသော စကားလုံးနှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ကိုဖယ်ရှားပြိး သူတစ်ပါး၏အကျိုးကို
ကိုယ့်အကျိုးကဲ့သို့ဖြစ်အောင်လုပ်ဆောင်ခြင်း ဖြစ်သည်။
၃။ ငြိမ်းချမ်းရေးသည် စားပွဲပေါ်တွင် နှစ်ဦးနှစ်ဖက်ဆွေးနွေးတိုင်ပင်ကာ လူထုအတွက် အကောင်းဆုံးအဖြေ
ရှာသော ကိစ္စဖြစ်သည်။ တစ်ဖက်သားအပေါ် မကောင်းသော မူဝါဒဖြန့်ခြင်း၊ အသရေဖျက်ရှုတ်ချခြင်း၊ တိုင်းရင်း
သားတို့၏စည်းလုံးညီညွတ်မှုကို ဖျက်ဆီးအောင်လုပ်ခြင်း၊ တိုင်းပြည်၏ပြိုကွဲမှုကို စစ်ရေးအရ သို့မဟုတ် နိုင်ငံရေး
အရ ဖန်တီးပြီး အနိုင်ယူခြင်း မဟုတ်ပါ။
၎။ ငြိမ်းချမ်းရေးလုပ်ရာတွင် တစ်ကိုယ်ကောင်းဆန်းစိတ်ကို ဖယ်ရှားပြိး ရိုးသားဖြောင့်မတ်သောစိတ်ဖြင့်
အနာဂတ်အဆက်ဆက်တွင် ဆက်လက်ထိန်းသိမ်းရမည့်ကိစ္စဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် ခိုင်မာသော
ကတိသစ္စာကို အလေးထား၍ လက်တေ့အွ ကောင်အထည်ဖော်ခြင်း ဖြစ်သည်။
၅။ ငြိမ်းချမ်းရေးသည် တစ်ဖက်သားအပေါ် အာဏာကိုအလွဲသုံးစားပြုလုပ်ပြီး ကြံစည်လုပ်ကြံထောင်ချောက်
ဆင်ကာ မိမိတို့တစ်ဖက်သတ်အကြံအစည်ဖြစ်မြောက်ရန် သူတစ်ပါးချောက်တွန်း၍ အသက်ကိုပါ ထိပါးသော ကြံ
စည်ခြင်းမဟုတ်။ မိမိတို့အမှားကို ဖုံးအုပ်ထားနိုင်ရန် သူတစ်ပါးအပေါ် အပြစ်တင်ပုံချ၍ အကျိုးမရှိသည့်ကိစ္စကို
ဖယ်ရှားထိန်းသိမ်းရမည့်အရာ ဖြစ်သည်။
၆။ ငြိမ်းချမ်းရေးသည် လူအများ၏ အလိုဆန္ဒကို ဖြည့်စွက်ပြီး မိမိတို့အာဏာကိုသာ တည်တံ့ခိုင်မြဲအောင် စွဲ
ကိုင်မထားဘဲ တိုင်းပြည်၏အနာဂတ်ဖြစ်ပေါ်လာရေးအတွက် ပြည်သူတို့၏အခွင့်အရေးကို လွတ်လပ်စွာရွေးချယ်
ပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်ကို လေးစားအတည်ပြုသော အရာဖြစ်သည်။
၇။ ငြိမ်းချမ်းရေးသည် ပေးဆပ်ဝေငှခြင်း၊ သူတစ်ပါးပိုင်ဆိုင်မှုကို အသိအမှတ်ပြုခြင်းနှင့် ကောင်းမွန်သော
အတွေးအခေါ်နှင့်အကြံပြုခြင်းကို ပွင့်လင်းစွာနွေးထွေးလက်ခံခြင်း၊ လူထု၏အားကိုးအားထားမှုကို အကောင်
အထည်ဖော်ခြင်း ဖြစ်သည်။ မိမိတို့၏အာဏာတည်မြဲစေရန် ဥပဒေကို လက်တစ်လုံးခြားအသုံးပြုခြင်းနှင့် တိုင်း
ပြည်၏အနာဂတ်ကို ဆိုးဝါးစေရုံသာမက မုန်းတီးခြင်း၊ ညီညွတ်မှုကို ကွဲပြားအောင်လုပ်သောအရာမဟုတ်ဘဲ
စည်းလုံးညီညွတ်မှုနှင့် ထာဝစဉ် ငြိမ်းချမ်းသောဘ၀ကို ဖန်တီးခြင်း ဖြစ်သည်။
အထူးအားဖြင့် ယခု NDFပါတီနှင့် ကျွန်တော်တို့ NDFပါတီနှင့် မြ၀တီမြို့နယ်ပြည်သူလူထုတွေ့ဆုံပွဲတွင်
KNU-KNLAငြိမ်းချမ်းရေးကောင်စီ(၇၀၁)တပ်ရင်းမှူး အပါအ၀င် တပ်ဗိုလ်တပ်သားများဟာ ပြည်သူလူထုရဲ့အ ကျိုးကို ပူးတွေဲဖော်ဆောင်ရပ်တည်ပြီး ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက် ကာကွယ်ပေးနေတာ ဖြစ်တယ်။ ယခုမြမဉ္ဖူတောင်ခြေမြေယာကိစ္စကို ငြိမ်းချမ်းရေးကောင်စီအနေနဲ့ NDFပါတီနဲ့ ပူးတွဲကာကွယ်ရခြင်းမှာ ငြိမ်းချမ်းရေးလမ်းစဉ်နှင့်သော်လည်းကောင်း၊ နိုင်ငံတော်၏မူဝါဒလမ်းစဉ်နှင့်သော်လည်းကောင်း၊ ညီညွတ်သောလုပ်ဆောင်ချက်သာ ဖြစ်ပါသည်။ ငြိမ်းချမ်းရေးကောင်စီဥက္ကဌကြီး ဗိုလ်ချုပ်ကြီးစောဌေးမောင်ကိုယ်တိုင်ပြောထားသည်မှာ….
“တို့များတော်လှန်ရေးလုပ်တာ နှစ်ပေါင်းများစွာ ပြည်သူလူထုက ကျေွး သောထမင်းကို စားခဲ့ရ ပြီး ပြည်သူ
ကို ဘာတစ်ခုမှ မလုပ်ပေးလိုက်ရပါ။ ယခုတော့ ပြည်သူတွေကို ကာကွယ်ရမည်။ စောင့်ရှောက်ရမည်။ ပြည်သူ့
အကျိုး သယ်ပိုးရမည်။ မိမိတို့ရောက်ရှိရာ ဒေသအတငွ်းမှ ရပ်ရွာဖံြွ့ဖိုးရေး၊ လမ်းပမ်းဆက်သွယ်ရေးတွေကို ဒေသအဇွဲ့အစည်းအားလုံးနှင့် ပူးပေါင်းပြီး ဆောင်ရွက်ရမည်” လို့ မိန့်ကြားထားပါတယ်။
ယခု မြမဉ္ဖူကိစ္စကို ကျွန်တော်တို့ အမှတ်(၇၀၁)တပ်ရင်းနှင့် NDF ပါတီတို့ ပူးပေါင်းပြီး နိုင်ငံတော်ကို
တင်ပြခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေန့လဲ ည်း ၄င်းမြမဉ္ဖူမြေယာကိစ္စကို လျင်မြန်ဖျတ်လတ်စွာ တလေးတစား
အရေးယူဆောင်ရွက်ပေးလို့လည်း မြမဉ္ဖူမြေယာကိစ္စမှာ စိစစ်တိုင်းထွာပြီးဖြစ်၍ ဂရမ်ထုတ်ရန်သာ ကျန်ရှိပြီး
ပြည်သူ့လက်တွင်းသို့ လက်ရောက်ရရှိပြီး ဖြစ်သည်။ ဒါကြောင့် နိုင်ငံတော်အစိုးရကိုလည်း ယခုကဲ့သို့
အရေးတယူဆောင်ရွက်ပေးသည့်အတွက် လေးစားစွာနှင့် ကျေးဇူးတင်ပါတယ်။ နောင်ကိုလည်း ပြည်သူကတင်ပြ
လာခဲ့သည်ရှိသော်KNU-KNLAငြိမ်းချမ်းရေးကောင်စီ(၇၀၁)တပ်ရင်းနှင့် NDF ပါတီတို့ ပူးပေါင်းဆောင်ရွက်ပေး
သွားမည်ဖြစ်ကြောင်းကို နိုင်ငံတော်အစိုးရနှင့် ပြည်သူများအားလုံးကို အသိပေးပါသည်။ ကရင်နှင့်မြန်မာ
နှစ်ပေါင်း(၆၀)ကျော် စစ်ပွဲကိုအဆုံးသတ်ပြီး ငြိမ်းချမ်းရေးနှင့် ဖံြွ့ဖိုးရေးကို ဦးတည်ရာတွင် ကျွန်တော်တို့ အနေဖြင့်
ပြည်ထောင်စုအစိုးရနှင့် အများပြည်သူတို့၏ကောင်းကျိုးကိုသာ ဖြစ်စေချင်ပါသည်ဟု ဆန္ဒပြုရင်း နိဂုံးချု့ပ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။

ထို့နောက် ဒုတိယသဘာပတိ ဦးစိန်လှဦးမှ အမှာစကားပြောကြားပြီး တောင်သူလယ်သမားများ၏
တင်ပြချက်များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က ပြန်လည်ဖြေကြားရှင်းလင်းပြောကြားခဲ့
သည်။ မြမဉ္ဖူတောင်ခြေရှိ လယ်ယာမြေ၁၉၆ဧက ပြန်လည်ရရှိခြင်း၊ သင်္ဃန်းညီနောင်ရှိ တပ်သိမ်းမြေ ၄ဧက
ပြန်လည်ရရှိခြင်း၊ သာမညတောင်၊ ၀ဲကရင်ရွာရှိ ရော်ဘာစိုက်ခင်းမှ လယ်သမားပိုင်စိုက်ဧက ၃၆ဧက ရရှိရန်
ကုမ္ပဏီနှင့် ညှိနှိုင်းနေခြင်းများကို ရှင်းလင်းပြောကြားခ့သဲ ည်။ NDF ပါတီ အတင်ွရေးမှူး ဦးကြည်သန်းက NDF
ပါတီပေါ်ပေါက်လာပုံအကြောင်း၊ ပါတီမူဝါဒလမ်းစဉ်နှင့် ပါတီ၏ဆောင်ရွက်ချက်များနှင့် လုပ်ဆောင်နေမှုများ၊
ပြည်သူလူထုအရေးအတွက် ပါတီအနေဖြင့် ကူညီ ဆောင်ရွက်နေမှုများ၊ လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပ
ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခ့သဲ ည်။
ထို့နောက် စုပေါင်းသတင်းစာရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခ့သဲ ည်။KNU-KNLAငြိမ်းချမ်းရေးကောင်စီ
အနေဖြင့် မြ၀တီနှင့် ကရင်ပြည်နယ်အတွင်း ပြည်သူလူထု၏အခက်အခဲများကို NDF ပါတီနှင့် လက်တွဲ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ပြင် လာမည့်ကရင်နှစ်သစ်ကူးနေ့တွင် တက်ရောက်
ရန်အတွက် NDFပါတီခေါင်း ဆောင်များအား မြ၀တီသို့ ဖိတ်ကြားသွားရန် KNU-KNLAငြိမ်းချမ်းရေးကောင်စီ
အနေဖြင့်ဆန္ဒရှိကြောင်း သတင်းရရှိပါသည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s