ထန်းကုန်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ပြန်လည် ငြိမ်သက်

ထန်းကုန်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ပြန်လည် ငြိမ်သက်

မုံရွာ၊ သြဂုတ် ၂၅

1230004_544190702296404_955797182_n

1004692_621745324512397_342810978_n

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နှင့် ဆယ်မိုင်ခန့် အကွာတွင် တည်ရှိသော ထန်းကုန်းမြို့တွင် သြဂုတ်လ ၂၄ ရက်နေ့ ညက အစ္စလာမ်ဘာသာဝင် သုံးဦးက ၁၉နှစ် အရွယ် မိန်းကလေးငယ်ကို အဓမ္မ ပြုကျင့်သည်ဟု သတင်းများ ထွက်ပေါ်ရာမှ စတင်ခဲ့သော ပဋိပက္ခမှာ ယနေ့ သြဂုတ်လ ၂၅ ရက်နေ့တွင် တည်ငြိမ်မှု ရှိနေပြီ ဖြစ်ကြောင်း ကန်ဘလူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်နင့် ထန်းကုန်း ဒေသခံများ က ပြောကြားသည်။

အစ္စလာမ် ဘာသာဝင် သုံးဦးက ၁၉ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မ ပြုကျင့်သည်ဟု သတင်းများ ထွက်ပေါ်ရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့် ထန်းကုန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၃၀၀ နီးပါးခန့် ရောက်ရှိနေပြီး နေရာ အနှံ့အပြားတွင် လုံခြုံရေး ရယူထားကြောင်း၊ မီးသတ်ကား ခုနစ်စီးခန့် ထန်းကုန်းမြို့တွင် ရောက်ရှိနေပြီး၊ အခြေအနေမှာ တည်တည်ငြိမ်ငြိမ် အနေအထားတွင် ရှိကြောင်း အသက် ၅၀ နှစ်အရွယ် ထန်းကုန်းမြို့ခံ အမျိုးသား တစ်ဦးက သြဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီခန့် အချိန်တွင် The Voice ၏ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းမှု ကို ပြန်လည် ဖြေကြားသည်။

“ထန်းကုန်းမြို့ပေါ်က အစ္စလာမ်ဘာသာဝင် တချို့တွေလဲ ကန့်ဘလူဘက်ကို လိုက်ထရပ် ကားတွေနဲ့၊ သုံးဘီးတွေနဲ့ ရွှေ့ပြောင်းနေတာတွေ ရှိသလို ဒေသခံတွေလည်း နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း တွေမှာ သွားပြီး နေကြတာတွေတော့ ရှိတယ်” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

အဓမ္မ ပြုကျင့်ရန် ကြံစည်ခံရသူမှာ ထန်းကုန်းနှင့် တစ်မိုင်ခန့်သာဝေးသော ဇီးပင်သာ ကျေးရွာသူ ဖြစ်ပြီး ထန်းကုန်းကျေးရွာရှိ ဆံပင် ရောင်း/ဝယ်ဆိုင် မှ ပြန်လာစဉ် ထန်းကုန်းနှင့် ဇီးပင်သာကျေးရွာ အကြား အရောက်တွင် ထန်းတောကျေးရွာနေ ဆန်းမင်းဦး (ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့် စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာ ကျေးရွာဘက်မှ အမျိုးသား တစ်ဦး ရောက်ရှိလာသဖြင့် ဆန်းမင်းဦးသည် ထန်းကုန်း ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သော်လည်း ဝိုင်းဝန်း ဖမ်းဆီးသဖြင့် ဖမ်းဆီး ရမိခဲ့ကြောင်း၊ ဆန်းမင်းဦးကို ထန်းကုန်း ရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန်အတွက် ညပိုင်းတွင် ရွှေဘို အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ The Voice က ထန်းကုန်း ဒေသခံများကို ပဋိပက္ခ စတင်ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းရာတွင် “လမ်းက လူလည်း ပြတ် တယ်။ ကောင်မလေး တစ်ယောက်တည်း လျှောက်လာတာ မြင်တော့ ရည်းစားစကား ပြောပြီး ဆွဲလား၊ ရမ်းလား လုပ်တာကို လမ်းသွားလမ်းလာ တစ်ယောက်က တွေ့သွားတော့မှ ထွက်ပြေး သွားကြတာ” ဟု ထန်းကုန်းဒေသခံ အမျိုးသား တစ်ဦးက ပြောကြားသည်။

“လမ်းတွေမှာ ပုံမှန် သွားလာနေတဲ့သူတွေ ရှိပါတယ်။ ထန်းကုန်းမြို့ပေါ်မှာ တချို့ဆိုင်တွေ ပိတ်ထား ပေမယ့် တချို့ဆိုင်တွေကလည်း ပုံမှန် ဖွင့်လှစ် ရောင်းချနေတာ တွေ့နေရပါတယ်။ ဒေသခံတွေ အများစု ပြောဆိုနေကြတာကတော့ မိန်းကလေးကို အဓမ္မပြုကျင့်တဲ့ အဆင့် အထိ မရောက်လိုက်ဘဲ ဆွဲလားရမ်းလား လုပ်တယ်လို့ ပြောနေသံတွေ ကြားရတယ်။ ကျွန်မဆိုင်က ဘာမှမဖြစ်ပါဘူး” ဟု ထန်းကုန်းမြို့တွင် ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ အမျိုးသမီး တစ်ဦးက ဆိုသည်။

အဆိုပါ ပြစ်မှုကျူးလွန်ရန် ကြံစည်သူကို ထန်းကုန်း ရဲစခန်းတွင် ဖမ်းဆီး ထားစဉ် ၎င်းကို ထုတ်ပေးရန် လူ ၃၀၀ ကျော်က ရဲစခန်းကို ဝိုင်းဝန်းကာ တောင်းဆိုခဲ့သဖြင့် ရဲစခန်း၏ နောက်ဖေးပေါက်မှ ခေါ်ဆောင် ကာ ကန့်ဘလူမြို့နယ် ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ထန်းကုန်း ရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကန့်ဘလူက ရဲတွေ အကုန်လုံးကလည်း အဲဒီကို ရောက်နေတော့ သူ့ကို လုံခြုံရေး မပေးနိုင်လို့ ရွှေဘိုကို ညတွင်းချင်း ပို့လိုက်တယ်လို့ မနက်က လက်ဖက်ရည်ဆိုင်မှာ ပို့ပြီး ပြန်လာတဲ့ ရဲတစ်ယောက်နဲ့ တွေ့တော့ ပြော တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အကြမ်းဖက်မှုများကြောင့် ကန့်ဘလူမြို့နယ် ကျေးရွာ အချို့ တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အစီအစဉ်ဖြင့် လုံခြုံရေး ကင်းများ ချထားကြောင်း ထန်းကုန်းကျေးရွာနှင့် ခုနစ်မိုင်ခန့် ဝေး သည့် တောက္ကရှပ် ကျေးရွာတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

“အခုကတော့ အခြေအနေက ငြိမ်နေပါတယ်။ ကောလာဟလတွေတော့ ကြားနေတုန်းပဲ။ လူ ၁၅ ယောက်လောက် အဖမ်းခံရတယ်လို့ ကြားတယ်။ ထန်းကုန်းက လူတွေတော့ မပါနိုင်ပါဘူး။ အနီးနားက ရွာတွေက ရောက်လာ ကြတာ။ ညတုန်းက ဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ သတိထားနေရတာ။ ပြန်ဖြစ်မှာကို နည်းနည်းတော့ စိုးရိမ်နေသေးတယ်” ဟု အကြမ်းဖက်မှု စတင်ရာ ထန်းကုန်းမြို့ခံ အမျိုးသား တစ်ဦးက ဆိုသည်။

မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၃၉ လုံး၊ ဈေးဆိုင်ခန်း သုံးခန်း၊ ကြက်ခြံ တစ်ခြံတို့ မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် သုံးလုံး၊ ဈေးဆိုင်ခန်း ၁၂ ခန်း၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် သုံးဆိုင်တို့ ရိုက်ချိုး ဖျက်ဆီးခံခဲ့ ရကြောင်း နိုင်ငံပိုင် ရုပ်သံ မီဒီယာများတွင် ဖော်ပြသည်။

“ပထမ အစက အိမ်တွေကို မဖျက်ဆီးသေးပါဘူး။ ဈေးထဲက အစ္စလာမ် ဘာသာဝင်တွေ ပိုင်တဲ့ ဆိုင်ခန်းတွေ အရင်ဖျက်၊ ပစ္စည်းယူပြီးမှ အိမ်တွေကို မီးရှို့တာ မူးရိုး တစ်လျှောက်ရှိတဲ့ အိမ်တွေ အကုန်ပါသွားတယ်။ အိမ်ခြေ ကတော့ ၄၀ ကျော်လောက် ရှိတယ်။ ဆန်စက်တစ်လုံး ပါသွားတယ်။ ကြက်ခြံက ရွာအပြင်မှာရှိတဲ့ ခြံက ကြက်အကောင်ရေ ၄၀၀၀ မွေးထား တယ်” ဟု ၎င်းပိုင် နေအိမ်နှင့် ကြက်ခြံကို မီးရှို့ခံရသူ ထန်းကုန်း ဒေသခံ တစ်ဦးက ဆိုသည်။

ကိုသက် (မုံရွာ)၊ ချိုသဲကြည် (ရွှေဘို)၊ အောင်မျိုးထက်

Around 1,000 people set buildings on fire in a village in Sagaing Region last night after rumor spread of an attempted rape against a nineteen year old girl by a young Muslim man.

Residents from villages in Htankone administrative unit in Sagaing region gathered in front of the local police station and demanded the culprit to be turned over.

The mob started setting buildings on fire in Htankone Village around 9 pm and seven shops and around 15 houses have been destroyed.

Around fifty policemen have been trying to control the situation and the Minister of Border and Security of the Sagaing regional government has also arrived at the village. Fire trucks from nearby townships have also arrived to extinguish the fire, according to the reporter from the Daily Eleven who has arrived at Htankone Village.

“I didn’t see any head on between the two groups, but the fire that has been blazing since 9 pm still has not been extinguished yet. I learnt that the person who attempted rape has now arrived at Kantbalu Police Station. The local residents are worried about riots as there are many Muslims in Kanbalu area. I still don’t know the details,” the reporter said around midnight yesterday.

According to update news, the fire is still blazing around 1 am this morning and the authorities are still trying to control the situation.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s