Thurein Htay
တောက် !! မပြောချင်လို့ကို မရဘူးကွာ ..
ဟိုတလောက ကြားမိလိုက်ကြလေသလား မသိဘူး ။ ဗြိတိန် လေဘာပါတီခေါင်းဆောင် အက်ဒ်မီလီဗန့် တစ်ယောက် လန်ဒန်တောင်ပိုင်း မဲဆွယ်ခရီးစဉ်မှာ ကြက်ဥနဲ့ ပြစ်ပေါက်ခံရတာ ။ အဲဒီသတင်း ။ ကျုပ်က ဘာကိုမှ တိတိကျကျ မှတ်မထားတတ်တဲ့ကောင်ဆိုတော့ ဘယ်နေ့ ဘယ်ရက်ဆိုတာတော့ လာမမေးနဲ့ ။ မသိဘူး ဆိုတဲ့ အဖြေပဲရမယ် ။ ဆိုလိုတာက ဘယ်နေ့ ဘယ်ရက်ဆိုတာထက် ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ဖြစ်ပေါ်လာပုံ အခြေအနေကပဲ ဒီနေရာမှာ ပဓါနကျတယ်လို့ ဆိုချင်တဲ့ သဘောပါ ။
ကြက်ဥနဲ့ပစ်ပေါက်ခံရတဲ့ လေဘာပါတီခေါင်ဆောင်ဟာ ပေရေနေတဲ့ အပေါ်အင်္ကျီကို ချွတ်ပြီး ပကတိဖေါ်ရွေတဲ့ အပြုံးနဲ့ပဲ ဒီကိစ္စဟာ သူ့အတွက် ဒါပထမအကြိမ်တောင် မဟုတ်ပါဘူးတဲ့ ဖြစ်လေ့ဖြစ်ထ ကိစ္စဖြစ်သလို ထူးဆန်းတဲ့ကိစ္စလည်းမဟုတ်ကြောင်း ပရိသတ်တွေနဲ့ ရယ်ရယ်မောမော ပြောနေကြတာပါပဲ ။ အရည်အချင်းရှိတဲ့ သူတွေရဲ့ သဘာဝလေ ။ အမှန်တော့ ဒါဟာ သူ့အတွက် ပထမဦးဆုံးတောင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ မဟုတ်ဘူးဆိုရင် သတင်းစာဆရာက ဘယ်နေရာမှာ သူ အယင်တစ်ကြုံဖူးပြီပေါ့ ဒီလိုဖေါ်ပြပေးမှာ ။
ပြစ်ပေါက်လိုက်တဲ့သူကလည်း ပြောတယ်ဗျာ သတင်းသမားတွေကို ။ သူတို့က ဘဏ်တွေကိုပဲ မျက်နှာသာပေးကြောင်း ဆင်းရဲသူ ဆင်းရဲသားတွေကို ဘာမှမလုပ်ပေးကြောင်း ဒါကြောင့် သူ့ကို အယုံအကြည်မရှိကြောင်း ၊ လူတစ်ယောက်ဟာ ဆင်းရဲတယ်ဆိုရင် အဲဒီလူကို သူတို့ဟာ ဝန်ထုတ်ဝန်ပိုး တစ်ခုလို့ သတ်မှတ်ကြောင်း သူ့ခံစားချက်တွေ ခံစားနေရတာတွေ အကုန်ဖွင့်တာပါပဲ ။ ဟုတ်တာပေါ့ ။ ဒီအခြေအနေက ဘက်လုနေကြရတဲ့အချိန် ။ ကြက်ဥနဲ့ ပစ်ပေါက်တဲ့သူကို မှားတယ်လို့ အပြစ်ပေါက်ခံရသူကရော တခြားသူတွေကပါ မှားတယ် ရိုင်းတယ် အောက်တန်းကျတယ် အပြစ်တစ်စုံတစ်ရာ ပြောတာ မကြားမိပါဘူး ။
ဟော ကြားမိရုံဘယ်ကမလဲကွာ ဒီမြန်မာပြည် လူ့အခွင့်အရေးဆန်တဲ့ မဟာတိုင်းပြည်ကြီးမှာ ။ သေကြ ကြေကြ အသက်ကိုတောင်ပဓါနမထားနိုင် ကြတဲ့ ဒီလူမှုရေး ပဋိပက္ခ အကြိတ်အနယ် အရေးအခင်းကြားမှာ လုပ်ပိုင်ခွင့် လက်တစ်ဆုပ်စာကို ထင်သလိုသုံးပြီး ငွေမျက်နှာနဲ့ တစ်ဖက်သတ်အစီရင်ခံစာ ရေးခဲ့သူ ကင်းတားနားဆိုတဲ့ အကောင်ကို ဒေသခံပြည်သူတွေက မကြေနပ်ကြောင်း ဖေါ်ထုတ်ကန့်ကွက်တာကို ၈၈ လား ဘာလားတော့ မသိဘူး အမည်ခံအကောင်တွေက တီကောင်ကို ပြာပူပေါ်ချသလို အောင်မျာလေး အမယ်မိ နာလိုက်ကြလေခြင်း ။ ပြောလိုက်ကြလေခြင်း ။ ဒီကောင်တွေအကြောင်း နောက်မှပြောမယ် စာရှည်မှာစိုးလို့ ။ ဒါပေမယ့် မင်းတို့အမေကို ကင်တားနားပေးလိုက်ကွာ လို့တော့ ပြောချင်တာ ပါးစပ်ကိုယားနေတာပဲ ။ မပြောတော့ဘူး ။
ကဲ ဒီနေရာမှာ ကျနော်ပြောချင်တာ ကင်တားနွားအကြောင်း ။ ဒီကောင်က မြန်မာပြည်လာတော့ မဟာလူသားလိုလို ဘာလိုလို ။ တကယ့်သမာဓိအပြည့်နဲ့ အမှန်တရားကို ဖေါ်ထုတ်မယ် တင်ပြမယ် ဒီစတိုင်ပေါ့ ။ ဒါပေမယ့် သူ့လုပ်ရပ်က သူ့ကိုရောင်ပြန်ဟပ်တော့ ဘာပြောကောင်းမလဲ တငိုငို တရီရီနဲ့ ဆိုးလိုက်တဲ့ ဖြစ်ပုံဗျာ ။ ဒါဟာ တကယ့် အရည်အချင်းရှိတဲ့ လူကြီးလူကောင်းတွေရဲ့ အမူအကျင့် အရည်အသွေးလား ။ ဘာမဟုတ်တဲ့ ဒီအဆင့် အခက်အခဲကလေးကိုတောင် ဒီလောက် အမူအယာပျက်သွားရတဲ့သူဟာ ဘယ်လိုလုပ် လူမျိုးခြား နှစ်ခုတို့ရဲ့ လျို့ဝှက်နက်နဲတဲ့ ပြသနာဇစ်မြစ်နဲ့ အခြေအနေကို အမှန်အတိုင်းနားလည်သဘောပေါက် နိုင်ဖို့ အဖြေရှာဖို့ အရည်အချင်း ဘယ်မှာလဲ ဒီကောင့်မှာ ။ ဘဝင်တစ်ခွဲသားနဲ့ အထင်အမြင်သေးပြီး မြန်မာပြည်မို့ အကြိမ်ကြိမ်လာရဲတာ ။ တစ်ခြားတိုင်းပြည်မှာဆိုရင် ဒီကောင့်လုပ်ရပ်က ဇက်ပြတ်ဖို့နီးစပ်တယ် ။ မြန်မာပြည်ဆိုရင်လည်း မှတ်လောက်သားလောက် နားရွက်ကလေးတစ်ဖက်လောက်တော့ နမူနာယူထားလိုက်သင့်တာပဲ ။
ဗြိတိန်လေဘာပါတီ ခေါင်းဆောင် ငြိမ်းချမ်းတဲ့သူတို့တိုင်းပြည်မှာတောင် လူထုနဲ့ထိတွေ့ဖို့ ကြက်ဥစာ အကျွေးခံရတယ် ။ လူမှုရေးပဋိပက္ခမီးတောက်ကြားမှာ တစ်ဖက်သတ်သွားလုပ်တဲ့ ကင်တားနားဆိုတဲ့ကောင် မိတ္ထိလာမှာ လူထုက ညင်ညင်သာသာ နှုတ်ဆက်တာလေးကိုတောင် အပြဲအပြဲ ငိုသွားတာ ကို မချိအောင်နာကြတဲ့ ကိုအဝှာတွေ ဘာကိုကြည့်ပြီး အသည်းဆာရတာပါလိမ့် ။ ဘာကိုကြောက်ပြီး သူတို့နဲ့ လုံးဝမပါတ်သက်ပါကြောင်း ဗလုံးဗလောင်းနဲ့ အရူးမောင်းတီးသလို ဖြစ်ကြတာလဲ ဟူ၍ မပြောချင်သော်လည်း အံခဲမနိုင်လေသောအခါ ဖွင့်၍ ဖွင့်၍ ဟမိပါကြောင်း ။
သူရိန်ဋ္ဌေး ။ ( ၂၂ . ၈ . ၂၀၁၃ )