U WIRA THU: “အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (အင်းစိန်-ဗဟို) အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး အရှင်တိလောကာဘိဝံသ၏ လက်ရာတော်တစ်ပုဒ်ပါ”

 

1175543_312891382187710_1998096402_n-11208506_312891372187711_611318482_n

 

“အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (အင်းစိန်-ဗဟို) အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး အရှင်တိလောကာဘိဝံသ၏ လက်ရာတော်တစ်ပုဒ်ပါ”
***************************************************************
အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးအတွက် ကြိုးပမ်းမှုထဲမှာ ထိပ်ဆုံးက ဦးဆောင်နေသည့် ဆရာတော်ကြီးပါ။ သက်တော်ရွယ်တော်အရ ကိုယ့်တရားနှင့်ကိုယ် နားအေးပါအေးနေရမည့် အချိန်ရောက်နေပြီ ဖြစ်သော်လည်း အမျိုးဘာသာ သာသနာအတွက် ရတက်မအေးရှာ၍ ဇရာ-ဒုဗ္ဗလ (အိုးမင်းမစွမ်း) လောကဓံကို အန်တုလျက် ချီတက်နေတော်မူသော ဆရာတော်ဘုရားကြီး၏ စေတနာကို ခံစားနားလည်ကြည့်စေချင်ပါတယ်။
(နေ့စဉ် ဆက်လက် တင်ပြသွားပါ့မယ်။)

“နိုင်ငံ့သစ္စာစောင့်သိသူ (၁)”
******************
အရှင်တိလောကာဘိဝံသ (အင်းစိန်)ဇွန် ၁၁၊ ၂၀၁၃
မိမိနေထိုင်ရာ နိုင်ငံ၏ ကျေးဇူးသစ္စာကို လိုက်နာသူ စောင့်ထိန်းသူ ကာကွယ်သူများကို နိုင်ငံ့သစ္စာစောင့်သိသူဟု ဆိုရမည်။ နိုင်ငံသားတိုင်းသည် မိမိနေထိုင်ရာနိုင်ငံ၏ အချုပ်အခြာအာဏာကို၊
အမျိုးဘာသာ သာသနာကို၊
ယဉ်ကျေးမှုကို
လိုင်နာဖို့၊ စောင့်ထိန်းဖို့ ကာကွယ်ဖို့ သစ္စာစောင့်ဖို့ တာဝန်ရှိသည်။ ထိပါးနှောင့်ယှက်သူများကိုလည်း တွန်းလှန်ဖို့ တာဝန်ရှိသည်။

“နိုင်ငံ့ သစ္စာဖောက်သူများ (၁)”
အရိပ်နေနေ အခက်ချိုးချိုး၊ သားရေပေါ်အိပ် သားရေနားစား လုပ်သူများသည် တိရစ္ဆာန်စိတ်မွေးသူများဖြစ်သည်။ နိုင်ငံ့သစ္စာဖောက်သူများသည်၊ မိမိက မြန်မာနိုင်ငံမှာနေ၊ မြန်မာ့ရေသောက်၊ မြန်မာ့ဆန်စား၊ မြန်မာ့အရိပ်ခိုနေပါလျက် အခြားနိုင်ငံ အခြားလူမျိုး အခြားဘာသာအတွက် အကျိုးဆောင်နေသူများသည် နိုင်ငံ့သစ္စာဖောက်ဖျက်သူများဖြစ်သည်။
နိုင်ငံ့သစ္စာဖောက်သူများကို အားပေးနေသူ ကူညီနေသူ ဖေးမနေသူ စောင့်ရှောက်ပေးနေသူများသည်လည်း ရဟန်းဖြစ်စေ၊ ရှင်ဖြစ်စေ၊ လူဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ စီးပွားရေးသမားဖြစ်စေ၊ နိုင်ငံ့ခေါင်းဆောင်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ အနုပညာရှင်ဖြစ်စေ၊ ဘယ်သူမဆို နိုင်ငံ့သစ္စာဖောက်သူများဖြစ်သည်။
ထိုသူများကို ဝိုင်းပယ်ဖို့ အားမပေးဖို့ မဲမပေးဖို့ အမျိုးဘာသာ သာသနာချစ်သူတိုင်း နိုင်ငံချစ်သူတိုင်း တာဝန်ရှိသည်၊ တာဝန်ယူကြရမည်။

“နိုင်ငံ့သစ္စာဖောက်သူများ (၂)”
နိုင်ငံရေးသများ နိုင်ငံ့သစ္စာဖောက်များ…….
နိုင်ငံရေးသမား နိုင်ငံ့ခေါင်းဆောင်လုပ်လိုသူများသည် နိုင်ငံ့သစ္စာစောင့်သိသူ နိုင်ငံသားတိုင်းအပေါ် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်သည် မှန်သော်လည်း နိုင်ငံသားအမည်ခံ နိုင်ငံ့သစ္စာဖောက်သူများကို အားပေးလျှင်၊ ကူညီလျှင် ယင်းနိုင်ငံရေးသမား နိုင်ငံ့ခေါင်းဆောင်များသည်လည်း နိုင်ငံ့သစ္စာဖောက်များ ဖြစ်သည်။
ယခုအခါမှာ မြန်မာ့နိုင်ငံရေးခေါင်းဆောင် အမည်ခံနိုင်ငံရေးသမားအချို့သည် တိုင်းတပါး သြဇာခံ အထောက်အပံ့ခံ ဘာသာခြားများဘက်က ရပ်တည်ပေးနေကြသည်၊ လူမျိုးခြား ဘာသာခြားတို့၏ အပြစ်ကို ရေငုံနှုတ်ပိတ်နေကြသည်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာဘက်ကိုသာ အပြစ်ပုံချပေးနေကြသည်။
အဆိုပါ နိုင်ငံရေးသမားများသည် မြန်မာနိုင်ငံ့သစ္စာဖောက်များ ဖြစ်နေကြသည်၊ သတိပြုမိကြပါစေ။

“နိုင်ငံ့သစ္စာဖောက်များ (၃)”
မြန်မာ့နိုင်ငံ့သားတိုင်းသည် မြန်မာနိုင်ငံ၏ အမျိုးဘာသာ သာသနာကို ကာကွယ်ရမည်၊ စောင့်ရှောက်ရမည်၊ မြန်မာနိုင်ငံ၏ အမျိုးဘာသာ သာသနာကို မကာကွယ် မစောင့်ရှောက်ဘဲ ဖျက်လိုဖျက်ဆီး လုပ်လျှင်သော်လည်းကောင်း၊ တိုင်းတပါး၏ သြဇာခံ အထောက်အပံ့ခံဖြစ်လျှင် သော်လည်းကောင်း မြန်မာ့နိုင်ငံသစ္စာဖောက် ဧကန်ဖြစ်မည်။
မြန်မာ့နိုင်ငံရေးခေါင်းဆောင်အမည်ခံ နိုင်ငံရေးသမားများသည်လည်း မြန်မာနိုင်ငံ၏ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသည်။ မကာကွယ် မစောင့်ရှောက်ဘဲ တိုင်းတပါး၏ သြဇာခံအထောက်အပံ့ခံ နိုင်ငံ့သစ္စာဖောက်များကို-
အားပေးလျှင် ကူညီလျှင် သူတို့ဖက်က ရပ်တည်ပေးလျှင်
မြန်မာ့အမျိုးဘာသာ သာသနာကို ဖျက်ဆီးရာရောက်သည့်အပြင် မြန်မာနိုင်ငံ့သစ္စာဖောက်လည်း ဧကန်ဖြစ်မည်သာ။

“တာဝန်ရှိမှုနှင့် တာဝန်သိသူ”
ဗုဒ္ဓဘာသာဝင်များ-
ဘာသာခြားများ၏ သိမ်းသွင်းခံရခြင်း၊
အခြားဘာသာသို့ ကူးပြောင်းသွားခြင်းတို့မှာ ဘာသာရေးခေါင်းဆောင် ဆရာတော် သံဃာတော်များ၏ ကြောင့်ကြမဲ့နေမှုကြောင့် အဓိကဖြစ်ကြရသည်။ ဘာသာရေးခေါင်းဆောင် ဆရာတော် သံဃာတော်များသည် မိမိဘာသာဝင်များကို အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိုင်အောင် အသိပညာဖြန့်ဖြူးရမည်၊ လမ်းညွှန်ပေးရမည်၊ ဘဝရပ်တည်နိုင်ဖို့ အသိပညာ၊ အတတ်ပညာများ သင်ပေးဖို့ လမ်းညွှန်ပေးဖို့ တာဝန်ရှိသည်။ မိမိနှင့် မဆိုင်သလို ကြောင့်ကြမဲ့နေလျှင် အင်ဒိုနီးရှား၊ မလေးရှား စသည်တို့ကဲ့သို့ အမျိုးဘာသာ သာသနာ မကြာမီ ပျောက်ကွယ်သွားမည်မှာ မလွဲပေ။
ထို့ကြောင့်……
ယခုအချိန်မှာ ဘာသာရေးခေါင်းဆောင်ဆရာတော် သံဃာတော်များသည် မိမိနှင့် မဆိုင်သလို ကြောင့်ကြမဲ့မနေသင့်တော့ပါ။
စိတ်လိုက်မာန်ပါ အကြမ်းဖက် ဖြေရှင်းနည်းများမှာလည်း မှန်ကန်သော ထိရောက်သော ဖြေရှင်းနည်းမဟုတ်ပါ။ လုပ်လည်းမလုပ်သင့်ပါ။
မှန်ကန်ထိရောက်သော နည်းတို့ကို ဝိုင်းဝန်းရှာကြံပြီး အမျိုးဘာသာ သာသနာ မပျက်သုဉ်းရေးအတွက် လုပ်ဆောင်ကြဖို့ အချိန်တန်နေပါပြီ။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s