photo credit to စိုင်းထွန်းအောင်

လူအခွင့်အရေးလို့ပြောရင် မူရင်းဒေသခံ ရခိုင်လူမျိုးတွေကလည်း လူတွေပါ အဲဒီရခိုင်တွေရဲ့ လူအခွင့်အရေးကို
ထည့်သွင်းပြောကြားခြင်း မရှိဘဲနဲ့ ဘင်္ဂါလီကိစ္စကိုပဲပြောနေမယ် ဆိုရင်တော့ ကင်တားနားရဲ့ (Mission) ဟာ ကျတော်တို့
ပြန်ပြီးတော့ မေးခွန်းထုတ်စရာဖြစ်လာလိမ့်မယ်။ အဲဒီတော့နိုင်ငံသား ဥပဒေနဲ့ ပတ်သတ်လို့ပြောရင် နိုင်ငံတကာမှာ နိုင်ငံသား
ဥပဒေအားလုံးဟာ တစ်ထပ်တည်း တစ်တန်းတစ်စားထဲ မဟုတ်ပါဘူး။ နိုင်ငံအသီးသီးရဲ့လိုအပ်ချက် နိုင်ငံအသီးသီးရဲ့ လုံခြုံရေးအရ
နိုင်ငံသား ဥပဒေကို ပြဌာန်းကြတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်။ အဲဒီ နိုင်ငံမှာ
နေတဲ့ နိုင်ငံသားတွေကသာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
If Mentioning human walfare, Those regional tribes; Rakhine,are human, too not issused Those rakhine people’s
human walfare,Only keep on repeating about the Bangali by (khintanar’s mission) are coming as a Question
derived from us.thus, there are not the same or the standard of nationalitie’s constitution at international mandate.
If speaking linked to international constitution. That constitution is just a nation’s internal case by
what it was coded as the nation’s need and nation’s security so, the people lived in that nation must make it up.
www.alodawpyei.org
– Stop Discrimination Against Arakanese. (ရခိုင်ပြည်သူတွေကိုခွဲခြားဆက်ဆံတာကိုရပ်တန့်ပါ။)
– Respect the President’s Decision. (သမ္မတကြီးရဲ့ ဆုံးဖြတ်ချက်ကိုလေးစားပါ။)
– Stop Being Unjudgement. (တရားမမျှတမူကို ရပ်တန့်ပါ။)
– UN Itself the Human Rights Violater. (UN သည်လည်း လူအခွင့်အရေးချိုးဖောက်သူသာဖြစ်သည်။)
– Don’t Bring Terrorism to Our Land. (ကျနော်တို့မြေသို့ အကြမ်းဖက်မူ မသယ်ယူလာပါနှင့်။)
– Stop Creating Conflicts in Arakan. (ရခိုင်ပြည်၌ပဋိပက္ခများဖန်တီးခြင်းရပ်တန့်ပါ။)
– Respect the Majority of Myanmar Citizen’s Wish. (မြန်မာနိုင်ငံသားအများစု၏ဆန္ဒကိုလေးစားပါ။)
– Respect Myanmar Law. (ငါ့တို့ဥပဒေကိုလေးပါ။)
– Right to protect our land. (ငါ့တို့နိုင်ငံကိုကာကွယ်ဖို့ငါတို့တာဝန်။)
– Our law is important for our country. (ငါတို့ရဲ့ဥပဒေဟာ ငါတို့နိုင်ငံအတွက်အရေးကြီးဆုံး။)
– Don’t abuse the Human Rights. (လူအခွင့်အရေးကိုအလွဲသုံးစားမလုပ်ပါနဲ့။)
www.alodawpyei.org
RSV
HUMAN RIGHTS ABUSER QUINTANA GET OUT
ကင်တာနားကို ဘာကြောင့် ဆန္ဒပြရသလဲ။
———————————(RSV သုံးသပ်ချက်)
#ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) သည် စုံစမ်းစစ်ဆေးရန်အတွက် ရခိုင်ပြည်နယ်သို့ လာရောက်သည့် အချိန်တိုင်းတွင် ဘင်္ဂလီများနှင့်သာ အဓိက တွေ့ဆုံပြီး ရခိုင်တို့နှင့် တွေ့ဆုံမှုမှာ အမည်ခံလောက်သာရှိသည်။ သူပြန်သွားလို့ သတင်းစာရှင်းလင်းပွဲ၊ အစီရင်ခံစာတိုင်းသည် ရခိုင်လူထုကို မျက်ကွယ်ပြုပြီး ဘင်္ဂလီတို့ အရေးကိုသာ ဦးစားပေးသည်ကို တွေ့ရှိရသည်။
# အရေးအခင်းတွင် UNHCR ၏ လက်အောက်ခံ အဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်ခဲ့ပြီး INGOs၊ UNHCR၊ BAG စသည့်အဖွဲ့အစည်းတို့ ဟန့်တားရမည်အစား အဖမ်းခံရသူများကို လွတ်မြောက်ရေးကိုသာ ကြိုးစားခဲ့ပြိး အစိုးရကို ဖိအားပေးခဲ့သည်။ ဥပမာ – ကျော်လှအောင်၊ ဥမ္မာလွင်တို့လွတ်မြောက်မှုကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
#ရခိုင်ပြည်ကို နောက်ဆုံးအကြိမ်ရောက်လာတုန်းကလည်း မြန်မာနိုင်ငံအစိုးရမှ ၂၀၁၂ ခုနှစ် ဇွန်လအရေးအခင်းတွင် အကြမ်းဖက်ခေါင်းဆောင် အဓိက တာဝန်ရှိသူ ဒေါက်တာထွန်းအောင်နှင့် ထောင်ထဲတွင် တွေ့ဆုံခဲ့ပြီး အစိုးရနှင့် တွေ့ဆုံသောအခါ ဒေါက်တာထွန်းအောင်ကို လွတ်ပေးလျှင် ရခိုင်ပြည်နယ် အရေးအခင်းကိစ္စ ငြိမ်းအေးသွားမည်ဟု ပြောဆိုခဲ့ကြောင်းကို အတွင်းမှလာသော သတင်းအရ သိရှိခဲ့ရသည်။ ဒေါက်တာထွန်းအောင်သည် မောင်တောအရေးအခင်းတုန်က အဓိက ကြိုးကိုင်ခဲ့သူဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူထားခြင်းကို စွက်ဖက်ခဲ့သည်။
#ထို့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အပါအ၀င် မြန်မာနိုင်ငံရဲ့ ဥပဒေအားလုံးကို နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီသကဲ့သို့ ၁၉၈၂ ခုနှစ် လူဝင်ကြီးကြပ်ရေး ဥပေဒကို လည်း ပြောင်းလဲဖို့ သူ၏ အစီရင်းခံစာထဲတွင် ထည့်သွင်းခဲ့သည်။ ၁၉၈၂ ခုနှစ် ဥပဒေသည် တိုင်းရင်းသားအားလုံး က ထောက်ခံပြီး လွတ်တော်ထဲတွင် အတည်ပြုထားသော ဥပဒေတရပ်ဖြစ်သည့်အလျှောက် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်မစွက်ဖက်ရ ဥပေဒအရ မလွတ်ကင်းပေ။ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးတစ်ဦးအနေဖြင့် ပေါ်ပေါ်တင်တင် မြန်မာနိုင်ငံအပေါ် ၀င်ရောက် စွက်ဖက်ခြင်းဖြစ်သည်။
#၂၀၁၂ ခုနှစ် ဇွန်လအရေးအခင်းကို သုံးသပ်ရာတွင်လည်း ဇွန်လ ၈ ရက်နေ့ မောင်တောမြို့ ဂျာမေဗလီမှ ဘင်္ဂလီကုလားများသည် ရခိုင်အိမ်များကို စတင်တိုက်ခိုက်ခဲ့ပြီ ရခိုင်အိမ်များ၊ တည်ခိုရိပ်သာများ၊ ဈေးဆိုင်များ၊ လူအသေအပျောက်များကို မျက်ကွယ်ပြုခဲ့သည်သာမက ရခိုင်များကသာ ဘင်္ဂလီတို့အပေါ်တိုက်ခိုက်ခဲ့သည်ဟု တဖက်သတ် စွပ်စွဲခဲ့ပါသည်။ ဥပမာ ကျောက်ဖြူမြို့အရေးအခင်းကိုသာ ဦးစားပေးပြီး ဖော်ပြခဲ့သည့် အစီအရင်းခံစာသည် တစ်ဖက်သတ် ဖြစ်နေသည်ကို တွေ့ရှိရပါသည်။
#12.06.2013 ရက်နေ့က အစီအရင်းခံစာတွင်လည်း ဘင်္ဂလီတို့၏ အရေးကိုသာ ရှေ့တန်းတင်ပြောပြီး ရခိုင်တို့အား လစ်ရှုမှုများကို အထင်သားတွေ့ရသည်။ ဥပမာ -2013 ခုနှစ် ဇွန်လ ၄ ရက်နေ့က ဘင်္ဂလီကုလားတို့က ရန်စမှုကို အစိုးရက ဟန့်တားခဲ့သော်လည်း အစိုးရကို ရန်ရှာသောကြောင်း ပစ်ခတ်နှိမ်းနှင်းရမှုတွင် ဘင်္ဂလီအချို့ ဒဏ်ရာရမှုကိုလည်း သူ၏ အစီအရင်းခံစာတွင် “ရွှင်ဂျာ”လို့သုံးခဲ့သည်။
“ရွှင်ဂျာ”ဆိုသော အသုံးအနှုန်းသည် မြန်မာနိုင်ငံ၏ တိုင်းရင်း (၁၃၅)မျိုးတွင် မပါဝင်ဘဲ သုံးနှုန်းသွားခြင်း မြန်မာနိုင်ငံသား အားလုံးအပေါ်တွင် စော်ကားသည့် အသုံးစွဲမှုကို ထပ်ကာ တစ်လဲလဲ သုံးစွဲခဲ့သည်။
ထို့ကြောင်း RSV မှလည်း ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) အားလည်း လုံးဝကန့်ကွက်သည်။ ကုလသမဂ္ဂအနေဖြင့် သမာသမတ်ကျသော နောက်ထပ်ကိုယ်စားလှယ် တစ်ဦးကို လွဲပေးရန် လေးစားစွာဖြင့် တိုက်တွန်းအပ်သည်။
RSV ၀ိုင်းတော်သားများ
———-
မစ္စတာ ကင်တားနားကို စစ်တွေတွင် ဒေသခံ ၂၀ ကျော်ဆန္ဒပြကြိုဆို
ရခိုင်ပြည် စစ်တွေမြို့သို့ ယနေ့နံနက် ၉ နာရီကျော်တွင် လေယာဉ်ဖြင့် ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားကို ဒေသခံ ၂၀ ကျော်က ဆန္ဒပြကြိုဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲတွင် မိန်းမအနည်းဆုံး ၁၀ ယောက်ပါဝင်ပြီး လေဆိပ်မှထွက်ခွာရာ လမ်းတစ်လျှောက်၌ ကင်တားနားကို အလိုမရှိ၊ ကင်တားနားထွက်သွားပါဆိုသည့် ဆိုင်ဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ဆန္ဒပြရသည့်အကြောင်းရင်းနှင့် ပတ်သက်၍ နီးစပ်သူတစ်ဦးဖြစ်သူ ကိုသန်းထွန်းသန်းက ” ကင်တာားနား ရခိုင်ပြည်ကိုရောက်သမျှ ရခိုင်နဲ့အစိုးရကို တစ်ဖက်သတ် အပြစ်မြင်စကားသာပြောပြီး ဘင်္ဂလီများကို အမြဲလိုလို ရိုဟင်ဂျာဟု သုံးနှုန်းကာ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖေါက်ခံနေရကြောင်း၊ ခွဲခြားဆက်ဆံ ခံနေရကြောင်းများကိုသာ ဇောင်းပေး၍ ပြောဆိုလေ့ရှိပါတယ်။ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်သည့် ကိစ္စများပင်ရှိခဲ့၍ ယခုလို ဆန္ဒပြကြခြင်းဖြစ်သည်ဟု ယူဆပါတယ်။ ” ဟု ပြောသည်။
ဆန္ဒပြသူများသည် မည်သည့်အဖွဲ့အစည်းတို့၏ ဦးဆောင်မှုဖြင့် ကန့်ကွက်ဆန္ဒပြရခြင်းမဟုတ်ဘဲ တက်ကြွလှုပ်ရှားသူများမှ စုပေါင်းပြီး ဆန္ဒပြရခြင်းဖြစ်ကြောင်း သူကဆိုသည်။
ကင်တားနားသည် ရခိုင်ပြည်ကို မည့်သည့်အတွက်ကြောင့် လာရောက်သည်ကို ဒေသခံများမသိပေ။ သို့သော်လည်း ကင်တားနားသည် လူ့အခွင့်အရေး ဆိုင်ရာကိစ္စနှင့် ဘင်္ဂလီများအနေအထားကို လာပြီးစောင့်ကြည့်ရေးနှင့် ထိုမှရရှိလာမည့် မဟုတ်မမှန် တစ်ဖက်သက်ဆန်သည့် သတင်းအား အစီရင်ခံစာအဖြစ် သူတို့၏ သက်ဆိုင်ရာသို့ တင်ပြပေးမည်ဖြစ်ကြောင်းဟု ဆန္ဒပြသူများအပါအ၀င် ဒေသခံများတချို့က ဝေဖန်နေကြသည်။
မစ္စတာကင်တားနားသည် ဘူးသီးတောင် အကျဉ်းထောင်သို့ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး
နောက်တစ်နေ့ နံနက်ပိုင်း၌ ရခိုင်ပြည်သူလူထုနှင့် တွေ့ဆုံသွားမည်ဟု သိရသည်။
Arakan times photo: Than Tun Than
-This is the protest to Mr Quintana from Sittwe, Arakan State. There are the reason behind this why the people actually not welcoming Mr Quintana. Whenever Mr Quintana come, the conflicts became more worse and more complicated to solve. There were incidents like torching houses, killings and several incidents were reported to be happened in Arakan state only when Mr Quintana plan to visit Burma. Also, his reports are as usual one sided bias story full of accusations towards the people in Arakan state. In order to explain and reveal the truths, the Arakans published the reports recently. Arakan Human Rights and Development Organization (AHRDO) has compiled a large and comprehensive report about the conflict and violence in Arakan (a.k.a. Rakhine State), in the western part of Burma (a.k.a. Myanmar), titled:
Conflict and Violence in Arakan (Rakhine) State, Myanmar (Burma):
What is Happening, Why and What To Do
http://www.scribd.com/doc/157485834/Arakan-Violence-Report-by-AHRDO
http://www.arakantimes.net/burmese/index.php/2013-03-09-12-22-21/545-2013-08-12-06-45-09