မြောက်ပိုင်းကိစ္စမှာ ကျောင်းသားအစစ်အမှန်တွေဖြစ်ပြီး ကိုဌေးနိုင်ကို ထောက်လှမ်းအဖြစ် သူယုံကြည်တယ် ။ ဘီင်္ဘီစီ သတင်းထောက်အကြီးစား ရင်မောင်( ဝင်းနိုင်ဦး) ရဲ့ စာ

SOURCE  Htay Tint Brother of killed Htay Naing

https://democracyforburma.wordpress.com/2012/12/15/myo-than-htut-aka-moethee-zun-absdf-north-case-mother-of-killed-htay-naing-opened-the-case-at-north-of-new-dagon-police-station/

 

405412_2681260794887_2087824116_nMoe Thee Group said  my brother SUICIDE himself -that,s not true.HE HAD BROKEN NECK !! They brought him back to ABSDF Head Office .My Brother can’t walking him self . Many students saw him .
မြောက်ပိုင်းကိစ္စမှာ ကျောင်းသားအစစ်အမှန်တွေဖြစ်ပြီး
ကိုဌေးနိုင်ကို ထောက်လှမ်းအဖြစ် သူယုံကြည်တယ် ။
ဘီင်္ဘီစီ သတင်းထောက်အကြီးစား ရင်မောင်( ဝင်းနိုင်ဦး) ရဲ့ စာ

Date: Sun, Feb 14, 2010 at 10:34 PM
နေ့ စွဲ- တနင်္ဂနွေနေ့  ဖေဖေါ်ဝါရီလ ၂၀၁၀ ၁၀း၃၄ အင်္ဂလန်စံတော်ချိန်

ma nge and ko htein lin, (following message are only for your eyes)
နန်းအောင်ထွေးကြည် နှင့် ကိုထိန်လင်း
(အောက်က စာကို ကိုယ်ပိုင်မျက်စိ အတွေးအခေါ်နဲ့ ဖတ်ပါ)

i think that than win has arranged ag moe win
to write these letters is true,
ငါ့(ရင်မောင်)အထင်ပြောရရင် သန်းဝင်းက အောင်မိုးဝင်းကို စာရိုက်ပြီးထုတ်တဲ့ ဖြစ်စဉ်တွေက အမှန်တကယ်ပါ ။
i think.however, facts in letters of than win are mainly fabricated,
or he used the facts that fooled to him.
ဘယ်လိုဘဲဖြစ်ဖြစ်လေ စာထဲမှာ ရေးထားတဲ့ အဓိက အကြောင်းအရာတွေမှာ
လိမ်လည်မှုတွေ လုပ်ဇတ်တွေဖြစ်တယ် ။သန်းဝင်းရေးတဲ့စာတွေက
သူ့ ကိုယ်သူ ကလိန်ဥာဏ်တွေနဲ့  လူတယောက်ဖြစ်စေခဲ့တယ် ။
i do not know why than win did this way.
ငါ (ရင်မောင်)မသိပါဖူး ။
သန်းဝင်း ဒီနည်းလမ်းနဲ့ ဘာကြောင့်ဖြေရှင်းလဲဆိုတာပါ ။
than win worked for absdf, as far as i remember,
သန်းဝင်းက ကျောင်းသားတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး
ငါ(ရင်မောင်)လဲ ကျောင်းသားတပ်မတော်ရဲ့  အဖွဲ့ ဝင်ဖြစ်ခဲ့ပါတယ် ။
from 1988 to 1992 or 93. yea, at the begining of absdf,
he was gen secretary.
၁၉၈၈ ကနေပြီး ၁၉၉၂ (ဝါ) ၁၉၉၃ ကယလတွေမှာ ဖြစ်ပါတယ် ။
ကျောင်းသားတပ်မတော် စတင်တည်ထောင်တဲ့ကာလတွေမှာ
သန်းဝင်းက အထွေထွေ အတွင်းရေးမှုး တာဝန်ယူခဲ့ပါတယ် ။
ko moe thee arrived border in april or may of 1989.
မိုးသီးဇွန်ကတော့ ၁၉၈၉ ဧပြီ (ဝါ) မေလ မှာ နယ်စပ်က တိုင်းရင်းသား
တော်လှန်ရေးနယ်မြေကို ရောက်လာပါတယ် ။
when absdf split in 1991, than win took the site of ko moe thee, liked us.
မိုးသီးဇွန် ရောက်လာပြီး ကျောင်းသားတပ်မတော် ၂ ခြမ်းကွဲသွားပါတယ် ။
သန်းဝင်းက မိုးသီးဇွန်ဖက်က ငါ(ရင်မောင်)တို့ လိုဘဲ ရပ်တည်ခဲ့တယ် ။
they (we) have got along well, very close each others.
သူတို့ တတွေက ကာလကြာမြင့်စွာ နီးကပ်စွာ
ရဲဘော်ရဲဘက် လုပ်ဖေါ်ကိုင်ဖက်တွေ အဖြစ်နေခဲ့ကြတယ် ။
they both disliked, ko naing aung and his group members.
သူတို့ တတွေက ဒေါက်တာနိုင်အောင် နဲ့ အဖွဲ့ ကို မနှစ်သက်ကြဖူး ။
what was than win’s position when absdf split,
i forget -may be he was holding gen sec or sec 1.
working style of than win is not systematic,
ငါ့(ရင်မောင်)မေ့နေတယ် ။
ကျောင်းသားတပ်မတော် ၂ ခြမ်းကွဲသွားတဲ့အချိန်မှာ
သန်းဝင်းက အထွေထွေ အတွင်းရေးမှုး လား တွင်း (၁ ) လား
သေချာတာကတော့ အုပ်ချုပ်စီမံခန့် ခွဲတာနည်းစနစ်မကျဖူး ။
but many including me –
i also cc (91), later cec (92), then gen sec (1995), like him.
ငါ(ရင်မောင်)ကလည်း ဗဟိုကော်မီတီအဖွဲ့ ဝင်အဖြစ် ၁၉၉၁ နဲ့ 
၁၉၉၂ မှာ ဗဟိုကော်မီတီ
၁၉၉၅ မှာ အထွေထွေ အတွင်းရေးမှုး အဖြစ် တာဝန်ယူခဲ့တယ် ။
he has humor sense, can do frontier duties,
dealing with grassroot members well,
a sort of ablities he hold.
သန်းဝင်းက ရယ်ဖွယ်ရာစကားတွေ ပျက်လုံးတွေ
ဆင်ခြင် တုံတရား။ စဉ်းစားဉာဏ်။ အကျိုးအကြောင်းနဲ့ 
အောက်ခြေက ကျောင်းသားတပ်သားတွေနဲ့ ဆက်ဆံရေးကို
ရှေ့ တန်းမှာ တာဝန်ယူခဲ့နိုင်တယ် ။
he was srtongly crritized by ko moe thee, as far as i remember,
over his handling on southern camps activities around 1992.
သန်းဝင်း အနေနဲ့  မိုးသီးဇွန်ကို ကျောင်းသားတပ်မတော် တောင်ပိုင်းစခန်း
ဖွင့်ခဲ့တဲ့ ၁၉၉၂ ဝန်းကျင်အထိ အကြံပြုချက် ဝေဖန်ချက် ထောက်ကွက်တွေနဲ့ 
အခုပ် အတူတူ လုပ်ခဲ့တာ ငါ(ရင်မောင်) အဖွဲ့ ဝင် အဖြစ်နဲ့ တွေ့ ခဲ့ရတယ် ။
later on,they two not got along as before.
နောက်ပိုင်းမှာ သန်းဝင်းနဲ့ မိုးသီးဇွန် ဆက်ဆံရေးဟာ
ယခင်ကလို နွေးထွေးမှု မရှိတော့ပါဖူး ။
htay naing is his closed friend and he was also cc of,
then moe thee zun site central committee.
ဌေးနိုင် ကလည်း သန်းဝင်းရဲ့  အနီးကပ်သူငယ်ချင်းဖြစ်ခဲ့ပြီး
မိုးသီးဇွန် အဖွဲ့ ထဲမှာ ဗဟိုကော်မီတီ ဖြစ်ခဲ့တယ် ။
the central committee of mtz had to face if htay naing is slorc military intelligence as we got some evidences while knowing his at that time,
ဒီအချိန်မှာ မိုးသီးဇွန် ဗဟိုကော်မီတီရရှိလာတာကတော့
ဌေးနိုင်ဟာ မြန်မာ့ တပ်မတော် ထောက်လှမ်းရေး ဖြစ်တယ်ဆိုတဲ့
အထောက်အထားတွေ ဖြစ်တယ် ။
silly activites in the organization, – in the late 1993.
i do not truly remember
မြန်မာ့ တပ်မတော် ထောက်လှမ်းရေး အတွက် ဌေးနိုင်ဟာ မိုက်မဲစွာ
တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတာ ၁၉၉၃ မှာ စတင်တွေ့ ရှိခဲ့တယ် ။
အဲဒီ အချိန်မှာ ငါ (ရင်မောင်) က ဗဟို အဖွဲ့ ဝင် အစစ်မဟုတ်တော့ဖူး ။
that happen before than win left absdf or after he left.
i think after he left the org.
အထက်ပါ ဌေးနိုင်ဟာ မြန်မာ့ တပ်မတော် ထောက်လှမ်းရေးဆိုတဲ့
အကြောင်းအရာတွေဟာ သန်းဝင်း ကျောင်းသားတပ်မတော်က
မထွက်ခွာခင်က အကြောင်းအရာတွေလား
သန်းဝင်း ကျောင်းသားတပ်မတော်က
ထွက်ခွာပြီး ဖြစ်တာလား ။
we did make thorough team to handle about htay naing case and
this team arrested him and did not make any serious torture to him.
ငါ(ရင်မောင်) တို့ အနေနဲ့  ဌေးနိုင်ကို မခြွင်းမချန်။ အစုံအစေ့။ အကုန်အစင်။ သေတ္တတာမှောက်။ အိတ်သွန်ဖာမှောက် ပြောလာအောင် စစ်ဆေးခဲ့တယ် ။
(ညစဉ် ရိုက်နှက်တာ အောက်ပိုင်းသေသွားပြီး ဝန်ခံခိုင်းခဲ့တယ်-စာကြွင်း)
later on he confessed – what is he, some confessions of him were so interested, eg.
နောက်ဆုံးမှာ ဌေးနိုင်ဟာ ဖွင့်ဟဝန်ခံရတော့တယ် ။ဖြောင့်ချက်တွေပေးပြီး
သူဟာ မည်သူဖြစ်တယ် ။ စိတ်ဝင်စားတာတွေနဲ့ တာဝန်တွေ ဖြစ်ပါတယ် ။
how they see the ways to infiltrate an org,
ကျောင်းသားတပ်မတော်ထဲကို မြန်မာ့တပ်မတော်က ထောက်လှမ်းရေးတွေ
ဘယ်လို စိမ့်ဝင်တယ်။ ဘယ်လို ထိုးဖောက်ဝင်ရောက်တယ် ။ဆိုတာတွေဖြစ်တယ် ။
( ကျောင်းသားတပ်မတော် စတင်တည်ဆောက်ခဲ့တဲ့ အထဲမှာ ဌေးနိုင်နဲ့ ဌေးတင့် ညီအကို ပါဝင်ခဲ့တယ်ဆိုတာ အဆင်သင့်ဖြစ်လာတော့မှ ရောက်လာတဲ့
မိုးသီးဇွန်နဲ့  ရင်မောင် မသိခဲ့ပါလား – စာကြွင်း )
how to choose right man to approach in order to get coverage for himself and make unstability among org members,
ကျောင်းသားတပ်မတော်ထဲက အရေးပါ အရာရောက်သူတွေကို
ရွေးချယ် ချဉ်းကပ်ပြီး သတင်းမှားတွေပေး အချင်းချင်း သွေးကွဲအောင်
သတ်သျှို နည်းတွေကို ဌေးနိုင် လုပ်ဆောင် ကျင့်သုံးခဲ့တယ် ။
(စာကြွင်း- ဌေးနိုင်ဟာ ဘောလီဘော ပဏာမ မြန်မာ့လက်ရွေးစင်ကို
အကွက်ချ တိုက်စစ်မှုး အကောင်းဆုံး ဆုတွေကြောင့် ဆိုတာ
တက္ကသိုလ် ကျောင်းသား မဟုတ်တဲ့ မိုးသီးဇွန်နဲ့ ရင်မောင် မသိလိုက်ပါလား )
how they – intelligent guys contact each others,
liked when they arrive in border towns, and so on.
မြန်မာ့တပ်မတော်က ထောက်လှမ်းရေးတွေ အချင်းချင်း ဆက်သွယ်ရာမှာ
နယ်စပ်က မြို့ တွေရောက်မှ ဆက်သွယ်ကြပါတယ် ။
these facts he confessed are not from fiction stories,
not because of enforcement towards him to do so.
ဌေးနိုင်ရဲ့ ဝန်ခံဖြောင့်ချက်တွေဟာ စိတ်ကူးယဉ်နေတာမဟုတ်ဖူး
ဌေးနိုင် လုပ်ခဲ့တာတွေကို ပြန်ပြောပြနေတာဖြစ်တယ် ။
he never use a word of student to portray himself as a student,
since the beginning of his arrest. he just testify (wondering) the team
how much facts they knew about him.
ဌေးနိုင်ကို စတင်ဖမ်းဆီးစဉ်က အံသြတဲ့ အမူအရာကို မြင်ခဲ့ရပြီး
စစ်ဆေး နှိပ်စဉ်ကာလမှာ တက္ကသိုလ်ကျောင်းသား ဖြစ်တယ်ဆိုတဲ့ အမူအရာတွေစကားလုံးတွေ မတွေ့ ရှိရဖူး ။
he just make defiance infront of his enemy.
so i, myself, basically believe him,
ဌေးနိုင် ဟာ ကျောင်းသားတပ်မတော်က
ဖမ်းဆီးမိန့် ထုတ်သူတွေ
စစ်ဆေးနေသူတွေကို သူ့ ရဲ့ ရန်သူလို့ သဘောထားခဲ့တယ် ။
စစ်ဆေးရေးကာလ တလျှောက်မှာ
အာခံခြင်း။
ဖီဆန်ခြင်း။
ပြောင်ပြောင် တင်းတင်း မနာခံခြင်း တွေ
လုပ်ခဲ့တယ် ။
he is really guy from slorc,
and all of our cc members were convinced we got real guy.
ဒီအချက်အလက်တွေ ကြောင့် ဌေးနိုင် ဟာ
မြန်မာ့တပ်မတော်က ထောက်လှမ်းရေး အစစ်ဖြစ်ပါဆိုတာကို
ကျောင်းသားတပ်မတော်မှ ဗဟိုကော်မီတီအားလုံးက
အခိုင်အမာ ယုံကြည်ကြပြီး နှိပ်စက်ပြီးဖေးထုတ်နိုင်ခဲ့တာကို
ကျောင်းသားတပ်မတော်က ယနေ့ အချိန်အထိ ဂုဏ်ယူနေကြဆဲပါ ။
(စာကြွင်း- ဌေးနိုင်ကို သတ်တဲ့အမှုမှာ ဘယ်သူကမှ ဖေါ်မှာမဟုတ်ပါဖူး)
but i believe that he had many things kept by himself –
liked he surrendered to us partially,
but not fully. we continue to detain him.
ငါ(ရင်မောင်) ယုံကြည်တာကတော့
ဌေးနိုင်ဟာ မြန်မာ့တပ်မတော်က ထောက်လှမ်းရေး
ဝန်ခံခဲ့ပြီး တဝက်တပျက် သိမ်းဆည်းထားတာတွေ ရှိနေပါသေးတယ် ။
ဒီအတွက် ဌေးနိုင်ကို ကျောင်းသားတပ်မတော်အနေနဲ့ 
ဆက်လက်စုံစမ်းမှုတွေ ပြုလုပ်ရအုံးမှာဖြစ်ပါတယ် ။
we had not chance to explain than win about him,
as he already left for absdf or left for US.
မိုးသီးဇွန် ဗဟိုကော်မီတီ အနေနဲ့ သန်းဝင်းကို ဌေးနိုင်နဲ့ ပါတ်သက်ပြီး
အခြေအနေမှန်ကို ရှင်းလင်း တက်ပြခွင့် မရခဲ့ပါဖူ ။
သန်းဝင်းက ကျောင်းသားတပ်မတော်က ထွက်ခွာသွားပါတယ် ။
in early 1994, after we were arrested by
Gen Mya, KNU and we had to leave from KNU area.
our camps including hqs area where custody of him located, were preparing for moving.
၁၉၉၄ နှစ်ဦးပိုင်းမှာ ကရင့်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးမြက
မိုးသီးဇွန် ဦးဆောင်တဲ့ ကျောင်းသားတပ်မတော်ကို ကရင့်တော်လှန်ရေးနယ်မြေမှာ
နေထိုင်ရပ်တည်ခွင့် မပေးတော့လို့  စတင်ပြောင်းရွေ့ ဖို့ စီစဉ်ကြပါတယ် ။
i think htay naing got sense of it and in feb of 1994 he suicided –
may be he thought the slorc offensive arrive to our areas and he might have got killed before we left the camps,
so instead of being killed, he made himself.
ငါ့ (ရင်မောင်) အထင်က ဌေးနိုင် ၁၉၉၄ ဖေဖေါ်ဝါရီလ မှာ မိမိကိုယ်ကို သတ်သေသွားတယ်။ ဖြစ်နိုင်တာက မြန်မာ့တပ်မတော် ကရင့်နယ်မြေကို သိမ်းပိုင်နိုင်တာ မသိလို့  ။
ကျောင်းသား တပ်မတော် ကရင်နယ်မြေက စွန့် ခွာတာကို သိလို့ 
မိမိကိုယ်ကို သတ်သေတယ်လို့ တာဖြစ်မှာပါ ။
(စာကြွင်း – ၆၀၁ ကျောင်းသားတပ်မှာ တာဝန်ယူနေတဲ့ တပ်မှုးက ၉၄ သင်္ကြန်မှာ
သကန်းစည်းပါတယ် ။ ဦးဇင်းက ထွက်ပြီး တာဝန်ယူနေတဲ့ အချိန်မှာ နိုင်အောင်ဆီက
သတင်းဝင်လာပါတယ် ။ ဌေးနိုင်ကို မိုးသီးဇွန်တို့ စက်လှေပေါ်တင်ပြီး မောင်းလာနေပြီ ။ရပ်ပြီး ဖမ်းဆီးထားပါ ။ စက်လှေမရပ်ရင် ပစ်ဖမ်းဆိုတဲ့ အမိန့် ရပါတယ် ။ တာဝန်ကျ တပ်မှုးက ဦးဇင်းက ထွက်လာခါစဖြစ်ပြီး ကျောင်းသား အချင်းချင်း မပစ်ဖူုးဆိုလို့ 
အယောင်ဆောင် ရဲလင်းပါလာတဲ့လှေ ကရင်နီဖက်ကို မောင်းနိုင်ခဲ့ပါတယ် )
how to make suicide himself is another very interesting thing,
i can’t write down here
ဌေးနိုင် မိမိကိုယ်ကို ဘယ်လို သတ်သေတယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။
ဒီစာထဲမှာ ရေးပြလို့ မရသေးပါဖူး
( စာကြွင်း- တိုင်ပင်ပြီးရေးမှ လွဲသွားရင်လူသတ်မှု ပေါ်ကုန်မယ်)
we did not have any intention to kill him even we were facing very critical time.
ဌေးနိုင်ကို မိမိ ကိုယ်ကို သတ်သေအောင် မိုးသီးဇွန်နဲ့  စစ်ဆေးရေး အဖွဲ့ ဝင်တွေက
ဖိအားပေးတာတွေ မလုပ်ခဲ့ပါဖူး ။ အခြေအနေတွေက ရှုပ်ထွေးနေခဲ့ပါတယ် ။
we made investigation if anyone involvement in this event. it is cleared that he suicided.
ဌေးနိုင် သေဆုံးမှုနဲ့  ပါတ်သက်ပြီး တစုံတရာပရောဂ ရှိမရိ စစ်ဆေးအတည်ပြုခဲ့ပါတယ် ။ မိမိကိုယ်ကို သတ်သေ သွားတယ်ဆိုတာ အတည်ပြုနိုင်ပါတယ် ။
these are true facts – just for your eyes only,
ဒါတွေဟာ အမှန်တရား သမိုင်းတွေ ဖြစ်ပါတယ် ။
မျက်လုံးဖွင့်ပြီး တရားမျှတမှုကို ကြည့်နိုင်ပါတယ် ။
it is liked sworn affidavit of me.
i just trust you two and thus unfold this event.
ငါ(ရင်မောင်) အနေနဲ့ နန်းအောင်ထွေးကြည်နဲ့  ထိန်လင်းကို
ကျမ်းကျိမ်ပြီး သစ္စာဆိုနိုင်ပါတယ် ။
we did arm struggle, that is not an easy way of life as you know.
i proud of myself on my 12 years life of absdf.
ငါတို့ တတွေဟာ လက်နက်ကိုင်တော်လှန်ရေးဝင်နေကြတာပါ ။
လွယ်ကူတဲ့ ဖြတ်သန်းမှု မဟုတ်ဖူးဆိုတာ မင်းတို့ သိပါတယ် ။
ကျောင်းသားတပ်မတော်မှာ ၁၂ နှစ် တိုင်တိုင် တာဝန်ယူခဲ့ဖူးတဲ့
ငါ( ရင်မောင်) မိမိကိုယ်ကို ဂုဏ်ယူနေဆဲပါ ။
but we are cleared of that what than win accusing of.
ငါတို့ အနေနဲ့  ရှင်းလင်းစွာပြောလိုတာကတော့
သန်းဝင်း ရေးလိုက်တဲ့စာက အခြေအမြစ်မရှိ စွပ်စွဲလိုက်တာပါ ။
htay naing case absolutely different with what you had been facing in northern absdf.
ဌေးနိုင်ရဲ့  ထောင်လှမ်းရေးဖြစ်တယ်ဆိုတဲ့ အမှုက
ကျောင်းသားတပ်မတော် မြောက်ပိုင်း အမှုတွေနဲ့ 
လုံးဝခြားနားနေပါတယ် ။
northern case was purely handled by –
then splited naing aung group absdf.
ကျောင်းသားတပ်မတော် မြောက်ပိုင်းမှာ
ကျောင်းသားတွေ နှိပ်စက်ပြီး အသတ်ခံရတဲ့အမှုက
ကျောင်းသားတပ်မတော် ၂ ခြမ်းကွဲပြီး
နိုင်အောင်က တာဝန်ယူထားတဲ့ အမှုဖြစ်ပါတယ် ။
— let me make suggestion about than win’s letter.
သန်းဝင်းစာနဲ့ ပါတ်သက်ပြီး အကြံပြုနိုင်ပါတယ် ။
(စာကြွင်း- ဌေးနိုင် မိသားစု မတ်ဆွေတွေ မသိသေးခင်တုံးကပေါ့)
– do not response it. just neglect it.
သန်းဝင်းစာကို လူရာမသွင်းပါနဲ့ 
သန်းဝင်းနဲ့ သူရေးထားတဲ့စာကို
လျစ်လျှုရှု့ ပါ။ ဥပက္ခာပြုပါ။ ပစ်ထားပါ။ မေ့လိုက်ကြပါ ။
– do not believe – ko naing aung secretly wrote to than win –
သန်းဝင်းရေးထားတဲ့
ဌေးနိုင် ဘယ်လို အသတ်ခံရတယ် စာကို
မယုံကြည်ကြပါနဲ့  ။
i am 100% sure naing aung would not make that much fool move,
because he know than win never trust him even though than win hate moe thee now.
ငါ(ရင်မောင်) ရာခိုင်နှုံးပြည့် ပြောနိုင်တာက
ဌေးနိုင်က ငါတို့ မိုးသီးဇွန်အဖွဲ့ ကို
ဘယ်တောမှ အရူးကွက် မလုပ်နိုင်တောဖူး ။

သန်းဝင်းဟာ ဌေးနိုင် အပေါ်မှာ မယုံကြည်ခဲ့ဖူး ။
သန်းဝင်း အနေနဲ့ မိုးသီးကို မုန်းတီးရာက ဖြစ်လာတဲ့စာပါ ။
so, that was fooled to than win by someone.
now i even start to think what is than win????
ဒါဆိုရင် ဘယ်သူက အရုးစိတ်ထပြီး ဌေးနိုင် အသတ်ခဲရတဲ့စာ
ရေးပြီး တစုံတယောက်ဆီပေးပို့ ခဲ့တာလဲ ။
ko moe thee e mail – wefightwewin@gmail.com –
but i am not sure,
မိုးသီးဇွန်ကို မေးကြည့်ကြပေါ့ ။
his e mail pass word only hold by him, so ask him first,
to get secure e mail of him by using this e mail.

Best regards,

WNO
(ဝင်းနိုင်ဦး- ရင်မောင်/ BBC )

Than Win was gen secretary of ABSDF 1988 to 1993- Chairman of Yangon students Union 1988

———

one person saw this and wrote FB

Aung San Nyunt ဘာဖြစ်လို့ ရီစရာတွေပြောနေတာလဲ ရဲလင်း။ မင်းတို့ ကိုဌေးနိုင်ကို သံလွင်မြစ် ရှမ်းဘက်ကမ်းကနေ ဌာနချုပ်ကိုခေါ်လာတဲ့အချိန်ကမြင်ကွင်းကို ၂၁၄ ရဲဘော်တွေ အားလုံးစောင့်ကြည့်နေခဲ့တာဖြစ်တယ်။ မနက် ဝေလီဝေလင်း ငပယ်မောင်းတဲ့ စက်လှေနဲ့ သွားခေါ်လာခဲ့ကြတာ။ ကိုဌေးနိုင် သူ့ဟာသူလမ်းမလျောက်နိုင်တော့လို့ ဘေးကယူနီဖေါင်းဝတ်နှစ်ယောက်က တွဲခေါ်လာခဲ့ကြတာ။ လှေပေါ်ရောက်တော့ ကိုဌေးနိုင်ကို မှောက်ခုံ မှောက်ခိုင်းပြီး သေနတ်နဲ့ချိန်ခေါ်ခဲ့ကြတာ။ ဒီဖက်ကမ်းရောက်တော့လဲ လုံခြုံရေးအပြည့်နဲ့ တွဲခေါ်လာခဲ့တဲ့ သူက သူ့ကိုယ်သူ ဂုတ်ချိုးသတ်သေတယ်လို့ပြောနိုင်ကြသေးတယ်။ ဘာကြောင့်ကိုဌေးနိုင်သေလဲဆိုတာ ကိုဝင်းနိုင်ဦး(ကိုရင်မောင် ဘီဘီစီ)နဲ့ ၀င်းတင့်ဟန် ဆေးမှူး သူတို့နှစ်ဦးအသိဆုံးဖြစ်တယ်။ Lwin Hein Aung မိုးသီးတပည့်တွေ သူတို့ ပထွေးမိုးသီးကို ကာကွယ်နေပြီ Maung Maw htay naing har 205 nger lae 205 atuu tuu bal Penance Code ရှောင်လင်ကျောင်းက..သိုင်းနည်းတွေလာပြောနေတာ.

“ဋ္ဌေးနိုင်”ဘယ်လို အသတ်ခံခဲ့ရသလဲ

THAN WIN LETTER

ကိုသန်းဝင်း ရေးသားသည် ။

“ဋ္ဌေးနိုင်”ဘယ်လို အသတ်ခံခဲ့ရသလဲ
“ဋ္ဌေးနိုင်”ဘယ်လို အသတ်ခံခဲ့ရသလဲ

ပြည်သူ၊ရဲဘော်၊မိတ်ဆွေများခင်ဗျား

မိုးသီးဇွန်ဆီမှ အီးမေးတစောင်၊ လျှို့ဝှက်စွာ တွဲပြီးပို့ခဲ့ပါတယ်။

အီးမေးထဲမှာ “ ကျနော့ရဲ့အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေကို အခုလိုအရေးကြီးကာလမှာ

ဖြေရှင်းစရာမလိုဘူး။ ဋ္ဌေးနိုင်ကိုသူမသတ်ဘူးလို့ရေးထားပါတယ်။”

ဒီကိစ္စနှင့်ပတ်သက်လို့ ဋ္ဌေးနိုင်ကိုမိုးသီးသတ်သလားမသတ်ဘူးလားဆိုတာ ကို

အများက ဆုံးဖြတ်ပါ။ ကျနော်သိသလောက်ရှင်းလင်းတင်ပြပါ့မယ်။

ဋ္ဌေးနိုင် ဟာ ၁၉၈၈ ရန်ကုန်တက္ကသိုလ်ကျောင်းသားတယောက်ပါ။

၁၉၈၈ မှာ ကျနော် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကို တည်ထောင်တဲ့အခါ

ဋ္ဌေးနိုင်ဟာ ကျနော့ရဲ့လက်အောက်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ဒေသကောလိပ် (၂) ရဲ့

သမဂ္ဂတာဝန်ခံတယောက်ဖြစ်ပါတယ်။

ကျနော့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ၁၉၈၈ နယ်စပ်ကိုရောက်တော့ သေဘောဘိုး စခန်းကိုရောက်ပါတယ်။

အဲ့ဒီအချိန်ဟာ ABSDF ပထမသက်တန်း ကျနော်အထွေထွေအတွင်းရေးမှူး ( အေဘီ ဗဟို) မှာ

တာဝန်ထမ်းဆောင်နေတဲ့ ကာလဖြစ်ပါတယ်။

ဒီလိုနဲ့ နှစ်လ သုံးလ အကြာမှာ ဋ္ဌေးနိုင်ဟာ ကျနော်နဲ့အတူနေဖို့ အေဘီ ဗဟို ကိုရောက်လာပြီး၊

ကျနော့နားမှာနေခဲ့ပါတယ်။

ABSDF နှစ်ခြမ်းကွဲတော့

ကျနော် ၊ ကိုကိုဦး၊ မိုးသီး ဦးဆောင်တဲ့ဘက်ကိုရပ်ခဲ့ပြီး မိုးသီးဥက္ကဋ္ဌ ဖြစ်ပါတယ်။

ကိုကိုဦး က အထွေထွေအတွင်းရေးမှူး၊ ကျနော် က EC ပါ။

မိုးသီး က ဋ္ဌေးနိုင်ကို ဗဟိုစစ်ရေးတာဝန်ခံပေးအပ်ခဲ့ပါတယ်။

ဒီလိုနဲ့ ကိုကိုဦးနဲ့ကျနော် တောင်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့အချိန်

ဋ္ဌေးနိုင်ကို မိုးသီး ကဖမ်းလိုက်ပါတယ်။

ဒီအချိန်မှာ နုငိအောင်ဘက်မှာ ကိုနေဝင်းအောင် နှင့် ကိုစိုးလင်း ( မြောက်ပိုင်း ABSDF) ကို သူလျှိုမှုနှင့်ဖမ်းဆီးပြီး မြေကျင်းမှာ

ထည့်ထားခဲ့တယ်။ ( တလအကြာမှာ ဋ္ဌေးနိုင်အဖမ်းခံရတယ်ဖြစ်ပါတယ်)။

ကျနော်နှင့် ကိုကိုဦးက မိုးသီးဆီကိုစက်ရိုက်ပြီး၊ ဘာကြောင့် ဋ္ဌေးနိုင် ကို

ဖမ်းရတာလဲ လို့လှမ်းမေးပါတယ်။

မိုးသီး က နိုင်အောင်တို့ဘက်မှ ကိုနေဝင်းအောင်နှင့် ကိုစိုးလင်း ကို စစ်ဆေးတဲ့အခါ သူတို့က မိုးသီးဘက်ကဋ္ဌေးနိုင်ဟာ

လည်း သူတို့နဲ့အတူတူပါပဲလို့ထွက်ဆိုလို့ ဖမ်းဆီးလိုက်ရတယ် လို့ဖြေရှင်းပါတယ်။

ကျနော်က ပြင်းပြင်းထန်ထန်ကန့်ကွက် ငြင်းချက်ထုတ်ခဲ့ပါတယ်။

ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဟုတ်ဘူး။

ငါနဲ့အတူတူလုပ်ခဲ့တာ။ လွှတ်ပေးပါ။

ငါအာမခံတယ်။

ဋ္ဌေးနိုင်နဲ့ပတ်သက်လို့ငါတာဝန်ယူတယ်လို့

စက်သွယ်ရေးစက်မှတဆင့်ပို့ပေးခဲ့ပါတယ်။

ဒါပေမဲ့ မိုးသီး ဟာ ကျနော့်တောင်းဆိုချက်ကို ဂရုမစိုက်ပဲ ဖမ်းမြဲဖမ်းထားပါတယ်။

ကျနော် ကိုကိုဦး ကို မေးတော့လည်း ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဖြစ်နိုင်ဘူး။

နောက်ပြီး နိုင်အောင့် ဘက်ကပေးတဲ့သတင်းနဲ့ဖမ်းတယ် ဆိုတာ

အခြေအမြစ်မရှိဘူး လို့ သူ့စဉ်းစားချက်ကိုပြောပြီး၊

ကိုကိုဦး ဟာ သူ့ရဲ့အထွေထွေအတွင်းရေးမှူးတာဝန်ကို အသုံးပြုပြီး မိုးသီးထံကိုကြေးနန်းရိုက်ပါတယ်။

“ မိုးသီး ငါအထွေထွေအတွင်းရေးမှူးတယောက်အနေနဲ့ သဘောထားပေးတယ်။

ချက်ခြင်းလွှတ်ပေးပါ” လို့တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ မိုးသီးဂရုမစိုက်ပါဘူး။ ဋ္ဌေးနိုင်ကိုဖမ်းမြဲဖမ်းထားပါတယ်။

အဲ့ဒီတော့ ကျနော်အတော်ဒေါသဖြစ်ခဲ့ပါတယ်။

ဒါကြောင့် မိုးသီးမင်းဋ္ဌေးနိုင်ကိုချက်ခြင်းလွှတ်ပါ။

မင်း မလွှတ်ရင် ငါမာနယ်ပလော ကို ရောက်၊

ငါ့တပ်နှင့်တိုက်ပြီး ဋ္ဌေးနိုင် ကို ရအောင်ထုတ်ယူမယ် လို့

အကြောင်းကြားခဲ့ပါတယ်။

ဒီလိုနဲ့ ကျနော်မာနယ်ပလော ကို ဆင်းဖို့ကြိုးစားနေတဲ့အချိန်မှာ ကျနော့်ဆီကို ဖုံးတခုဝင်လာပါတယ်။

အဲ့ဒါကတော့ ချင်းမိုင်မြို့ က ဗိုလ်မှူးကြီး ထုံ လို့ခေါ်တဲ့ ထိုင်းထောက်လှမ်းရေးအကြီးအကဲပါ။

သူက “သန်းဝင်း မင်းမဆင်းနဲ့ မင်းဆင်းရင် မယ်ဇရင်း ဘတ်စ်ကားဂိတ်မှာ

ပလိပ်တွေ က မင်း ကိုစောင့်ပြီး အပြီးသတ်လိုက်လိမ့်မယ် လို့ပြောပါတယ်။

အဲ့တော့ ကျနော်က မေးတယ်။

ပလိပ်တွေက ကျနော့် ကို ဘယ်လိုလုပ်သိလဲ ဆိုတော့

သူက မင်းကိုနယ်စပ်ကိုမရောက်အောင် ထိုင်းနယ်မြေထဲမှာ

အပြတ်ရှင်းဖို့ ထိုင်းပုလိပ် ကို ဘတ် တသောင်းပေးထားပြီးဖြစ်တယ် လို့ ပြောပါတယ်။

ကျနော်အတော်အံ့သြပြီး အတော်လည်း ဒေါသဖြစ်ရပါတယ်။

ဒီလောက်တောင်ယုတ်မာရသလား လို့။

ဒါနဲ့ ကျနော် မာနယ်ပလော ကို လုံခြုံရေးအရ မဆင်းဖြစ်တော့ပါဘူး။

နောက်တော့ မာနယ်ပလောကျခါနီးမှာ မိုးသီးဘက်ကရော၊ နိုင်အောင့်ဘက်ကပါ ဋ္ဌာနချုပ်ကိုရွေ့ပြောင်းရပါတော့တယ်။

အဲ့ဒီအချိန်မှာနိုင်အောင့်ဘက်မှာ ကိုနေဝင်းအောင်နဲ့ ကိုစိုးလင်းတို့ဟာ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။

မိုးသီး ဘက်မှ ဋ္ဌေးနိုင်ကတော့ အသတ်ခံလိုက်ရပါတယ်။

နောက်ပိုင်း ကျနော်ဟာ ဋ္ဌေးနိုင်ကိစ္စနဲ့ပတ်သက်လို့ ကိုယ်တိုင်မြင်တွေ့ရတဲ့ သူတွေ အားလုံး ကို မေးမြန်းပါတယ်။

သူတို့ရှင်းပြတာက ဋ္ဌေးနိုင် ကိုစဖမ်းဖမ်းခြင်း၊ တဲအိမ်တခုမှာ လှောင်ပိတ်ထားတယ်။

ဗဟိုထဲမှာပေါ့။

နောက်နှစ်ပတ်အကြာမှာတော့ ဋ္ဌေးနိုင် ကို ဗဟိုရဲ့တဘက်ကမ်း သောင်ရင်းမြစ်ရဲ့

တဘက်ခြမ်းမှာမြေကျင်းသေးသေးလေးတူးပြီးတယောက်တည်းထားပါတယ်။

ဘာအစောင့်မှမထားပဲ ထမင်းပို့မှ လှေနှင့်သွားပို့ကြပါတယ်။

နောက်ပိုင်းအစောင့်စစ်သား နှစ်ယောက်ကိုမေးတော့ သူတို့က ကိုဋ္ဌေးနိုင် ကို ထားတာသိတ်ရက်စက်တယ်ဗျာ တဲ့။

သူ့အရပ် သူ့ကိုယ်ခန္ဓာနဲ့မဆန့်တဲ့ ခြေထောက်ဆန့်လို့မရတဲ့ မြေကြွင်းထဲမှာထည့်ထားပြီး

ခြေထောက်ကလည်း အချိန်တိုင်းကွေးထားရတော့ တလလောက်အကြာမှာ ဋ္ဌေးနိုင်ဟာ

မတ်တပ်ရပ်လို့မရတော့ပဲ၊ ချိသွားတယ် တဲ့။

နောက်စစ်သားတယောက်ကမျက်ရည်ဝြဲပီးပြောတာက

သူတို့ထမင်းသွားပို့တဲ့အချိန်မှာ တာဝန်ခံတယောက်ပါတယ် တဲ့။

သူတို့ ဋ္ဌေးနိုင် ကိုတွေ့တဲ့အခါ၊

ဋ္ဌေးနိုင် က “မင်းတို့ငါ့ကိုဘယ်တော့သတ်မလဲ၊ မြန်မြန်သတ်လိုက်ပါကွာ။

ငါမင်းတို့နှပ်စက်တဲ့ ဒဏ်ကိုမခံနိုင်တော့လို့ပါလို့ နေ့တိုင်းတောင်းပန်ပြောတယ်လို့ ကျနော့ကိုရှင်းပြပါတယ်။

ဒီလိုနဲ့ ဗဟိုဟာ စစ်ရေးအရရွှေ့ပြောင်းတဲ့အချိန်မှာ

မိုးသီးဟာ သူများတွေမရိပ်မိအောင် ဋ္ဌေးနိုင်လိုသရုပ်ဆောင်တဲ့တယောက်ကိုရွေးပြီး

မျက်နှာကိုဂုံနီအိပ်အုပ် သဏ္ဍန်လုပ်သရုပ်မှန်အောင်လိမ်ညာပြီး

လှေပေါ်ကိုတရားခံခေါ်သွား တယ်ဆိုတဲ့ပုံစံနဲ့ ဖန်တီးပါတယ်။

အဲ့ဒီသရုပ်ဆောင်တဲ့သူက ကိုရဲလင်း လို့ခေါ်ပါတယ်။

သူကိုယ်တိုင် ကျနော့ ကို ပြောပြတာဖြစ်ပါတယ်။

သူတို့ရွေ့ပြောင်းကြတဲ့အချိန်မှာ ဋ္ဌေးနိုင်သေပြီးဖြစ်တယ်။

သူတို့သတ်ပြီးဖြစ်တယ်။ ဒီတော့ ဘယ်သူ့မှာတာဝန်ရှိသလဲ။

ဋ္ဌေးနိုင်ကိုသတ်တာမိုးသီးမှာတာဝန်ရှိတယ်။

မိုးသီး ဟာ အဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌ ပါ။

ဒါကို သူမသတ်ပါဘူး လို့ ရှောင်ထွက်လို့မရပါဘူး။

ခေါင်းဆောင်လုပ်ချင်ရင်တာဝန်ယူရဲတဲ့သတ္တိရှိရပါတယ်။

ပြည်သူရဲဘော်မိတ်ဆွေအပေါင်းတို့ခင်ဗျား

အထက်ပါအဖြစ်အပျက်ကိုဖတ်ကြည့်ကြပါ။

မိုးသီးဟာ ၈၈၈၈ ခေါင်းဆောင်တယောက်မဟုတ်ပါ။

နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်ပါ။

ကျောင်းသားချင်းသွေးစွန်းတဲ့လူသတ်ကောင်သက်သက်သာဖြစ်ပါတယ်။

ကျနော်တို့က စစ်အဏာရူးပြီးပြည်သူကိုသတ်တဲ့ စစ်အာဏာရှင်ဘီလူးတွေကို တိုက်နေတာပါ။

အခု မိုးသီးနှင့် နိုင်အောင်ဟာ အာဏာတခြမ်းပဲ့လေး ကို ရတာတောင်

ဒီလိုယုတ်ယုတ်မာမာ ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ကြတဲ့

လူသတ်ကောင် လူယုတ်မာများသာဖြစ်တယ်။

နိုင်ငံရေးခေါင်းဆောင် ကျောင်းသားခေါင်းဆောင်များလုံးဝမဟုတ်ပါ။

ဒီတော့ ခင်ဗျားတို့ကိုသတိပေးချင်ပါတယ်။

“မိုးသီး” ဒီလိုစွပ်စွဲချက်ဟာ အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှု လို့ မင်းကပြောတယ်။

မိုးသီး မင်းဘဝမှာ ဒီကိစ္စဟာ အရေးကြီးတယ် ဆိုတာသတိပြုပါ။ နိုင်ငံရေးဆိုတာ မင်းလိုလူသတ်ကောင်နဲ့မပတ်သက်ဘူးဆိုတာနားလည်ပါ။

မင်းသတ်ခဲ့တဲ့ လူသတ်မှုအတွက်ဖြေရှင်းဖို့မင်းပြင်ဆင်ပါ။

ဒီနေ့က စပြီး ကျောင်းသားခေါင်းဆောင်၊

နိုင်ငံရေးခေါင်းဆောင်ဆိုတာလုံးဝမသုံးပါနဲ့။

မိုးသီးနဲ့နိုင်အောင်ဟာ စစ်ဘီလူးကောင်တွေလိုပဲ ဆိုးတဲ့လူသတ်တရားခံ၊

လူယုတ်မာများသာဖြစ်ပါကြောင်းရှင်းပြလိုက်ရပါတယ်။

ရှစ်လေးလုံးဂုဏ်သိက္ခာ ကို အစဉ်ဦးထိပ်ထားလျှက်

395299_2497328516695_282835035_n

သန်းဝင်း__

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s