“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း” အတည်ပြုပြဌာန်းရေးကိစ္စနှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်ခြင်း

 

president office

“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း” အတည်ပြုပြဌာန်းရေးကိစ္စနှင့်
စပ်လျဉ်း၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်ခြင်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

[The Presidential Signing Statement of The Anti-Corruption Law(2013) ]
———————————————————————–
ဒီကနေ့ နိုင်ငံပိုင်သတင်းစာများမှာ ထည့်သွင်းဖော်ပြထားတဲ့ “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း” ဟာ နိုင်ငံတော်သမ္မတကြီး လက်မှတ်ရေးထိုး ထုတ်ပြန် ထားခြင်း ဖြစ်ပါတယ်။

လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် ပြဌာန်းပြီးနောက် ဒီဥပဒေပြဌာန်းရေးနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်သို့ သဘောထားမှတ်ချက်များ ပေးပို့ဆောင်ရွက်ခဲ့ပုံ၊ ဥပဒေကြမ်းအပေါ် သုံးသပ်ဆင်ခြင်ပုံ စတဲ့ ဖြစ်စဉ်အကြောင်းအရာတွေကို The Presidential Signing Statement လို့ ခေါ်ဆိုနိုင်တဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ-

(၁)

Post-Conflict ကာလနဲ့ Transition ကာလတွေမှာ Anti-Corruption ကို အလေးထားပြီး ဆောင်ရွက်ကြရတာ ဖြစ်တာနဲ့အညီ လွတ်လပ်ရေးရရှိပြီးချိန် ၁၉၄၈ ခုနှစ်မှာလည်း ဥပဒေပြဌာန်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ အခု အများ သိရှိတဲ့ စသုံးလုံး လို့ခေါ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အဲဒီ ဥပဒေအရ ဖွဲ့စည်း ပေါ်ပေါက်လာခဲ့တာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ၂၀၀၅ ခုနှစ်ကတည်းက UNCAC ကို လက်မှတ်ရေးထိုးထားခဲ့ပြီး ဖြစ်တာကြောင့် နိုင်ငံတော် သမ္မတကြီးလက်ထက် ၂၀-၁၂-၂၀၁၂ ရက်နေ့မှာ Ratification လုပ်ခဲ့ကြောင်း၊ ၈-၁-၂၀၁၃ ရက်နေ့မှာလည်း ဒုတိယသမ္မတဦးဆောင်တဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီးတော့ အစိုးရအဖွဲ့အစည်းများအတွင်း အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ဆက်နွယ်နေတဲ့ တည်ဆဲဥပဒေပေါင်း ၂၃ ခု ရှိနေကြောင်း ဖော်ပြထားပါတယ်။ 

(၂)

လက်ရှိကာလမှာ စသုံးလုံးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ဆက်စပ်ပြီး ငွေကြေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့ Financial Intelligence Unit-FIU ကို ဥပဒေနဲ့အညီ ဖွဲ့စည်းပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ပြည်သူများရဲ့ နစ်နာမှု၊ ဆုံးရှုံးမှုတွေကို ဖြေရှင်းပေးဖို့၊ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် အရေးယူဖို့အတွက် နိုင်ငံတော်သမ္မတတာဝန် စတင်ထမ်းဆောင်ချိန်ကစတင်ပြီး သမ္မတရုံးပြည်ထောင်စုဝန်ကြီးတစ်ဦးကို သီးသန့်တာဝန်ပေးပြီး ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တင်ပြတိုင်ကြားစာ (၁၁၉)စောင်ကို လက်ခံစစ်ဆေးမှုအရ ဒီကနေ့အထိ ဝန်ထမ်းပေါင်း (၄၅၀) အရေးယူပြီး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

[ဒီမှာ ဖော်ပြထားတဲ့ အရေးယူထားတဲ့ အဂတိလိုက်စားသူဝန်ထမ်း ၄၅၀ ဆိုတာ တိုင်ကြားစာတွေကို စိစစ်စစ်ဆေးအရေးယူတဲ့ အရေအတွက်သာ ဖြစ်ပါတယ်။ မီဒီယာများမှာ ဖော်ပြချက်များအရအရေးယူခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အုပ်ချုပ်မှုအစီအစဉ်ဖြင့် အရေးယူခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် အရေးယူခြင်း၊ နိုင်ငံတောသမ္မတကိုယ်တိုက် တိုက်ရိုက်အရေးယူခြင်း စတဲ့ ဖြစ်စဉ်တွေ ပါဝင်ခြင်း မရှိသေးပါဘူး။]

(၃)

ပြည်ထောင်စုလွှတ်တော်က ပေးပို့လာတဲ့ ဥပဒေကြမ်းအပေါ်မှာ နိုင်ငံတော်သမ္မတအနေနဲ့ လေ့လာသုံးသပ်တဲ့အခါမှာ-

– (နံပါတ်တစ်) ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီဖို့၊

– (နံပါတ်နှစ်) မိမိနိုင်ငံက လိုက်နာဆောင်ရွက်ပါ့မယ် လို့ လက်မှတ်ရေးထိုး ကတိကဝတ်ပြုထားတဲ့ အပြည်ပြည်ဆိုင်ကွန်ဗင်းရှင်းတွေနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့၊

– (နံပါတ်သုံး) အခြားသော တည်ဆဲဥပဒေများနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ စတဲ့ အဓိက မူဘောင်သုံးခုကို အခြေခံပြီး စဉ်းစားသုံးသပ်ထားတာ တွေ့ရှိနိုင်ပါတယ်။

(၄)

ဒီလို စိစစ်လေ့လာရာမှ ဖော်ပြချက်အချို့အပေါ် သုံးသပ်ဆင်ခြင်၍ ရရှိလာသော သုံးသပ်ချက် သဘောထားများ၊ သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း-

– အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပိုမို၍ ထိထိရောက်ရောက် ဆောင်ရွက်လိုသော ပြင်းပြသည့် နိုင်ငံရေးစိတ်စေတနာ Political Will ကို ထုတ်ဖော်ပြသလိုသည့် ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊

– နိုင်ငံတော်နှင့် နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့ အဂတိလိုက်စားမှုများ ပပျောက်ရေးကို အစဉ်အဆက်တိုက်ဖျက်သွားနိုင်ရန် ရည်ရွယ်၍ လည်းကောင်း၊

– လွှတ်တော်ကိုယ်စားလှယ် အများစု၏ ဆန္ဒအရ အတည်ပြုထားခြင်း ဖြစ်၍ အများဆန္ဒကို အလေးဂရုပြုသောအားဖြင့်လည်းကောင်း၊

– နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ဥပဒေပြုမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့အကြား အပြန်အလှန်လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် ရည်သန်၍လည်းကောင်း

ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါတယ်။

(၅)

ဒီကွဲလွဲမှုတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ-မရှိ ဆိုတဲ့ Judicial Review ကို လုပ်နိုင်တဲ့ အဖွဲ့အစည်းကတော့ အခြေခံဥပဒေ ပုဒ်မ ၃၂၂၊ ပုဒ်မခွဲ (ခ)ပါ ပြဌာန်းချက်အရ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ” ခုံရုံးတွင် တာဝန် ရှိကြောင်း ဖော်ပြထားပါတယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More : http://www.president-office.gov.mm/briefing-room/news/2013/08/08/id-3994]

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s