ရှစ်လေးလုံး (၂၅) နှစ်ပြည့် ရခိုင်သံဃာ့သမဂ္ဂမှ သဘောထားထုတ်ပြန်

ရှစ်လေးလုံး (၂၅) နှစ်ပြည့် ရခိုင်သံဃာ့သမဂ္ဂမှ သဘောထားထုတ်ပြန်

အာရ်ကန်တိုင်းမ်စ် (သတင်း)

မြန်မာနိုင်ငံသမိုင်းတွင် ကြီးမားသောအချိုးအကွေ့တစ်ခုအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြသော ရှစ်လေးလုံး အရေးတော်ပုံကြီး ၂၅ နှစ်ပြည့်တွင် ရှစ်လေးလုံး၏ လှုပ်ရှားမှု၊ လုထုတစ်ရပ်လုံး၏ မျှော်လင့်ချက်နှင့် ရလဒ်ကို (၉၀) ပြည့်ရွေးကောက်ပွဲ့၌ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့သော်လည်း အနှစ်သာရအားဖြင့် ဟန်ဆောင်သရုပ်ပြခြင်းသာကြောင်း ရခိုင်သံဃာ့သမဂ္ဂ(RSU) မှ သဘောထားတစ်စောင် သြဂုတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

၈၈၈၈ – လုံး (၂၅) နှစ်ပြည့် ရခိုင်သံဃာ့သမဂ္ဂ (RSU) ၏ သဘောထားထုတ်ပြန်ချက်။ ၈၈၈၈ – လုံး (၂၅) နှစ်ပြည့် ရခိုင်သံဃာ့သမဂ္ဂ (RSU) ၏ သဘောထားထုတ်ပြန်ချက်။

http://www.arakantimes.net/burmese/index.php/2013-03-09-12-22-21/535-2013-08-07-09-09-01

971919_186102174894650_152972113_n

ထုတ်ပြန်ချက်တွင် ” ရှစ်လေးလုံး အရေးတော်ပုံမှစ၍ ယနေ့အချိန်အထိ အစိုးရမှ မတရား အိမ်၊ လယ်ယာမြေ၊ ဥယာဉ်ခြံစသည့် သိမ်းမှုများ၊ တိုင်းပြည် သယံဇာတများကို ပြည်သူလူထုအား တစုံတရာအသိအမှတ်မပြုပဲ မိမိတို့ ထင်သလိုပြုလုပ်နေကြခြင်းဖြစ်ကြောင်း၊ ၄င်းကြောင့် ပြည်သူများသည် အလုပ်လက်မဲ့ဘဝဖြင့် စီးပွားရေးအဆင်မပြေမှု၊ စားဝတ်နေရေးကြပ်တည်းမှုတို့ကြောင့် ပြည်ပနိုင်ငံများသို့ အလုပ်အကိုင်ရှာဖွယ် ရန်အတွက် ရောက်ခဲ့ကြရကြောင်း၊ ပြည်သူလူထုတို့၏ အခက်အခဲများနှင့် နိုင်ငံတကာ၏ ဆက်ဆံရေးအခြေအနေ ပြေလည်ချောမွေ့ စေရန်အတွက် ယခင် အစိုးရအဆက်ဆက် ပြုလုပ်ခဲ့သော နဂိုသမရိုးကျလှည့်ကွက်ထက် ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုသည် နည်းသစ် နည်းဟန် လှည့်ကွက်တခုအနေဖြင့် ဖော်ဆောက်လျှက်ရှိကြောင်း၊ တိုင်းပြည်အသွင်ကူးပြောင်းဟန် ပုံသဏ္ဍန်ဖေါ်ပြနေသော်လည်း ပြည်သူများအတွက် တစုံတရာ အပြောင်းအလဲများ မရှိသောကြောင့် ဦးသိန်းစိန်၏ မူမမှန်သော တိုင်းပြည်ပြုပြင်ပြောင်းလဲမှုကို ပြည်သူလူထု တစ်ရပ်လုံးမှ ဝေဖန်သုံးသပ်မှု များလာခဲ့ကြကြောင်း ” ဖော်ပြထားသည်။

အခြားတဖက်တွင်လည်း ယနေ့ဖြစ်ပျက်နေသည့် ဘင်္ဂလီကုလားအရေးသည် ယခင်အစိုးရအဆက်ဆက်၏ နယ်စပ်ရေးရာလုံခြုံရေး ကိုင်တွယ်မှုညံဖျင်းခြင်း၊ တာဝန်ကျေပွန်မှုမရှိခြင်းကြောင့် ဘင်္ဂလီကုလားတို့၏ ဝင်ရောက်လာမှုကို စနစ်တကျတားဆီးခြင်း မရှိခဲ့သည့်အတွက် နိုင်ငံအတွင်းဖြစ်ပျက်နေသော ပဋိပက္ခအခြေအနေတွင် အစိုးရ၌သာ တာဝန်အရှိဆုံးနှင့် ၎င်းဘင်္ဂလီအရေးနှင့် ပတ်သတ်၍ ပြည်သူတစ်ရပ်လုံး လက်ခံနိုင်သောအဆင့်ကို အစိုးရမှ တာဝန်ယူ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

” ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကိုလည်း ပြုပြင်ပြောင်းလဲမှုမရှိဘဲ ဆုပ်ကိုင်ထားခြင်းသည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွက် မည်သည့် အခါမှ ငြိမ်းချမ်းသာယာဝပြားသော အနေအထားသို့ ရောက်ရှိမည်မဟုတ်ပေ။ မြန်မာနိုင်ငံ၌ ဗမာလူမျိုးကြီးစိုးရေးဝါဒကို ကျိပ်ကျိပ်ပါ အောင်ဆုတ်ကိုင်ပြီး ကျင့်သုံးအုပ်ချုပ်လာခဲ့မှုကြောင့် လက်နက်ကိုင်တော်လှန်ရေးနှင့် ပြည်တွင်းစစ်မီး တောက်လောင်လာခဲ့ရသည်။ စစ်ရေးအရ ငြိမ်းချမ်းရေး လက်မှတ်ထိုးရုံမျှဖြင့် ငြိမ်းချမ်းရေး ရနိုင်လိမ့်မည်မဟုတ်။ နိုင်ငံရေး အစာမကြေမှုမှ ဖြစ်ပေါ်လာသော နိုင်ငံရေး အရင်းအမြစ်ပြဿနာကို နိုင်ငံရေးအရ ရိုးသားပွင့်လင့်စွာ ကိုင်တွယ်ဖြေရှင်းမှသာလျှင် မျှတငြိမ်းချမ်းသာယာသော ဘဝသို့ရောက်ကြ ရမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ပါသည်။

ယခုအချိန်အခါ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးသည် ဦးသိန်းစိန်အစိုးရ၏ နည်းပရိယာယ်ကို လယ်ပြင်မှာဆင်သွားသကဲ့သို့ ရှင်းရှင်းလင်းလင်း မြင်သိနေကြပြီးဖြစ်၍ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအနေဖြင့် သတိသံဝေဂယူပြီး ခိုင်မာသော စုစည်းမှု၊ စည်းလုံးညီးညွတ်မှုတို့ကို တည်ဆောက်ကြရမည့် အချိန်ကာလဖြစ်ကြောင်း တိုက်တွန်းထားသည်။

ရှစ်လေးလုံး (၂၅) နှစ်ပြည့် ငွေရတုအခမ်းနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC) ခန်းမ၌ သြဂုတ်လ ၆ ရက်နေ့က စတင်ကျင်းပခဲ့ကာ သြဂုတ်လ ၈ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ပြုလုပ်သော ရှစ်လေးလုံး ငွေရတုအခမ်းအနား ဒုတိယနေ့သို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်နှင့် အဖွဲ့သားများ ရောက်ရှိခဲ့ကြကြောင်း၊ ထို့နောက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် “တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု” ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ၄င်းကဏ္ဍရှိ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်နှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s