UPDATED 5 AUGUST 2013 https://democracyforburma.wordpress.com/2013/08/05/state-level-ceasefire-agreement-signed-between-government-and-absdf-leaders/
TACHILEK NEWS
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ABSDF ဥက္ကဌ ရဲဘော် ကိုသံခဲ အပါအဝင် အဖွဲ့ဝင်များ ယနေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်မြို့သို့ရောက်ရှိလာကြောင်း သိရှိရသည်။
Tachileik Online News
3.8.2013
ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် တွေ့ဆုံဆွေးနွေးရန် မကဒတအဖွဲ့သည် မဲဆောက်မြို့မှ တာချီလိတ်လမ်းကြောင်းအတိုင်း ထွက်ရှိလာပြီဖြစ်ကြောင်းသိရသည်။
ယင်းအဖွဲ့သည် ရန်ကုန်မြို့သို့ သြဂုတ်လ ၄ ရက်တွင်ရောက်ရှိမည်ဖြစ်ပြီး သြဂုတ်လ ၅ ရက်တွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းဆွေးနွေးပွဲသို့ မကဒတ အဖွဲ့ဝင် ၃၀ ကျော်တက်ရောက်ဆွေးနွေး သွားမည်ဖြစ်ပြီး ပြင်ပ လေ့လာစောင့်ကြည့်သူများအဖြစ် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်အချို့ကိုဖိတ်ခေါ် ထားကြောင်းသိရသည်။