U WIRA THU : “ဗမာအိမ်မှာ ဗမာတွေ မနေရဲတော့ပြီလော” July 31, 2013 at 8:12pm

မဝင်းဇာနည်အောင်
မဝင်းဇာနည်အောင်

 

မတာ
မတာ

 

ပြည်ကြီးတံခွန်မြို့နယ်၊ ဓဓ/၂၄၊ အေးသုခလမ်းနှင့် ၅၈လမ်း၊ (ဆ)ရပ်ကွက်မှာ အသက် (၂၀) နှစ်အရွယ် မဝင်းဇာနည်အောင်ဟာ အဝတ်ဖွတ်လျော် အလုပ်သမလေးပါ။ သူမယောကျာ်းက မြေသယ်လုပ်သားပါ။

ဦးဝင်းမြင့်+ဒေါ်သန်းသန်းမြင့်တို့က ဒဒ/၈၊ အေးသုခလမ်းနှင့် လမ်း(၆၀)ကြား ဂျပန်ဘုရားအနီးမှာနေပါတယ်။ ငွေတိုးပေးစားသူများဖြစ်ပါတယ်။

မဝင်းဇာနည်အောင်က ဦးဝင်းမြင့်+ဒေါ်သန်းသန်းမြင့်တို့ထံမှာ ငွေငါးထောင် ချေးယူပါတယ်။ အတိုးငွေအဖြစ် ဥပုသ်တစ်ပတ်ကို တစ်ထောင်ကျပ်ပေးရပါတယ်။ အဲဒီလိုပေးလာတာ တစ်နှစ်နီးပါးရှိပါပြီ။ အရင်းငါးထောင်မဆပ်နိုင်မချင်း အတိုးပေးနေရတာပါ။

နောက်ပိုင်း အတိုးမပေးနိုင်တော့ အတိုးရောအရင်းပါထပ်ပေါင်းပြီး တစ်သောင်းရှစ်ထောင် သတ်မှတ်ထားပါတယ်။ တစ်ပတ်ကို နှစ်ထောင်ကျပ် အတိုးပေးရပါတယ်။

26.7.2013 ရက်နေ့မှာ အတိုးငွေနှစ်ထောင်ကျပ် သွားပေးတဲ့အခါ ပါးအရိုက်ခံရပါတယ်။ မပေးနိုင်တာ သုံးပတ်ကျော်သွားလို့ပါ။ ရိုက်သူက ဒေါ်သန်းသန်းမြင့်ပါ။

ဒီလိုနဲ့ 29.7.2013 ရက်နေ့မှာ သုံးထောင်ကျပ် ထပ်မံ ပေးလိုက်ပါတယ်။ ဦးဝင်းမြင့်က မဝင်းဇာနည်အောင်ကို ပါးရိုက်လိုက်ပြန်ပါတယ်။

မဝင်းဇာနည်အောင်က ကွက်စိပ်မှူး ဦးအောင်ငွေထံ သွားတိုင်ပါတယ်။ ဦးအောင်ငွေက ရပ်ကွက်ရုံးသို့ လွှတ်လိုက်ပါတယ်။

ရပ်ကွက်ဥက္ကဋ္ဌ ဦးစိုးတင့်က လုပ်မယ့်လုပ်ရင် ထိထိရောက်ရောက်လုပ်လို့ ပြောပြီး အဆင့်မြင့်ရဲစခန်းကိုလွှတ်လိုက်ပါတယ်။

မဝင်းဇာနည်အောင်ဟာ ခင်ပွန်းကိုပြောပြရင် ရန်ဖြစ်ကြမှာစိုးလို့ ဦးဝင်းမြင့်ရိုက်တာကို မပြောဘဲ၊ ဒေါ်သန်းသန်းမြင့်ရိုက်တာကိုဘဲ ပြောခဲ့ပြီး ရဲစခန်းကို ခြေလျှင်လျှောက်လာခဲ့ပါတယ်။ သူမရဲ့ ရင်သွေး (၂) နှစ်သားလေးကိုချီပြီး လမ်းလျှောက်ခဲ့တာ တစ်နာရီကျော်မှ ရောက်ပါတယ်။

အမည်မသိ ဒု-ရဲအုပ်တစ်ယောက်နှင့်တွေ့ပါတယ်။ ရဲကင်းမှူးကိုလွှတ်လိုက်မယ်ပြောပြီး ပြန်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် ရဲကင်းမှူးရောက်မလာခဲ့ပါဘူး။

30.7.2013 ရက်နေ့မှာ ဒေါ်သန်းသန်းမြင့်ရောက်လာပြီး “ငါ့ပိုက်ဆံ ပြန်ပေးဖို့ ပြင်ထား၊ ညည်းဘာသာ ဘယ်သွားတိုင်တိုင် မုဒိမ်းမှုနဲ့ပဲတိုင်တိုင် တိုင်ချင်ရာတိုင်” ပြောပြီး ကြိမ်းမောင်းသွားလို့ လင်းမယားနှစ်ယောက်လုံး တစ်ခြားအိမ်ပြောင်းရွှေ့ပြီး ခိုးအိပ်ကြရပါတယ်။

ဦးဝင်မြင့်က ဗမာ/ဗုဒ္ဓဖြစ်ပေမယ့် ဒေါ်သန်းသန်းမြင့်နဲ့ အိမ်ထောင်ကျပြီးမှ အစ္စလာမ်ဘာသာကူးပြောင်းထားသူပါ။ သူတို့လင်မယားရိုက်လို့ ခံခဲ့ရတဲ့သူတွေထဲမှာ………..

ဒေါ်ကြည် (၅၀) နှစ် ပန်းရောင်း။

မအေးသီ (၃၀) နှစ် ပန်းရောင်း။

ကိုဆန်းမင်းထွန်း (၃၀) နှစ် မြေသယ်။

မတာ (၃၃) နှစ် ပန်းရောင်း တို့လည်း ပါပါတယ်။

မတာဆိုရင် ငွေတစ်သောင်းချေးယူပြီး တစ်ပတ်သုံးထောင်ကျပ် အတိုးပေးခဲ့ရသူပါ။

အတိုးမပေးနိုင်လို့ဆိုပြီး အကြော်ဝယ်ပြန်လာတဲ့ မတာကို ဒေါ်သန်းသန်းမြင့်က လက်ကိုချုပ်ပေးထားပြီး၊ ဦးဝင်းမြင့်က လက်တွေ ဆွဲဆောင့်ကာ ချွေးမဖြစ်သူက ဆံပင်တွေ ဆွဲဆောင့်၊ လက်တွေဆွဲဆောင့် ကြပါတယ်။

သုံးယောက်လုံးက ကျောကုန်းကို လက်သီးဆုပ်နဲ့ ထုနှက်ကြပါတယ်။ အပြီးမှ ဒေါ်သန်းသန်းမြင့်က တွန်းလှဲပစ်လိုက်လို့ မတာလဲကျသွားပါတယ်။

အိမ်းနီးချင်းတွေပြေးလာတော့ သုံးယောက်လုံး အိမ်ထဲဝင်ပြေးကြပါတယ်။

ဆယ်အိမ်ခေါင်း ဦးမြင့်အောင်က လုံးဝအတိုင်မခံလို့ ရပ်ကွက် ရုံးသွားတိုင်ပါတယ်။ ရပ်ကွက်ဥက္ကဋ္ဌ ဦးစိုးတင့်က “အထက်ထိ တက်နိုင်သလောက် တက်တိုင်ပါ သူတို့က လူတိုင်းကို အနိုင်ကျင့်နေတာ” ဟု ပြောပြီး အဆင့်မြင့်ရဲစခန်းကို လွှတ်ပါတယ်။

ရဲစခန်းရောက်တော့ ဒု-ရဲအုပ်တစ်ယောက်နဲ့တွေ့ပြီး အကြောင်းစုံ ရှင်းပြတိုင်ကြားရာ ဒု-ရဲအုပ်က တစ်ခွန်းတစ်လေမှ စကားမပြောဘဲနေလို့ ပြန်လာခဲ့ရပါတယ်။

ခုတော့ သူတို့တစ်တွေ အားရှိသွားပါပြီ။ ရဲစခန်းကလည်း အမှုလက်ခံလိုက်ပါပြီ။ တရားမဝင် ငွေတိုးပေး၊ ငွေချေးစားတဲ့ ကုလားလင်မယား၊ စီ-တိုးနဲ့ နှိပ်စက်နေတဲ့ ကုလားလင်မယား၊ ဆင်းရဲသူ၊ ဆင်းရဲသားတွေကို အနိုင်ကျင့်နေတဲ့ ကုလားလင်မယားကို သူတို့ ရင်ဆိုင်ကြတော့မှာပါ။

သြော်……ဗမာပြည်မှာ ဗမာတွေ ကိုယ့်အိမ်မှာတောင် ကိုယ်မအိပ်ရဲရတဲ့ဘဝမျိုး… မတွေးဝံ့စရာပါလားနော်။

ဗမာတွေကို အနိုင်မကျင့်ကြပါနဲ့ဗျာ၊

ငွေပြန်မဆပ်နိုင်ရင် တရားစွဲကြပါလားဗျာ။

1003489_303438096466372_427511535_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s