UPDATED 1 AUGUST
Full report:https://docs.google.com/file/d/0B5x_WQ8boBL7VXlfY1BjWVRaNms/edit
By: Kyaw H Aung
ရခိုင်ပြည်နယ်တွင် ပဋိပက္ခ စစ်တမ်း ရှင်းမည်
“Conflict & Violence in Arakan (Rakhine) State, Myanmar (Burma)”
What is Happening, Why and What To Do
ခေါင်းစဉ်ဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခအကြောင်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ်လ ၁ရက်နေ့တွင် Arakan
Human Rights and Development Organisation (AHRDO) က ဦးဆောင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါရှင်းလင်းပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ (ဆူးလေအနီး) Central Hotel တွင် နံနက် ၁၁နာရီမှ မွန်းလွဲ ၁နာရီအထိ ကျင်းပ မည်ဖြစ်သည်။
AHRDO မှ ရခိုင်ပြည် အကြမ်းဖက်မှုပဋိပက္ခ စာအုပ်ထုတ်ဝေမည်
မိုးဇော် (သတင်း)
ရခိုင်ပြည်တွင် လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ဇွန်လနှင့် အောင်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင်တို့အကြား အကြမ်းဖက် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ သုတေသနပြုရေးသားထုတ်ဝေမည့် “ ရခိုင်ပြည်အကြမ်းဖမ်းမှု ပဋိပက္ခ အစီရင်ခံစာ ” အား သြဂုတ်လ ၁ ရက်နေ့တွင် စာအုပ်အဖြစ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ၄င်းအဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ ၄င်းနေ့တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ရန် ရန်ကုန်မြို့ Central Hotel (ပထမအထပ်)၌ စီစဉ်ထားကြောင်းလည်း သိရသည်။
ရခိုင်ပြည် ပဋိပက္ခအစီရင်ခံစာ၏ စာအုပ်ထဲတွင် ပါရှိသော အချက်အလက်တချို့ကို AHRDO ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးမှ အာရ်ကန်တိုင်းမ်စ်သို့ ယခုလို ပြောသည်။
“ အဓိက ရခိုင်ပြည်နဲ့ ပတ်သက်တာကတော့ စလို့ဖြစ်တဲ့အချိန်ပေါ့၊ ရခိုင်ပြည်မှာဖြစ်သွားတာကို အသေးစိတ်ရေးသားထားပါတယ်။ ရခိုင်ပြည်မှာ ၁၉၄၂ ခုနှစ်က ဘင်္ဂလီတွေနဲ့ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေလည်းပါတယ်။ ပြီးတော့ အခုစလို့ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဇွန်လမှာဖြစ်တယ်၊ အောင်တိုဘာမှာဖြစ်တယ်၊ အဲဒါတွေကို အသေးစိတ်ရေးသားထားတယ်။ ပဋိပက္ခဖြစ်ခဲ့တဲ့နေရာတွေက ဒေသခံတွေကို အင်တာဗျူးပြီးတော့ အချက်လက်ကတော့ ကျနော်တို့ ကိုယ်တိုင်ကောက်တာလဲပါတယ်။ အင်တာနက်က ရှားထားတဲ့ အချက်အလက်တချို့လည်းပါတယ်။ ” သူက ဟု ပြောသည်။
အစီရင်ခံစာ စာအုပ်ထဲတွင် ရခိုင်ပြည် ပဋိပက္ခသာမက အခြားဆက်စပ်သော မိတ္ထိလာပဋိပက္ခအပါအ၀င် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သော အာဖကန်နစ္စတန်နိုင်ငံမှာ အစွမ်းရောက် မူဆလင်တို့၏ လက်ချက်ကြောင့် ဗုဒ္ဓရုထုများနှင့် အဆောက်အဦးများ ပျက်ဆီးသွားခြင်း အကြောင်းအရာများပါဝင်ကြောင်း၊ ထိုအပြင် အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့်လည်း ပတ်သက်၍ ထည့်သွင်းရေးသားထားကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်တွင် ပဋိပက္ခဖြစ်ပွားရခြင်းနှင့် ခိုးဝင်လာသော ဘင်္ဂလီများတချို့ နိုင်ငံသားကဒ်ပြားကိုင်ဆောင်ကာ မဲပေးပိုင်ခွင့်နှင့် လွှတ်တော်ထဲသို့ ရောက်ရှိအောင် ပြုလုပ်ပေးခဲ့သော ၀န်ကြီးချုပ် ဦးနု၏ အခန်းကဏ္ဍ၊ ဗိုလ်ချုပ်နေ၀င်း၊ ကုလသမဂ္ဂနှင့် OIC တို့ ပါဝင်ပတ်သက် လှုပ်ရှားခဲ့ပုံများ၊ “ရိုဟင်ဂျာ” ကဏ္ဍမူလဇစ်မြစ် ဘယ်လိုဘယ်ပုံ ပေါ်ပေါက်လာပုံ စသော အကြောင်းအရာများ ပါဝင်ကြောင်း ၄င်းအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားစာ၌ ရေးသားသည်။
သတင်းစာရှင်းလင်းပွဲတွင် AHRDO ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးနှင့် အစီရင်ခံစာ စာအုပ်ကို အဓိကရေးသား ကူညီပံ့ပို့ပေးသော Rick Heizman တို့ ရခိုင်ပြည်ပဋိပက္ခ ဖြစ်စဉ်နှင့်ပတ်သက်၍ အင်္ဂလိပ်လို ဟောပြောသွားမည်ဖြစ်ကြောင်း၊ သူတို့ ဟောပြောနေစဉ်အတွင်း ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ အမေးအဖြေ ကဏ္ဍပါထည့်သွင်းထားကြောင်း၊ ထိုသို့ ဟောပြောပြီးနောက်ပိုင်းတွင် မြန်မာ မီဒီယာများနှင့် မြန်မာလို အင်တာဗျူး အစီအစဉ်များကိုပါ စီစဉ်ထားကြောင်း သိရသည်။
ရခိုင်ပြည်ပဋိပက္ခသည် သမိုင်းကြောင်းနှင့် သက်ဆိုင်ခြင်းဖြစ်ပြီး ထိုသမိုင်းကြောင်းမှာလွဲမှားစွာ ဖော်ထုတ်ခံထားရခြင်းကြောင့် လူအများမှ လွဲမှားစွာနားလည်းထားကြကြောင်း၊ ရခိုင်ဗုဒ္ဓဘာသာဝင်များမှာ လွဲမှားစွာ၊ တရားမမျှတစွာဖြင့် သားပုပ်လေလွင့် ပြစ်တင်၊ စွန်စွဲ့ခံနေရကြောင်း ရှင်းလင်းပွဲ ဖိတ်ကြားစာတွင် ဖော်ပြထားသည်။
http://www.arakantimes.net/burmese/index.php/2013-03-09-12-22-21/510-ahrdo-3172013