SHAME ON AAPP -Lt-Col Khun Kyaw aka Than Gyaung- Than Chaung-How could he be named as political prisoner when he had committed murder, rape, beheading to fellow ABSDF members. Such a shame to put his name under the political prisoners. If they put his name under political prisoner and it could leverage the genuine political prisoners who are with clean hands. This could make confusions to the generations to start thinking that ABSDF members are also the same. It could deeply tarnish their ABSDF’s fame.
—-
“The members of the ABSDF’s commission say they want to see KoThangyaung (a participant in Parjaung murder). Despite the government’s consent, I am not sure that we will be able to meet the former comrades including KoThangyaung in Thayarwady Prison and collect the data required from them,” said Ko Ye Lin.
More than 40 students were killed in executing over 100 student comrades alleged to be military intelligence in Parjaung camp of ABSDF-NB in early 1992 and 55 student comrades had escaped from the interrogating camp, according to the documents of the former student comrades who emancipated from the Parjaung camp.
credit emg 28.july
ပါဂျောင်တွင် အစိုးရ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံရပြီး ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသော ကျောင်းသားလူငယ် အချို့
ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် လူမဆန်သော လူသတ်မှုများ ကျူးလွန်ခဲ့သူ ထောင်ဒဏ်ကျခံနေရဆဲ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံနှင့် RCSS/SSA တပ်မဟာ ၂၄၁ ၏ တပ်မှူးဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ခြင်းအပေါ် အငြင်းပွားဖွယ် ဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က လွတ်မြောက်လာခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၇၃ ဦးတွင် ဦးသံချောင်းအဖွဲ့မှ အဖွဲ့ဝင် ၂၉ ဦး ပါဝင်ခဲ့ပြီး ဦးသံချောင်းမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသဖြင့် ဦးသံချောင်းကို မည်သို့သဘောထားသနည်းဆိုသော မေးခွန်းကို မေးမြန်းရာ၌ ထိုကဲ့သို့ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။
“ကျွန်တော့်အနေနဲ့ မြင်တာကတော့ သူကရာဇ၀တ်မှုကို ကျူးလွန်ခဲ့တယ်။ မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားလူငယ် ၃၈ ယောက်ကို သတ်တဲ့အထဲမှာ သူလည်းပါတာပဲ။ ကိုယ်ကတော့ သူ့ကို နိုင်ငံရေး အကျဉ်းသားတစ်ဦးလို့ မမြင်ဘူး။ ရာဇ၀တ်သား တစ်ဦးလို့ပဲ မြင်တယ်။ ခံခဲ့ရတဲ့ ကာယကံရှင်တွေကတော့ သူ့ကိုတရားစွဲမှာပဲ။ အခုလည်း စွဲနေကြတယ်။ တရားစွဲတဲ့အခါ အချို့နေရာတွေမှာ အမှုသက်သေ မခိုင်လုံလို့ဆိုပြီး ပယ်ချတာ ရှိတယ်။ ဒါကြောင့် ကိုယ်တို့နိုင်ငံတော် သမ္မတအထိ တင်နေတယ်။ ကိုသံချောင်းကိုလည်း ဦးစိန်အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး CID က ၀င်စစ်ထားတာ ရှိတယ်” ဟု ABSDF (မြောက်ပိုင်း)တွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ဦးသိန်းထွန်းက ပြောကြားသည်။
ဦးသံချောင်းသည် ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တွင် ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၌ အဓိက တာဝန်ရှိသူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ကြောင်း ABSDF (မြောက်ပိုင်း)မှ ထွက်ပြေးလွတ်မြောက်ခဲ့သူများက ပြောကြားပါသည်။ လက်ရှိအချိန်တွင် ပါဂျောင်ဒေသ၌ ဖြစ်ပေါ်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် ကျူးလွန်သူများအား အရေးယူခြင်း မရှိသေးသည့်အပြင် နစ်နာသူများ၏ တိုင်ကြားချက်များကိုလည်း အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း သိရသည်။
ကျောင်းသားလူငယ်များကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲကာ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဓားဖြင့် ခေါင်းဖြတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါသည်။ ထိုစဉ်အချိန်က ဦးသံချောင်းနှင့် ၎င်းအဖွဲ့ဝင်အချို့၏ လူမဆန်သော သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၃၉ ဦးရှိခဲ့ . . . |
“သူတို့ ကျူးလွန်ခဲ့တာက အရမ်းဆိုးဆိုးဝါးဝါးကြီးလေ။ ဒါကြောင့် သံချောင်းကို နိုင်ငံရေးသမား တစ်ယောက်လို့ ကျွန်မတော့ မသတ်မှတ်ဘူး။ အဲဒီလို သတ်မှတ်လိုက်တာနဲ့ အခြားနိုင်ငံရေး သမားတွေရဲ့ ဂုဏ်သိက္ခာပါ လျော့သွားမှာပေါ့နော်။ ဒီလို အပြစ်ကြီး ကျူးလွန်ခဲ့တာကိုက လူ့အခွင့်အရေးဘက်ကပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးဘက်ကပဲ ဖြစ်ဖြစ် ခွင့်လွှတ်လို့ မရနိုင်တဲ့ ပြစ်မှုကြီးပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ က ဖြစ်ခဲ့တာ ဆိုပေမယ့် အခုအချိန်အထိတောင် အစ်မတို့ ခံစားနေရတုန်းပဲ။ အစ်မတို့ အဖေတွေ ခံစားခဲ့ရတဲ့ အချိန်တုန်းက တရားမျှတမှု မရှိခဲ့ပါဘူး။ အစ်မတို့ကတော့ သူတို့ကို တရားဥပဒေအတိုင်းပဲ ဖြစ်စေချင်ပါတယ်။ သူဟာအပြစ်ရှိရင် ရှိမှန်း လူသိထင်ရှား အားလုံးက လက်ခံစေချင်တယ်။ သူအပြစ်ရှိတဲ့ အကြောင်းကို သူကိုယ်တိုင်လဲ သိရမယ်။ သူအပြစ်လုပ်လို့ လုပ်တာက တခြား၊ အစိုးရကို ဆန့်ကျင်လို့ နိုင်ငံရေးသမား ဖြစ်တာက တခြားဆိုတာကို အစ်မတော့ လက်မခံဘူး။ အစ်မတို့တွေစုပြီး နိုင်ငံတော်သမ္မတဆီ စာတင်ထားတာ ရှိတယ်။ နှစ်လကျော်နေပြီ။ အခုအချိန်အထိတော့ ဘာမှအကြောင်းပြန်တာ မရှိသေးဘူး” ဟု ABSDF (မြောက်ပိုင်း) ၌ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံခဲ့ရပြီး စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် သေဆုံးခဲ့ရသူ ဦးစိန် (မှိုင်းရာပြည့် ကျောင်းသားဟောင်း၊ ဒီးဒုတ်ဂျာနယ် ထုတ်ဝေသူ) ၏ သမီး ဒေါ်စန်းစန်းအေးက ပြောကြားသည်။
ထို့အတူ ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခံခဲ့ရကာ ABSDF (မြောက်ပိုင်း) ရှိ အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူပုံအလယ်၌ အ၀တ်အစားများချွတ်၍ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသူ ရန်ကုန်တက္ကသိုလ် ဒုတိယနှစ် (မြန်မာစာ) ကျောင်းသူ မခင်ချိုဦး၏ဖခင် ဦးတင်ပိုက အမှန်တရားကိုသာ လိုလားပြီး တရားဥပဒေအတိုင်း ဖြစ်စေလိုကြောင်း ပြောကြားပါသည်။
“သမ္မတဆီ စာတင်ထားတာ နှစ်လကျော်နေပြီ။ အခုအချိန်အထိ ဘာမှအကြောင်းမပြန်ဘူး။ မိသားစုတွေ အနေနဲ့ ဖြစ်စေချင်တာကတော့ မှန်မှန်ကန်ကန်ပဲ ဖြစ်စေချင်တယ်။ ဒို့သားသမီးတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲတယ်။ ဒါကဟုတ်မှ မဟုတ်တာဘဲ။ ကိုယ့်သမီးဘာလဲ ဆိုတာတော့ ကိုယ်သိတာပေါ့။ အဲဒါကို မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ ဒီကိစ္စတွေကို မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ပေးပါလို့ တောင်းဆိုဖို့ နှစ်ပေါင်း ၂၀ ကျော် စောင့်ခဲ့ရတာ။ အခုအချိန်အထိ အမှန်တရားက မပေါ်ခဲ့သေးဘူး။ ဒို့တွေကတော့ အမှန်တရားအတိုင်း ဖြစ်စေချင်တယ်။ ဥပဒေအတိုင်းလဲ အရေးယူ စေချင်တယ်။ သူ့မှာရှိတဲ့ အပြစ်အတိုင်းကိုလည်း လူတွေက အသိအမှတ်ပြုဖို့ လိုတယ်။ ပြီးတော့ အဲဒီဖြစ်စဉ်မှာ ပါဝင်တာက သံချောင်း တစ်ယောက်တည်း မဟုတ်ဘူး။ နောက်ထပ်လေးငါးယောက် ကျန်သေးတယ်။ တရားခံတွေ အကုန်လုံး တရားဥပဒေအတိုင်း ဖြစ်စေချင်တာက မိသားစုတွေရဲ့ ဆန္ဒပဲ” ဟု ဦးတင်ပိုက ပြောကြားသည်။
အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရ သူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး စစ်ထောက်လှမ်းရေးဟုပင် စွပ်စွဲခံရကာ အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူအများရှေ့၌ ဓားဖြင့်ခေါင်းဖြတ် အသတ်ခံခဲ့ရသည့် မန္တလေးမှ ကိုချိုကြီး၏အစ်မ ဒေါ်သင်းသင်းဝင်းကလည်း ဦးသံချောင်းကို ရာဇ၀တ်သား၊ လူရမ်းကား အနေဖြင့်သာ သတ်မှတ်ကြောင်း ပြောဆိုခဲ့သည်။
ဦးသံချောင်းနှင့် အဖွဲ့အား ဖမ်းမိပြီးနောက် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲမှ မှတ်တမ်းများ
“အစ်မ နားလည်ထားတာက အဲဒီဖြစ်စဉ်မှာ သံချောင်းတို့ကတော့ ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ သူတွေဖြစ်လို့ တရားခံမှာဆိုရင် နံပါတ်တစ်ပေါ့နော်။ နောက်ထပ်ကိုယ်တိုင် ကျူးလွန်တာ မဟုတ်ပေမယ့် ကျူးလွန်သူတွေကို အားပေးအားမြှောက် လုပ်ခဲ့တဲ့ လူတွေက နံပါတ်နှစ်ပေါ့။ နောက်ဒီဖြစ်စဉ် ဖြစ်လာဖို့ လှုံ့ဆော်ခဲ့တဲ့သူတွေလည်း ရှိတယ်။ ဘယ်သူတွေ ဘယ်လိုပဲ သတ်မှတ်ပါစေ အစ်မတို့ကတော့ သံချောင်းကို ရာဇ၀တ်သား၊ လူရမ်းကားလို့ပဲ မှတ်ယူပါတယ်။ သူက ခွေးရူးလိုပဲ မည်းမည်းမြင်ရာ ကိုက်တတ်တဲ့သူဖြစ်လို့ သူ့ကိုတော့ တရားဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ မြင်တယ်” ဟု ဒေါ်သင်းသင်းဝင်းက ပြောကြားသည်။
ဦးသံချောင်းသည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် တောခိုခဲ့ပြီး ABSDF (မြောက်ပိုင်း) သို့ ရောက်ရှိခဲ့ကာ စစ်ရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်နေစဉ် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ် ကာလအတွင်း ABSDF (မြောက်ပိုင်း) ပါဂျောင်၊ လိုင်စင်စခန်း၌ ကျောင်းသားလူငယ်များကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲကာ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဓားဖြင့်ခေါင်းဖြတ် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် အဓိက တာဝန်ရှိသူ ဖြစ်ခဲ့ပါသည်။ ထိုစဉ်အချိန်က ဦးသံချောင်းနှင့် ၎င်းအဖွဲ့ဝင် အချို့၏ လူမဆန်သော သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၃၉ ဦးရှိခဲ့ကြောင်း မြောက်ပိုင်းပြန် ကျောင်းသားများက ပြောကြားသည်။
၁၉၉၄ ခုနှစ်တွင် KIO က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူခဲ့ပြီးနောက် ကချင်ဒေသ၌ လှုပ်ရှားနေသော ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်းနှင့်အဖွဲ့မှာ ပါဂျောင်ဒေသကို စွန့်ခွာခဲ့ပြီး SSPP/SSA အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် SSPP/SSA နှင့် လမ်းခွဲလိုက်ပြီး RCSS/SSA နှင့် ဆက်လက်ပူးပေါင်းကာ ၂၀၀၂ ခုနှစ် ပန်မိုင်ဆုန်တိုက်ပွဲနှင့် ၂၀၀၅ ခုနှစ် လွယ်တိုင်းလျန် တိုက်ပွဲများတွင် ပါဝင်ခဲ့ပြီး RCSS/SSA တပ်မဟာ ၂၄၁ ၏ တပ်မှူးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။
၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် နမ့်ခမ်းမြို့နယ် အတွင်းရှိ နမ့်တီးရွာတွင် အဖမ်းခံခဲ့ရပြီးနောက် မတ်လတွင် စွဲချက် ၁၁ ချက်ဖြင့် သေဒဏ်ချမှတ် ခဲ့သည်။
၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်က လားရှိုးမြို့၌ ပြုလုပ်ခဲ့သော အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်းကို ပြည်တွင်းသောင်းကျန်းမှု သမိုင်းတွင် လူသတ်မှုများ ကျူးလွန်ခဲ့သူ ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ABSDF (မြောက်ပိုင်း) ပါဂျောင် လူသတ်မှုတွင် အသတ်ခံခဲ့ရသူများ စာရင်းကို ထုတ်ပြန်ခဲ့သည်။
ဦးသံချောင်းကို လူသတ်မှု၊ ရာဇ၀တ်မှု၊ မူးယစ်ဆေးဝါး၊ အကြမ်းဖက်မှုများ အပါအ၀င် နိုင်ငံတော် ပုန်ကန်မှုများဖြင့် အရေးယူခဲ့သော်လည်း မြောက်ပိုင်းတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် မည်ကဲ့သို့ အရေးယူခဲ့သည် ဆိုခြင်းကိုမူ ရှင်းလင်းစွာ မထုတ်ပြန်ခဲ့သဖြင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရာ၌ နိုင်ငံရေး အင်အားစုများက ဦးသံချောင်းကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်လာခြင်း ဖြစ်ပါသည်။
သံချောင်းကတော့ ကိုယ်တိုင်လည်း အမိန့်ပေးပြီး ကိုယ်တိုင်လည်း ရက်ရက်စက်စက် လူသတ်ခဲ့သူ ဖြစ်တယ်။ သူ့ကြောင့် ၈၈၈၈ မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသလို ABSDF လည်း ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး သူ့ကိုပြန်လွှတ်ပေးမယ်ဆိုရင် . . . . |
“RCSS/SSA က တင်လာတဲ့ စာရင်းထဲမှာ သူပါတယ်။ အဲဒါကြောင့် တင်လာတဲ့ စာရင်းကို ထောက်ခံပြီး နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ အတွင်းရေးမှူးနှင့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ လေ့လာစိစစ်ရေး ကော်မတီ အဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
“သူ့ကို ပုဒ်မ ၁၇/၁ နဲ့ ထောင်ချတယ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားလို့ပဲ သတ်မှတ်ပါတယ်” ဟု RCSS/SSA ၏ ကျိုင်းတုံမြို့ ဆက်ဆံရေး ရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းစိုးမိန်းက ပြောကြားခဲ့ပြီး သီးခြားမှတ်ချက် ပေးရန်ကိုမူ ငြင်းဆန်ခဲ့သည်။
“နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့တွေ အနေနဲ့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ သူအခြားမှာ ဖြစ်ခဲ့တဲ့ကိစ္စ အခြားပြဿနာပါ။ သူထောင်ကျရခြင်းရဲ့ အကြောင်းရင်းက နိုင်ငံရေးကြောင့်ဖြစ်လို့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားပါတယ်။ သူကျခံထားရတဲ့ ပြစ်ဒဏ်ကတော့ တစ်ကျွန်းနဲ့ အခြားပြစ်မှုတွေရောပေါ့။ ထောင်ထဲမှာ သံချောင်းတစ်ယောက်တည်း ကျန်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ စာရင်းအရကို ၁၀၄ ယောက် ကျန်နေသေးတော့ အဲဒီလူတွေ အကုန်လုံးကို ဆက်လွှတ်ပေးဖို့တော့ တောင်းဆိုထားပါတယ်။ ဒါကြောင့် သံချောင်းကို မြောက်ပိုင်း ABSDF ကိစ္စကြောင့် မလွှတ်တာလို့ ပြောလို့မရနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားဆိုလို့ သူတစ်ယောက်တည်း ကျန်နေတာ ဆိုရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်တို့ လွှတ်ပေးဖို့ စာရင်းတင်ထားတဲ့ အထဲမှာ သူ့နာမည်လဲ ပါပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုမြင့်အောင်က အဖွဲ့၏ သဘောထား အနေဖြင့် ပြောကြားခဲ့ပါသည်။
“ကိုသံချောင်းကို AAPP အနေနဲ့ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်။ ကိုသံချောင်း မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက ABSDF အနေနဲ့ ဖြစ်ခဲ့တာ။ အခု အဖမ်းခံရတာက SSA အနေနဲ့ အဖမ်းခံရတာ။ လူတစ်ကိုယ်တည်း နှစ်ဘ၀ ဖြစ်နေတာပေါ့။ ABSDF အနေနဲ့ ဖြစ်ခဲ့တဲ့ ဥစ္စာကိုတော့ သူ့ဘာသာ ရဲဘော်တွေနဲ့ ရှင်းပေါ့နော်။ အဲဒါ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့ ရှင်းပေးလို့လဲ မရဘူး။ ကျွန်တော်တို့ အစိုးရကိုလည်း အခုလိုပဲ ပြောပြထားပါတယ်” ဟု AAPP မှ ကိုဘိုကြည်က ပြောကြားခဲ့သည်။
ထို့အပြင် NLD ပါတီ၏ အမှုဆောင် တစ်ဦးဖြစ်သူ ကိုကျော်ထွေးက “နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့လူ အားလုံးကိုတော့ နိုင်ငံရေး အကျဉ်းသားအဖြစ် လက်ခံတယ်။ ဥပဒေကို ချိုးဖောက်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေကိုတော့ ခွင့်လွှတ်လို့မရဘူး။ အဲဒါတွေ အတွက်တော့ အပြစ်ပေး အရေးယူခံရမှာပဲ၊ ဒါတွေကို ရောနှောလိုက်လို့ မရဘူး” ဟု ပြောကြားခဲ့ပါသည်။
ABSDF (မြောက်ပိုင်း) တွင် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသူ တစ်ဦးဖြစ်သည့် ကိုရဲလင်းက ဦးသံချောင်းသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သူတစ်ဦး ဖြစ်ခဲ့သည့်အတွက် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်သည်ကို လက်ခံသည်ဟု ပြောကြားခဲ့ပြီး အကယ်၍ လွတ်မြောက်လာခဲ့ပါက ၎င်းအနေနှင့် ရှင်းလင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဇူလိုင် ၂၃ ရက် ပြန်လွတ်လာသူများထဲတွင် ဦးသံချောင်းနှင့်အတူ အဖမ်းခံခဲ့ရပြီး သေဒဏ်ချမှတ် ခံခဲ့ရသူ အများစု ပြန်လွတ်ခဲ့ကာ ဦးသံချောင်းနှင့် အခြားတပ်မှူး တစ်ဦးသာ သာယာဝတီထောင်အတွင်း ကျန်ရှိတော့ကြောင်း သိရသည်။
ဦးသံချောင်းအား RCSS/SSA ၀တ်စုံဖြင့် တွေ့ရစဉ်
၁၉၈၉ တွင် ABSDF (မြောက်ပိုင်း)ရှိ ပါဂျောင်စခန်းတွင် ကျောင်းသားလူငယ်များကို သူလျှိုဟုဆိုကာ စတင်သတ်ဖြတ်မှုများ ရှိနေခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် မြင်းခြံမြို့မှ ကိုမြတ်ကိုကိုအား ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ်မှုကို စတင်ပြုလုပ်ခဲ့ပြီး ထိုသတ်ဖြတ်မှုကို ဦးသံချောင်းမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် မိုးကောင်းမြို့မှ ကိုလွှမ်းအား အဖွဲ့အစည်း ပြိုကွဲအောင် လုပ်သည်ဟု စွပ်စွဲပြီး စခန်းအလယ် သင်တန်းကွင်းတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ကျန်ရှိသော အလောင်းကို ထိုနေရာ၌ပင် ကျင်းတူးမြှုပ်နှံပြီး ဘော်လီဘောကွင်း ပြုလုပ်ခဲ့ခြင်း၊ ရန်ကုန်မှ ကိုအောင်ကျော်ကို ထောက်လှမ်းရေးဟု စွပ်စွဲကာ ဖမ်းဆီးညှဉ်းပန်းခဲ့ပြီး ညှဉ်းပန်းနှိပ်စက်နေစဉ် သေဆုံးခဲ့ရခြင်း၊ ၁၉၉၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) တွင် ABSDF (မြောက်ပိုင်း) ၏ ပထမဆုံး ဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌ မန္တလေးမှ ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ၁၅ ဦးကို အစိုးရ ထောက်လှမ်းရေးဟူသော စွပ်စွဲချက်များဖြင့် အာဆံကုန်း (ခေါ်) လူသတ်ကုန်းတွင် လူအများရှေ့၌ သွေးအေးအေးဖြင့် ညှဉ်းပန်းနှိပ်စက်ကာ ဓားဖြင့်ခေါင်းဖြတ် သတ်ခဲ့ခြင်းများ၊ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာပင် ကိုကျော်ဝေ၊ ကိုစိုးဝင်းသန်း၊ ကိုဝင်းနောင်တို့ကို လူသတ်ကုန်း၌ပင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းများ အစရှိသည့် လူမဆန်သော လုပ်ရပ်များထဲတွင် ဦးသံချောင်းမှာ အဓိက လုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါသည်။
ABSDF (မြောက်ပိုင်း) ပါဂျောင်ဒေသ၌ ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ် အလွန်အထိ ဖြစ်ပွားခဲ့သော လူမဆန်သော ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများတွင် အင်အားသုံးရာ ခန့်သာရှိသော ကျောင်းသားတပ်မတော်မှ ၁၀၇ ဦးကို ထောက်လှမ်းရေး သူလျှိုဟု စွပ်စွဲခဲ့ကာ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ၃၅ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ၇၁ ဦးမှာမူ ထွက်ပြေးလွတ်မြောက် ခဲ့ပါသည်။
အသတ်မခံရဘဲ ထွက်ပြေးလွတ်မြောက် ခံခဲ့ရသူများလည်း သေရာပါဒဏ်ရာများ ရရှိသည်အထိ နည်းမျိုးစုံဖြင့် နေ့စဉ်ရက်စက် ညှဉ်းပန်းနှိပ်စက် ခံခဲ့ရကြောင်း၊ ထိုသို့နှိပ်စက်ရာတွင် လက်နောက်ပြန်ကြိုးတုပ်ပြီး တိုင်ငုတ်တွင်ချည်ကာ ရိုက်နှက်ခြင်းများ၊ ထောင်အတွင်း ထိတ်တုံးခတ်ပြီး ရိုက်နှက်စစ်ဆေးခြင်း၊ ရင်ဘတ်ကို ဓားဖြင့်မွှန်းခြင်းများ၊ လျှပ်စစ်ရှော့ခ်ရိုက်ပြီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ မြေတွင်စိုက်ထားသော လက်ဝါးကပ်တိုင် ပုံစံတွင် ကြိုးဖြင့်ကပ်ချည် (အချို့သူများကို သံရိုက်သွင်း) ပြီး စခန်းပြင်၌ ထုတ်ထားခြင်း၊ အသတ်ခံခဲ့ရသူ၏ သွေးများကို သောက်ခိုင်းခြင်း၊ အသတ်ခံရသူများ၏ လက်ပြတ်များကို ပါးစပ်ဖြင့် ကိုက်ချီစေခြင်းများ အပါအ၀င် အခြားသော လူမဆန်သည့် နှိပ်စက်နည်းမျိုးစုံဖြင့် နှိပ်စံခံခဲ့ရပြီး အချို့မှာမူ နှိပ်စက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရကြောင်း သိရပါသည်။
ထိုသို့ လုပ်ဆောင်ခဲ့ သူများထဲတွင် ဦးသံချောင်းမှာ အဓိက ပါဝင်သူဖြစ်ပြီး အခြားတာဝန်ရှိသူများမှာ ဦးအောင်နိုင် (ခေါ်) ရော်နယ်အောင်နိုင်၊ ဦးကျော်ကျော်၊ ဦးအောင်ကြီး၊ ဦးစိန်အေး၊ ဦးလှဆိုင်း၊ ဦးနေဒွန်း၊ ဦးမျိုးဝင်း (ကွယ်လွန်)၊ ဦးသန်းဇော် (သာယာဝတီထောင်တွင် ထောင်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်) နှင့် ဒေါက်တာနိုင်အောင် (ထိုအချိန်က ABSDF (ဗဟို) ဥက္ကဋ္ဌ) တို့ဖြစ်ကြောင်း မြောက်ပိုင်းပြန် ကျောင်းသားများက ပြောကြားသည်။
“သံချောင်း ဘယ်လိုရက်စက်ခဲ့တယ် ဆိုတာကို အားလုံးသိပါတယ်။ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာတွေ လုပ်ခဲ့တဲ့သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ ဘယ်လိုသတ်မှတ်မလဲ။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်မယ်ဆိုရင် သူ့လိုပဲ ရက်ရက်စက်စက် နှိပ်စက်တာတွေ လုပ်ခဲ့တဲ့ ထောက်လှမ်းရေးတွေကို ဘယ်လိုသတ်မှတ်မလဲ။ သံချောင်းကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ထားတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသား စံသတ်မှတ်ချက်တွေကို ကန့်ကွက်ပါတယ်။ သူကလူသတ်မှုတွေ ကျူးလွန်ထားတဲ့သူ ဖြစ်တယ်။ လူသတ်မှုကို တရားစွဲဆိုရမှာ အစိုးရရဲ့ အလုပ်ပဲ။ အသတ်ခံရတယ်ဆိုတဲ့ တရားဝင် အချက်အလက်တွေလည်း ရရှိထားပြီးပြီ မဟုတ်လား။ ရဲကစစ်ဆေးပြီး တရားရုံးကို တင်ဖို့က အစိုးရ ဆက်လုပ်သင့်တယ်” ဟု ABSDF (မြောက်ပိုင်း) တွင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူ ကိုစိုးလင်းက ပြောကြားခဲ့ပါသည်။
“သံချောင်းကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး လွှတ်ပေးလိုက်ပြီးမှ လွတ်သွားရင် ဘယ်သူအာမခံမှာလဲ။ အခုအချိန်လို သက်သေတွေ အလုံအလောက် ရှိနေတဲ့အချိန်မှာ မြောက်ပိုင်းအမှုကို ထောင်ထဲမှာပဲ စစ်ဆေးသင့်တယ်။ စစ်ဆေးတဲ့ အခါမှာလည်း သူ့အတွက်ပါ တရားမျှတမှုရှိအောင်၊ အမှန်တရား ပေါ်ပေါက်အောင် အများပြည်သူ ရှေ့မှောက်မှာ စစ်ဆေးသင့်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေ အနေနဲ့လည်း တိုင်းရင်းသားဖြစ်တာ တစ်ခုတည်းနဲ့ သူ့ကိုလွှတ်ပေးဖို့ မတောင်းဆိုသင့်ဘူး။ ရာဇ၀တ် ကျူးလွန်တဲ့ သူတွေထဲမှာ တချို့က အမိန့်ပေးတယ်။ တချို့ကတော့ အမိန့်ပေးစေခိုင်းလို့ လုပ်ရတယ်။ သံချောင်းကတော့ ကိုယ်တိုင်လည်း အမိန့်ပေးပြီး ကိုယ်တိုင်လည်း ရက်ရက်စက်စက် လူသတ်ခဲ့သူ ဖြစ်တယ်။ သူ့ကြောင့် ၈၈၈၈ မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသလို ABSDF လည်း ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ သူ့ကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ပြီး သူ့ကိုပြန်လွှတ်ပေးမယ်ဆိုရင် အစိုးရရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး ဂုဏ်သိက္ခာလည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။
ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် ကျူးလွန်ခဲ့သူများကို အရေးယူနိုင်ရန် မြောက်ပိုင်းပြန် ကျောင်းသားများမှ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် တောင်းဆိုခဲ့သည်။
ထို့အတူ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလက ပါဂျောင်စခန်းတွင် ထောက်လှမ်းရေးဟု စွပ်စွဲခံခဲ့ရပြီး အသတ်ခံခဲ့ရသူ ဦးစိန်၏သမီး မစမ်းစမ်းအေးက ဖခင်အသတ်ခံရမှုကို စုံစမ်းဖော်ထုတ်ပေးရန် မြောက်ဥက္ကလာပ ရဲစခန်း၌ ၂၀၁၂ ခုနှစ် သြဂုတ် ၁၉ ရက်တွင် အမှုဖွင့်ခဲ့ပြီး ထိုအမှုကို ပ/၈၆၉/၁၂/၃၀၂ ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။ သို့သော် အဆိုပါ တိုင်ကြားမှုအတွက် CID မှ ဦးသံချောင်းကို သွားရောက်စစ်ဆေး ခဲ့သည်ဆိုသော သတင်းမှအပ အခြားသော တုံ့ပြန်မှု တစ်စုံတစ်ရာ မရရှိသေးကြောင်း သိရှိရပါသည်။
ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်၏ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရသူများ ၁။ ကိုကျော်ဝေ (မန္တလေး၊ ၇-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၂။ ကိုသာဓု (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ) ၃။ မခင်ချိုဦး (ဒုတိယနှစ် (မြန်မာစာ)၊ ရန်ကုန်တက္ကသိုလ် (လှိုင်)နယ်မြေ၊ ၁၂-၂-၁၉၉၂ တွင် အ၀တ်အစားများချွတ်၍ လူပုံအလယ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ) ၄။ ကိုသောင်းမြင့် (တန့်ဆည်ရွာ၊ ၁၂-၂-၁၉၉၂ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ) ၅။ ကိုတူးတူး (မြစ်ကြီးနား၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၆။ ကိုထွန်းအောင်ကျော် (မန္တလေး၊ ABSDF (မြောက်ပိုင်း) ၏ ပထမဆုံးဥက္ကဋ္ဌနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဥက္ကဋ္ဌ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၇။ ကိုချိုကြီး (မန္တလေး၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၈။ ကိုအေးမြင့် (ကသာ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၉။ ကိုမောင်မောင် (ကသာ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၁၀။ ကိုဌေးမြင့်ဝင်း (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၁၁။ ကိုရန်အောင် (မန္တလေး၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၁၂။ ကိုသက်နိုင် (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၁၃။ ကိုအောင်ဖိုး ( ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၁၄။ ကိုလှမြင့် (ခေါ်) ကိုဇော်မင်းသွေး (မြို့ကုန်း၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၁၅။ ကိုကျော်ကျော်မင်း (ကန့်ဘလူ၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၁၆။ ကိုမောင်မောင်ကြွယ် (ရန်ကုန်၊ ၁၂-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၁၇။ ကိုစိုးဝင်းသန်း (မန္တလေး၊ ၁၅-၂-၁၉၉၂ တွင် ဓားဖြင့်ခေါင်းဖြတ် အသတ်ခံရ) ၁၈။ ကိုဝင်းနောင် (ရန်ကုန်၊ ၁၉၉၂ ခုနှစ်တွင် ဓားဖြင့်ခုတ်သတ်ခံရ) ၁၉။ ကိုအောင်ကိုး (ဗန်းမော်၊ အဖမ်းခံထားရစဉ် ၁၉၉၁ ခုနှစ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ) ၂၀။ ကိုမြတ်ကိုကို (မြင်းခြံ၊ ၁၉၈၉ ခုနှစ်တွင် သတ်ဖြတ်ခံရ) ၂၁။ ကိုလွှမ်းမိုး (မိုးကောင်း၊ အဖွဲ့အစည်းပြိုကွဲအောင် လုပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် ၁၉၉၀ တွင် သေနတ်ဖြင့် ပစ်သတ်ခံရ) ၂၂။ ကိုကျော်ကျော်အုန်း (တန့်ဆည်၊ ၁၉၉၁ ခုနှစ်က ဖားကန့်တွင် အသတ်ခံရ) ၂၃။ ကိုရန်ရှင်း (မြင်းခြံ၊ ၁၉၉၂ ခုနှစ်က ဖားကန့်တွင် အသတ်ခံရ) ၂၄။ ကိုအောင်မြင့်ထွန်း (KIA တပ်ရင်း-၆ နယ်မြေတွင် အသတ်ခံရ)ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ဦးသံချောင်း (ခေါ်) မြင့်စိုး (ခေါ်) စ၀်ခွန်ကျော်၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသူများ ၁။ ကိုစိုးမင်းအောင် (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး) ၂။ ကိုတင့်လွင်(မြစ်ကြီးနား၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး) ၃။ ဦးစိန်(ရန်ကုန်၊ စစ်ကြောရေးဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် အချုပ်ထောင်တွင်း သေဆုံး) ၄။ ကိုကျော်ဌေး (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး) ၅။ ကိုရာကွတ်ဘိုင် (စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် သြဂုတ်လတွင် သေဆုံး) ၆။ ကိုခင်မောင်စိုး (ခေါ်) စိုးကြီး (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် သေဆုံး) ၇။ ကိုတင်မောင်အေး (ကသာ၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး) ၈။ ကိုအောင်မင်း (ခေါ်) ထိန်လင်း (မန္တလေး၊ ရိုက်နှက်ခံရမှုကြောင့် အချုပ်ထောင်အတွင်း သေဆုံး) ၉။ ကိုအေးကျော် (မန္တလေး၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး) ၁၀။ ကိုကျော်ကျော်ဦး (ကသာ၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၂ ခုနှစ်တွင် သေဆုံး) ၁၁။ ကိုပြည့်စိုးနိုင် (ရန်ကုန်၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် သေဆုံး ) ၁၂။ ကိုဇော်ဝင်းချစ် (ဗန်းမော်၊ စစ်ကြောရေး ဒဏ်ရာကြောင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး) ၁၃။ ကိုဝင်းသိန်း (ခေါ်) အရှည်ကြီး (၀န်းသို၊ အချုပ်ထောင်အတွင်း သေဆုံး) ၁၄။ ကိုအောင်ကျော် (ရန်ကုန်၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၀ တွင် သေဆုံး) ၁၅။ ကိုဝင်းနောင် (ရန်ကုန်၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၂ ခုနှစ်တွင် သေဆုံး) ၁၆။ ကိုတင်မောင်အေး (ကသာ၊ စစ်ကြောဒဏ်ရာများဖြင့် ၁၉၉၁ ခုနှစ်တွင် သေဆုံး) |
ABDSF student 1988( Htay Naing ) was killed by Moe Thee Zun, real name Myo Than Htut and his group 1994 in North of Thailand.So, His mother opened the case at North of New Dagon Police Station now.
Daw Aung San Suu Kyi .PEACE AND LAW COMMISSION,
Now They reply mother ,
President Thein Sein order to police help my mother open case with 302 .
Daw San Suu Kyi ‘ law and peace’ group
investigation for how to death my young brother
သံချောင်း(ခ)မြင့် စိုး(ခ)စပ်ခွန်ကျော် ကတော့ ခု ထောင်ထဲမှာ မျိုးဝင်းကတော့ သေပီ
သံချောင်းလို ကျောင်းသားတွေကိုရက်ရက်စက်စက်သတ်ခဲ့ သူကို နိုင်ငံရေးလုပ်ခဲ့ လို့ နိုင်ငံရေးသမားပဲ လို့ ဘယ်လိုလူတွေကများ သတ်မှတ်ကြတာလဲ သတ်ခံခဲ့ ရသူတွေရဲ့ မိသားစုတွေ ရက်ရက်စက်စက်နှိပ်စက်ခံခဲ့ ရတဲ့ မသေလို့ လွတ်မြောက်လာတဲ့ ကျောင်းသားရဲဘော်တွေရဲ့ မျက်နှာလည်းထောက်ကြပါအုံး နိုင်ငံရေးလုပ်ရင် လူတွေအများကြီးသတ်လည်းရတာပဲလား လူ့ အခွင့် အရေးတိုက်ပွဲဝင်သူက လူ့ အခွင့် အရေးကိုရက်ရက်စက်စက်ချိုးဖောက်တာကို လက်ခံချင်ကြတာလား
နောင်မျိုးဆက်တွေကို နိုင်ငံရေးသမားဆိုတာ လူတွေကိုလွတ်လွတ်လပ်လပ်သတ်လို့ ရတယ်လို့  သင်ပေးချင်ကြတာလား လို့  သံချောင်းကိုနိုင်ငံရေးသမားလို့ သတ်မှတ်သူတွေကိုမေးချင်တယ်
သမိုင်းယုတ်တဲ့ သူကို သမိုင်းကောင်းအောင် တင်မပေးချင်ကြပါနဲ့ လေ