U WIRA THU: 24.JULY “အညံ့ခံပန်း၏ ဒိုင်ယာရီ”

 

“အညံ့ခံပန်း၏ ဒိုင်ယာရီ”

၂၀၁၃ခုနှစ်ဧပြီလတုန်းက သားမယားအပြုကျင့်ခံရသော (၁၆)နှစ်သမီး မဖြိုးဖြိုး၏ အမှုကို ရုံးတင်စစ်ဆေးတာ ၃ ကြိမ်ရှိပါပြီ။

စော်ကားသူ ပိုးပိုး(ခ)ဇော်ကြီး (၃၆)နှစ်ခန့်ရှိပြီး၊ စော်ကားခွင့်ရအောင် အကွက်ဆင်ပေးသူက မြန်မာအမျိုးသမီးကြီး ဒေါ်နွဲ့ (၆၀ ကျော်) ပါ။

ဒေါ်နွဲ့ဟာ အိမ်ရှင်ဖြစ်ပြီး မ…က ဒေါ်နွဲ့အိမ်မှာ လခမရဘဲ ထ္မင်းစားကျွန်ခံအိမ်ဖော်မလေးပါ။

(၁၇.၅.၂၀၁၃) ရက်နေ့က ဒေါ်နွဲ့နှင့် ပိုးပိုးတို့ကို ဖမ်းပြီးနောက်ပိုင်း မဖြိုးဖြိုးကို လ္ဘက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်ခန့်ပေးထားပြီး ဝှက်ထားလိုက်ပါတယ်။

ဇော်ကြီးရဲ့ အသိုင်းအ၀ိုင်းက ဆိုင်ရှေ့ဆိုင်ကယ်ထိုးထားပြီး အရိပ်အခြေလာကြည့်နေတာ ဆိုင်ထဲထိဝင်ရောက်စုံးစမ်းမေးမြန်းလာတာကြောင့် မဖြိုးဖြိုးကို ရေတံခွန်တောင် သစ္စဝေဒဂူကျောင်းမှာ ခဏထားလိုက်ရပါတယ်။

ဒေါ်နွဲ့အိမ်နှင့် နီးတာကတစ်ကြောင်း၊ ပိုးပိုးနှင့် တစ်ရပ်ကွက်တည်းဖြစ်နေတာကတစ်ကြောင်းကြောင့် မဖြိုးဖြိုးကို ရေရှည်ထားဖို့ မရည်ရွယ်ခဲ့ပါ။

မဖြိုးဖြိုး သစ္စဝေဒဂူကျောင်းမှာ ခဏနေစဉ် ကုလားတစ်သိုက်က ကျောင်းဆိုင်ဘုတ် မုခ်ဝမှာ ခဏခဏလာရပ်ပြီး အကဲခတ်နေကြလို့ မဖြိုးဖြိုးကို အိမ်ခဏပြန်ပို့လိုက်ပါတယ်။

မဖြိုးဖြိုးဈေးသွားစဉ် ဒေါ်နွဲ့သားက ဆိုင်ကယ်နှင့် လိုက်တိုက်လို့ ရှောက်တိမ်းရာမှ ဒဏ်ရာရခဲ့ပါတယ်။ ရပ်ကွက်လူကြီးရုံးမှာ သတင်းပေးတိုင်ကြားထားပြီး ကောင်မလေးကို လုံခြုံမည့်တစ်နေရာကို ပို့ထားလိုက်ရပါတယ်။

အဲဒီနောက်ပိုင်းမှာ ဒေါ်နွဲ့က အာမခံဖြင့် လွတ်လပ်ခွင့်ရသွားပြီး၊ မဖြိုးဖြိုးအမေ ဒေါ်တင်တင်အေး (ကရင်/ခရစ်ယာန်) ထံ ငွေနှင့် ကမ်းလှမ်းလာပါတယ်။

ကရင်မကြီး ဒေါ်တင်တင်အေးက “လူတွေကို ဟင်းရွက်ကန်ဇွန်းရက်လို သဘောထားပြီး လုပ်ချင်ရာလုပ်လို့မရဘူး။ ဘုန်းကြီးတွေရဲ့ အကူအညီနှင့် လုပ်ထားတာ။ ဘုန်းကြီးတွေမပါဘဲ လက်မခံနိုင်ဘူး” လို့ ငြင်းလိုက်ပါတယ်။

ဒီလိုနဲ့ 21.7.2013 မှာ ကရင်မကြီး ဒေါ်တင်တင်အေးဟာ သမီးငယ်လေးနှင့် ဟင်းရွက်များခူးပါတယ်။ သမီးလေးက ဟင်းရွက်ခူး အမေက လမ်းဘေးမှာ ထိုင်စောင့်နေစဉ် ဆိုင်ကယ်တစ်စီးအကြမ်းမောင်းလာလို့ ရှောင်တိမ်းလိုက် နိုင်ပါတယ်။

နောက်တစ်ခေါက် ပြန်ကျော့လာတဲ့အခါ ကုန်ကားကြီးနောက်မှ ကပ်လိုက်လာလို့ ဆိုင်ကယ်လာမှန်း မသိရပါဘူး။ နီးမှ သိလိုက်ရလို့ ကျောက်ပုံကွယ်ပြီး ရှောင်လိုက်ရင်း ဆိုင်ကယ်နံပါတ်မှတ်လိုက်ပါတယ်။ နံပါတ်မပါတဲ့ဆိုင်ကယ်ဖြစ်နေပါတယ်။ အင်္ကျီနှင့် ပုံပန်းသဏ္ဍာန်ကို မှတ်ထားလိုက်ပါတယ်။

နောက်ထပ် ပြန်ကျော့လာတဲ့အခါ ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်ပါတယ်။ သေချာတိုက်တာပဲတွေးပြီး မြောင်းထဲခုန်ချလိုက်ပါတယ်။ မြောင်းထဲက ဆူး စူးလို့ သွေးထွက်ကုန်ပါတယ်။

ရပ်ကွက်လူကြီးကို တိုင်ပါတယ်။ ရဲကိုတိုင်ပါတယ်။

ဆိုင်ကယ်သမားကို မိပါတယ်၊ ကျောနံပါတ်(၇) အင်္ကျီအနီရောင်နှင့် ကိုယ်လုံးကိုယ်ပေါက် အကုန်မှတ်မိပါတယ်။ ဆိုင်ကယ်ဦးထုပ်အနီရောင်လည်း မှတ်မိပါတယ်။ ဦးထုပ်ကို ဆောင်းထားလို့ မျက်နှာမမှတ်မိဘဲ ဖြစ်နေပါတယ်။ ခေါ်ယူစစ်ဆေးပြီး ပြန်လွတ်ပေးလိုက်ပါတယ်။

ဆိုင်ကယ်သမားဟာ ပိုးပိုးရဲ့ ညီအရင်းဖြစ်နေပြီး၊ ပြီးခဲ့တဲ့ရုံးချိန်းမှာလည်း ဒီအကျီပဲ ဝတ်လာခဲ့သူပါ။ ဒီအကျီဟာလည်း ကောင်မလေးကို ဒုတိယအကြိမ် ကြံစည်တုန်းက ပိုးပိုး ဝတ်ခဲ့တဲ့အကျီပါပဲ။

ယမန်နေ့ (23.7.2013) ရုံးချိန်းကအပြန် စခန်းကို ဆက်လက်တိုင်ကြားကြပါတယ်။

ကရင်မကြီးဟာ ဆင်းရဲသူမပါ။ ဟင်းရွက်ရောင်းတာတောင် အရင်းအနှီးနှင့် ဝယ်ရောင်းနိုင်တာမဟုတ်ဘဲ၊ ယာခင်းထဲမှာ လိုက်ရှာခူးပြီးမှ ရောင်းရရှာသူပါ။

ငွေမရှိလို့ သမီးရဲ့ကာမ အနိုင်ကျင့်ခံခဲ့ရပြီး၊ ငွေမလို့ မိခင်ရဲ့အသက်ကို အနိုင်ကျင့်ဖို့ လုပ်ကြံနေကြတာ ဟုတ်/မဟုတ်တော့ ကာယကံရှင်တွေမှပဲ သိကြမှာပါ။

 ပွဲစားမ-ဒေါ်နွဲ့

ပွဲစားမ-ဒေါ်နွဲ့

 

ပန်းမုဆိုး- ပိုးပိုး (ခ)ဇော်ကြီး
ပန်းမုဆိုး- ပိုးပိုး (ခ)ဇော်ကြီး

 

ကရင်မကြီး သားအမိ
ကရင်မကြီး သားအမိ

 

970797_299572343519614_1348690733_n

ပန်းကြွေနေရာ
ပန်းကြွေနေရာ

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s