breaking news :မြန်မာ-ဘင်္ဂလာ နယ်စပ်တွင် ဘင်္ဂလာဒေ့ရှ်အရာရှိများက RSO ရိုဟင်ဂျာအမည်ခံ သောင်းကျန်းသူများကို လေ့ကျင့်ပေးနေသည် ဟု ဆို

992825_628604977159080_1848160481_n

 

UPDATE 25.JULY

India alerts Bangladesh about Rohingya terror training camps in Chittagong Hill Tracts-ရိုဟင်ဂျာအရေးအတွက် မြန်မာနိုင်ငံကို တိုက်ခိုက်မဲ့ အကြမ်းဖက်စခန်း ဘင်္ဂလားဒက်ရှ် နယ်စပ်မှာဖွင့်ထားပြီ

မြန်မာ-ဘင်္ဂလာ နယ်စပ်တွင် ဘင်္ဂလာဒေ့ရှ်အရာရှိများက RSO ရိုဟင်ဂျာအမည်ခံ သောင်းကျန်းသူများကို လေ့ကျင့်ပေးနေသည် ဟု ဆို
==================

By Oo-du Khin-sai

စစ်တွေ ၊ ၂၂ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ breaking news ]

(ဘင်္ဂလာဒေ့ရှ်-မြန်မာ နယ်စပ်တွင် ရိုဟင်ဂျာအမည်ခံကုလားဆိုးများအား စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေကြကြောင်း အိန္ဒိယထောက်လှမ်းရေးဌာနများက သတင်းရရှိကြောင်း ၂၀၁၃ ဇူလိုင် ၂၁ ရက်နေ့က အိန္ဒိယနိုင်ငံထုတ် သတင်းစာအချို့တွင် ဖော်ပြခဲ့သည်။ ထို့အပြင် ပြီးခဲ့သော ဆယ်ရက်ကျော်လောက်ကလည်းအဆိုပါ ကုလားဆိုးအမျိုးအစားတို့သည် ရခိုင်ပြည်နယ်ထဲတွင် အကြမ်းဖက်သင်တန်းများ လေ့ကျင့် နေကြသည် ဆိုသော ဓါတ်ပုံ (၂၈) ပုံ ပေါ်ထွက်လာခဲ့သည်။ ဘင်္ဂလာဒေ့ရှ်နယ်စပ်ရှိ Coral Arakan News ၏ မိတ်ဆွေများက လွန်ခဲ့သော ခုနစ်လက ပေးပို့သော အချက်အလက်များကို အခြေခံရေးသားခဲ့သော CAN သတင်းအား စာဖတ်သူတို့ သုံးသပ်ဆင်ခြင်နိုင်စေရန် အလို့ငှာ မူရင်းအတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။)

ပြန်လည် ပုံနှိပ်ဖော်ပြသည့်ရက်စွဲ – ၂၀၁၃-ခုနှစ် ဇူလိုင်လ ၂၄ ရက်

==================

မောင်တောမြို့နယ်အလွန် မြန်မာ-ဘင်္ဂလာနယ်ခြားတွင် ရိုဟင်ဂျာအမည်ခံ RSO ကုလားဆိုး သောင်းကျန်းသူ များအား အခြေစိုက်စခန်းတည်ရှိခွင့်ပေးထားရုံမျှမက ဘင်္ဂလာဒေ့ရှ် စစ်ဘက်အရာရှိများ ဟု ယူဆရသူများကပါ အဆိုပါသောင်းကျန်းသူများကို လေ့ကျင့်ပေးနေကြောင်း ထိုအခြေစိုက်စခန်းအနီးသို့ ရောက်ခဲ့သူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား တစ်ဦးက Coral Arakan News အား သတင်းပေးပို့သည်။

“RSO ဌာနချုပ်မှာက ကုလားဆိုး (၁၈၀)ရှိတယ်။ လက်နက်က ရှစ်ဆယ်လောက်ရှိတယ်။ ရှစ်ဆယ်က လက်နက်ကိုင်ပြီး ကျန်တစ်ရာလောက်က လက်နက်မရကြသေးဘူး။ ဒါပေမဲ့ ဒါက အကုန်လုံးမဟုတ်သေးဘူး။ အနီးအနား တစ်မိုင်နှစ်မိုင် ပတ်လည်မှာ ဖြန့်ကျက်ထားထာတွေ၊ အနီးအနားကျေးရွာတွေမှာ စခန်းချထား တာတွေနဲ့ ပေါင်းလိုက်ရင် သူတို့မှာ လူအင်အား လေးရာလောက်ရှိတယ်” အဆိုပါ အမည်မဖော်လိုသော သတင်းပေးသူက Coral Arakan News အားပြောကြားသည်။

အဆိုပါ RSO ဌာနချုပ်တည်ရှိရာနေရာမှာ Garjania မြို့မှ အရှေ့မြောက်ယွန်းယွန်း (၆၃.၈၆ ဒီဂရီ ဦးတည်ချက် ဖြင့် တိုင်းလျှင်) ခုနစ်မိုင်ကျော်ကျော်ကွာဝေးပြီး ယင်းနေရာကို အိမ်ခြေနည်းပါးသော မြိုလူမျိုး ကျေးရွာငါးရွာနှင့် အခြားရွာနှစ်ရွာက အနီးအနားတွင် ပြန့်ကျဲဝိုင်းရံလျက်ရှိသည်။

ယင်းကျေးရွာများ၏အလွန် အနောက်တောင် ဘက် လေးမိုင်ခန့် ကွာဝေးသောနေရာတစ်ခုတွင် BGB (Border Guard Bangladesh) စစ်စခန်း တစ်ခု ရှိနေသည့် အတွက်၊ ဘင်္ဂလာဒေ့ရှ်အစိုးရအနေဖြင့် RSO ဌာနချုပ် ရှိနေကြောင်းကို သိရှိရမည်မှာ အမှန်မုချ ပင်ဖြစ်သည်ဟု ၄င်းသတင်းပေးသူက ပြောကြားသည်။

မြန်မာနိုင်ငံ မောင်တောမြို့နယ် မြောက်ဘက်အလွန် တွင် ရှိသော ယင်း RSO ဌာနချုပ်တွင် ဘင်္ဂလာဒေ့ရှ် အစိုးရအရာရှိ တချို့ လက်နက်ကိုင်လေ့ကျင့်မှုပေးနေသည်ကို တွေ့ခဲ့သည်ဟု ၄င်းက ဆက်လက် ပြောကြား သည်။

“အစိုးရဘက်က လူတွေ လို့ပြောကြတာပဲဗျ။ ဒါပေမဲ့ ဘယ်ဌာန ဘယ်အဖွဲ့အစည်းကမှန်း မသိဘူး” ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂) ရက်နေ့က ဘင်္ဂလာဒေ့ရှ် နှင့် မြန်မာနယ်ခြားအရာရှိများ၏ အလံတင်ဆွေးနွေးပွဲ၌ တွေ့ဆုံ ဆွေးနွေးကြရာတွင် နိုဝင်ဘာလ ခြောက်ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော မြန်မာ ဂျီအီးတပ်သား သုံးဦးအရေးကို မြန်မာဘက်မှ မေးမြန်းရာ၊ ထူးခြားမှုမရှိသေးကြောင်း ရှာဖွေနေဆဲဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် ဘက်မှ ဖြေကြားခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေ အပိုင် ဗန္ဓုလ စခန်းအနီးတွင် လမ်းတည်ဆောက်ရေး လုပ်ငန်းလုပ်နေကြသော ဂျီအီးတပ်ဖွဲ့မှ တပ်သား လေးဦးကို (RSO များ ဟု ယူဆရသော) လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က နိုဝင်္ဘာလ ၆ ရက်နေ့တွင် တစ်ဖက်နယ်စပ်မှ ၀င်ရောက် ပစ်ခတ်ခဲ့သည်။

ဂျီအီးတပ်ဖွဲ့မှ ကျော်ကျော်ဝေမှာ တိုက်ခိုက်ခံရသည့်နေရာတွင်ပင် သေဆုံးသွားခဲ့ကာ တပ်ကြပ်ကြီး ခင်မိုးအောင် နှင့် အခြား နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါ ဖမ်းဆီးခံရသူ သုံးဦးကို သတ်ပစ်လိုက်ပြီ ဖြစ်သည်ဟု သတင်း ထွက်ပေါ်နေသော်လည်း အဆိုပါသတင်းကို အတည်မပြုနိုင်သေးချေ။

RSO အရေး၊ ဘင်္ဂါလီ ခိုးဝင်သူများအရေးနှင့် ပတ်သက်၍ ရခိုင်လူမှုကွန်ရက် မှ ဦးကျော်ဇောဦး၏ ထင်မြင်ချက်ကို Coral Arakan News က မေးမြန်းရာ ၄င်းက “ဒါတွေဟာ နှစ်ဆယ်ပေါင်းများစွာ စနစ်တကျ မူဝါဒ ချမှတ်ပြီး ဟိုဘက်နိုင်ငံက အလုပ်လုပ်နေခဲ့တာဖြစ်ပါတယ်။ သူတို့နဲ့ ဘာသာတူ လူမျိုးတူ ဘာသာစကားတူ ဒီအန်အေတူတဲ့ ခိုးဝင်သူတွေကို မြန်မာနိုင်ငံဘက်ကို ခိုးထွက်ရင် အလွယ်တကူ ခိုးထွက်ခွင့်ပေးဖို့၊ ဘင်္ဂလာကို ပြန်လာဖို့ကြိုးစားရင် မလာရအောင်တားဆီးဖို့၊ ဒီလူတွေဟာ ငါတို့နဲ့ မဆိုင်ပါဘူးလို့ ပြောဖို့၊ ဒါပေမဲ့ အဲဒီသူပုန်တွေ အခြေစိုက်စခန်းလိုချင်ရင် နေရာချထားပေးဖို့၊ ဒီထက်မကသော အခြားအခြားသော အစီအစဉ်ပေါင်းများစွာကို အကွက်ကျကျ နှစ်ပေါင်း ဆယ်ပေါင်းများစွာ လုပ်ဆောင် လာခဲ့ကြတာဖြစ်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်မှာကတော့ ဒါလေးကိုတောင် သတိမူမိဖို့ခက်နေသေးတယ်။ ဘင်္ဂါလီအရေးဟာ မသီတာထွေး အသတ်ခံရတာကို အခြေခံပြီးဖြစ်လာတဲ့ အဓိကရုဏ်းတွေလို့ အိပ်မှုံစုံမွှား ပြောနေကြတဲ့ လူတွေလည်း ရှိနေသေးတယ်။ တကယ်တော့ ဒီဘင်္ဂါလီဆူပူမှုဖြစ်စဉ်တွေ အားလုံးမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘင်္ဂလာဒေ့ရှ်အစိုးရတွေ နိုင်ငံရေးပါတီတွေသာမက ကြီးမားတဲ့အင်အားစုကြီးတစ်ရပ်က အကွက်ချလုပ်ဆောင်ပေးနေခဲ့တာဖြစ်တယ်” ဟု Coral Arakan အားပြောကြားသည်။

RSO (Rohingya Solidarity Organization) ကို ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ မိုဟာမက်ယူနွတ်စ် က ဦးဆောင်ဖွဲ့စည်းခဲ့သည်။
အဖွဲ့ရဲ့ရည်မှန်းချက်က မြန်မာအစိုးရတပ်တွေကို ပြောက်ကျားနည်းစနစ်အားဖြင့် တိုက်ထုတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်သော အစ္စလမ္မစ် ရခိုင်ပြည်နယ် ကို တည်ထောင်ရန် ဖြစ်သည်။

အစ္စလမ္မစ်ဘာသာရေးဘက်ကို အလေးကဲထားသော RSO အဖွဲ့ကို ထောက်ပံ့ကြသူများထဲတွင် ဘင်္ဂလာဒေ့ရှ် နှင့် ပါကိစ္စတန်တွင် လှုပ်ရှားသော JeI အဖွဲ့ ၊ အိန္ဒိယနိုင်ငံ ဂျမူး နှင့် ကတ်ရှမီးယားဒေသမှ Hizb-ul-Mujahideen (HM) အဖွဲ့ ၊ မလေးရှားနိုင်ငံမှ Angkatan Belia Islam sa-Malaysia (ABIM) အဖွဲ့ နှင့် မလေးလူငယ်အဖွဲ့ကြီး (the Islamic Youth Organisation) တို့ ပါဝင်ကြသည်။

အာဖဂန် တာလီဘန်ကိုယ်စားလှယ် နှစ်ဦးဖြစ်သော Al Ha-Saud နှင့် Al Ja-hid တို့ ၂၀၁၁-ခုနှစ် နိုဝင်ဘာလ အတွင်းတွင် RSO တို့၏ ကန်းဂြတ်ချောင်းစခန်း (Kann-Grat-Chaung camp) သို့ ရောက်လာကြပြီး၊ RSO ခေါင်းဆောင်များ ARNO ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြဖူးသည်။

(ဥတုခင်စိုင်း က Coral Arakan News အတွက် ရေးသားသည်။)

======================

ဘင်္ဂလား-မြန်မာနယ်စပ်၌ ခြေရှုပ်ဖို့ကြံစည်
TIME OF INDIA သတင်းစာကြီးက ဖွင့်ချ ရေးသားထား
အိန္ဒိယထောက်လှမ်းရေးအဖွဲ့၏ ထောက်လှမ်းချက်အရ အိန္ဒိယလွှမ်းခြုံ၊ ချောက်ချား အကြမ်းဖက်ကွန်ရက်ဖြစ်သော “လာစ်ကာ-အီ-တိုင်မ်ဘာ” (Laskher-e-Taiba, Let- အယ်လ်အီးတီ) အဖွဲ့၏ တိုင်းရင်းသားလက်ခွဲ “အိန္ဒိယ မူဂျာဟီဒင်” (Indian Mujahideen, IM- အိုင်အမ်)အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်၌ စခန်းများ တည်ထောင်ကာ ချောက်ချား အကြမ်းဖက် လှုပ်ရှားရန် ပြင်ဆင်နေပြီဟု သတင်းရရှိသည်။
မြန်မာနယ်စပ်မှာ…..
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ မူဆလင်များအတွက် တုန့်ပြန်ရေး ရည်မှန်းချက်ဖြင့် လှုပ်ရှားခြင်းဖြစ်ကာ အယ်လ်အီးတီ ၏ မြေပေါ်ရုပ်ပြ (အဝတာ)ဖြစ်သော ဂျမတ်အု(ဒ) ဒါဝါ JUD-ဂျေယူဒီ) အဖွဲ့အားဖြင့် ခြေဆန့်လာခြင်း ဖြစ်သည်။ ဂျေယူဒီ၏လက်ရုံး ဟာ့ဖစ်မူဟာမတ်ဆာအိက ဦးဆောင်လျက် ပါကစ္စတန်တွင် ဝါဒစင်မြင့် ဖွင့်လျှက် ရိုဟင်ဂျာအရေးတော်ပုံကို အုံဆွကာ ပဋိ-မြန်မာ အုံဆွလှုပ်ဆော်ရေး ပြုလုပ်နေခဲ့သည်။ ပြီးနောက် ဘင်္ဂလား- မြန်မာနယ်စပ်သို့ အခေါက်ခေါက်သွားလျှက် စီမံနေရာ အိန္ဒိယထောက်လှမ်းရေး အေဂျင်စီများက ထိုနယ်စပ်၌ မဝေးသောအနာဂတ်တွင် ဂျီဟတ်တလင်းသစ် ဖြစ်ထွန်းလာတော့မည်ဟု စိုးရိမ်နေကြသည်။
နှစ်ဦးတာဝန်ပေး
၂ဝ၁၂-ခု အလယ်၌ အယ်လ်အီးတီ/ ဂျေယူဒီသည် “ဒီဖာ-အီး-မူဆာလ်မန်အာရကန် (ဘားမား)” ဆွေးနွေးပွဲ (မြန်မာနိုင်ငံရောက် မူဆလင်များအား ကာကွယ်ရေးဟု အဓိပ္ပါယ်ရ) ရင်ပြင်ကို ကျင်းပပေးခဲ့ပြီး၊ နှစ်ဦးပါအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ ဂျေယူဒီ၏ ပြောခွင့်ရပုဂ္ဂိုလ် နာဒီမ်အာဝန်နှင့် ဂျေယူဒီ ပြန်ကြားရေးအဖွဲ့ဝင် ရှာဟစ်မူမု(ဒ်)ရေမာတူလာတို့ကို သြဂုတ်လထဲ၌ အခြားစိတ်ကူးတူ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် အစည်းအရုံးများနှင့် လက်ဝှက်ချိတ်ဆက်ရန် လမ်းညွှန်ပေးခဲ့သည်။
ဗုဒ္ဓဘာသာ ပစ်မှတ်
ထိုအဖွဲ့က ကွင်းဆင်းလှုပ်ရှားပြီးနောက် ကာရာချီမြို့တွင် ဆွေးနွေးပွဲလုပ်သည်။ ထိုပွဲ၌ မြန်မာနိုင်ငံမှ ပြေးလာသော ရိုဟင်ဂျာဒုက္ခသည်များကို လျစ်လျူရှုရကောင်းလားဟု ဘင်္ဂလားဒေ့ရှ်အစိုးအား ပြစ်တင်ရှုတ်ချခဲ့သည်။ အိန္ဒိယထောက်လှမ်းရေး အေဂျင်စီတို့၏ ခြေရာကောက်ချက်အရ ထိုဗျူဟာထောက် (Operatives) နှစ်ဦး၏ခရီးသည် ဘင်္ဂလားဒေ့ရှ် ကောက်စ်ဘဇာမြို့၌ ဗုဒ္ဓဘာသာဝင်များအား ပစ်မှတ်ထား အကြမ်းဖက်မှုနှင့် ဆက်နွယ်နေ၏ဟု သိရသည်။
စစ်စခန်း
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ အခြားချောက်ချားအကြမ်းဖက်အဖွဲ့များဖြစ်သော “ဟားခတ်-အူလ်-ဂျီဟာဒီ အစ္စလာမ္မီ”၊ “ဂျေယစ်-အီး-မိုဟာမတ်”နှင့် “ဂျမတ့်-အူလ်- မူဂျာဟီဒင် ဘင်္ဂလားဒေ့ရှ်” (JMB, ဂျေအမ်ဘီ) အဖွဲ့များသည် ရိုဟင်ဂျာနိ-အစိုးရအဖွဲ့ (NGO)များဖြစ်သည်။ “ရိုဟင်ဂျာသွေးစည်းမှု အစည်းအရုံး” (Rohingya Solidarity Organization, RSO-ယိုသွေးစည်း)ကဲ့သို့သော အဖွဲ့များနှင့် အချိတ်အဆက်များရှိနေသည်။ ပြီးနောက် ရိုဟင်ဂျာအရေးအခင်းကို ခေါင်းပုံဖြတ်လျက် ဘင်္ဂလားဒေ့ရှ်တွင် ခြေကုတ်အသစ်များရယူရန် စီစဉ်နေသည်။ ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးအဖွဲ့ကလည်း အဖွဲ့သစ်တစ်ဖွဲ့ဖြစ်သော “ဂျမ္မတ်-အူလ်-အာရကန်” (Jammat- un- Arakan, JUA- ဂျေယူအေ)သည် ဘင်္ဂလား- မြန်မာနယ်စပ် ဘန္ဒာဘန်ခရိုင်တွင် စစ်သင်တန်းစခန်းများ ဆောက်ခြင်း၊ ရှိ/မရှိကို ထောက်လှမ်းနေသည်။
မြန်မာ-မူဂျာဟီဒင်
ပါကစ္စတန်ရှိ ချောက်ချားအကြမ်းဖက်များနှင့် ရိုဟင်ဂျာများအကြား အချိတ်အဆက်ကို ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးးက သိလာသည်။ သြဂုတ်လအတွင်းက မော်လာနာဟမ္မက် ယူနွတ်စ်ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိလျက် ယင်းဘဏ်စာရင်းထဲမှ ရန်ပုံငွေများကို သိမ်းဆည်းရမိခဲ့သည်။ သူသည် ကောက်စ်ဘဇားမြို့နယ်၊ ရာဟုလာ ဥပသီလရှိ အစ္စလာမ်ကျမ်း စာသင်ကျောင်းမှဖြစ်သည်။ သူမှ တဆင့် ကာရာချီမြို့၌ အခြေစိုက်သော မော်လာနာ ရှာဘီယာ အာလီအာမတ်ကို ခြေရာခံမိသည်။ သူသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရိုဟင်ဂျာဇာတိဖြစ်နေသည်။ ထို့အပြင် အစ္စလာမ်ကျမ်း စာသင်ကျောင်း ဗျူဟာကိုင် (Operator)တစ်ဦးဖြစ်သူ အဗ္ဗဒူရေမန် (ခေါ်) အင်မရမ် (ခ) မူစတာဘာ တက္ကနက်ဖ် ကို ကောက်စ်ဘဇာတွင်ပင် ခြေရာခံမိသည်။ သူ့အပေါ် သံသယရှိနေသည်မှာ ပြီးခဲ့သော နှစ်ကုန်က ကောက်စ်ဘဇာနေရာ အများအပြား၌ ပါကစ္စတန်တွင် သင်တန်းယူလာသော မြန်မာ-မူဂျာဟီဒင်များအား နေရာခြေချထားပေးသူလားဟု ဖြစ်သည်။
ငွေစက္ကူတု
ထို့အပြင် ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးများက ရှာဖျူးလ်အာလမ် ဆိုသူကို ခြေရာကောက်နေသည်။ သူသည် ပါကစ္စတန်- နီပေါနိုင်ငံကူးလက်မှတ်အမွာကို ကိုင်ဆောင်သူဖြစ်ကာ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အကြား ကူးသန်းနေသူဖြစ်သည်။ သူသည် နီပေါအခြေစိုက် ရိုဟင်ဂျာ ဗျူဟာထောက်ဖြစ်သူ အဗ္ဗဒူလ်ကာရင်မ် (ခ) မိုဟမ္မကနူးရ် အာလမ်ဆိုသူနှင့် ချိတ်ဆက်လျက် ငွေလွှဲကွန်ယက်ဖွင့်ထားကာ ငွေစက္ကူတု မှောင်ခိုလမ်းကြောင်း ဖွင့်ထားသည်ကို တွေ့ထားသည်။ သူတို့သည် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ရိုဟင်ဂျာအစွန်းရောက်များအတွက် စစ်သင်တန်းစခန်းများ ဖွင့်ရန် စီစဉ်နေသူများဖြစ်နေသည်။ သူတို့ကို ညွှန်ကြားနေသူမှာ ပါကစ္စတန်အခြေစိုက် အယ်လ်အီးတီတပ်မှူး ယုစ်တတ်ဒ်အဗ္ဗဒူလ်ဟာမစ် ဖြစ်နေသည်ဟု သိရသည်။
TOKS
Source: Bharti Jain, TNN,
Times of India
အတွဲ (၂)၊ အမှတ်( ဝ၁ဝ)၊ 250.7.2013 (ကြာသပတေးနေ့)ထုတ် ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ မှ ကူးယူဖော်ပြသည်။

LeT, IM busy opening terror front along Bangla-Myanmar border, intel inputs say

http://articles.timesofindia.indiatimes.com/2013-07-21/south-asia/40707963_1_rohingya-muslims-bangladeshi-police-rakhine

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s