COMPANY OWNERSHIP PROFILE:ဦးဆက်အောင်တို့ ရွေးတဲ့ ကုလားသတို့သမီး အူရီဒူ (Ooredoo) ရဲ့ ကောက်ကြောင်း နောက်ကြောင်း

ဦးဆက်အောင်တို့ ရွေးတဲ့ ကုလားသတို့သမီး အူရီဒူ (Ooredoo) ရဲ့ ကောက်ကြောင်း နောက်ကြောင်း
=============

By Oodu-Khinsai

စစ်တွေ ၊ ၂၀ ဇူလိုင် ၂၀၁၃ ၊ Coral Arakan News ၊ [ ဥတုခင်စိုင်း မှတ်စု ]

=============

ပြီးခဲ့တဲ့ ဇွန်လ (၂၇) ရက်နေ့က မြန်မာနိုင်ငံအတွက် ဆက်သွယ်ရေးကွန်ရက် အော်ပရေတာ လိုင်စင် နှစ်ခုကို ချပေးရာမှာ မူဆလင်အာရပ် ကာတာနိုင်ငံအခြေစိုက် အူရီဒူ (Ooredoo) အုပ်စုဟာလည်း နော်ဝေး Telenor နဲ့ အတူ အရွေးချယ်ခံ အော်ပရေတာဖြစ်လာပါတယ်။

ဒီမှတ်စု မှာ အူရီဒူနဲ့ ပတ်သက်တဲ့ အကြမ်းဖျင်း ကောက်ကြောင်းပုံရိပ်ကို ရှာဖွေ မှတ်စု ထုတ်ထားပါတယ်။ သုံးသပ် ဆုံးဖြတ်လိုသူများအတွက် အချက်အလက် စုစည်းပေးတဲ့ သဘော ဖြစ်ပါတယ်။

(၁) အူရီဒူ အုပ်စု ဟာ အများပိုင် ကုမ္ပဏီပုံစံ ဖွဲ့စည်းထားပေမယ့် ကာတာအစိုးရ ထိန်းချုပ်ထားတဲ့ တယ်လီ ကွန်မျူနီကေးရှင်း အော်ပရေတာ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ယခင်က Qatar Telecom (Qtel) လို့သိကြတဲ့ ဒီကုမ္ပဏီကို ၁၉၈၇-ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မကြာသေးတဲ့ ၂၀၁၃-ခုနှစ် ဖေဖော်ဝါရီလကမှ Ooredoo ဆိုတဲ့ နာမည်သို့ ပြောင်းလဲခဲ့ပါတယ်။

(၂) ပူးတွဲပါ chart မှာ ပြထားတဲ့အတိုင်း ကာတာနိုင်ငံ (တစ်နည်း၊ ကာတာအစိုးရ) က အူရီဒူ အစုရှယ်ယာအားလုံးရဲ့ ၅၂% ကို ပိုင်ဆိုင်ပါတယ်။ ကာတာအစိုရအဖွဲ့နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက ၁၇% ပိုင်ပါတယ်။ ADIA (Abu Dhabi Investment Authority)Ooredoo လို့ခေါ်တဲ့ ယူအေအီးနိုင်ငံက အဘူဒါဘီ စော်ဘွားပြည်နယ်ရဲ့ စုပေါင်း ကြွယ်ဝမှုရံပုံငွေ က အူရီဒူရဲ့ ရှယ်ယာ ဆယ်ရာခိုင်နှုန်းကို ၀ယ်ယူပိုင်ဆိုင်ထားပါတယ်။ ဒိုဟာ ဆီကျူရတီဈေးကွက်မှာ ၁၉၉၈ အများပိုင် ကုမ္ပဏီအဖြစ် စာရင်းတင်ပြီး ရှယ်ယာ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

(၃) အူရီဒူ ဆက်သွယ်ရေးကွန်ရက်ကို သုံးစွဲကြသူပေါင်း (၉၁) သန်းကျော်ရှိတဲ့အထဲမှာ ကာတာနိုင်ငံအတွင်းက သုံးစွဲသူတွေဟာ ၃% မျှသာ ရှိပြီး အင်ဒိုနီးရှားနိုင်ငံထဲက သုံးစွဲသူ (၆၂)% ရှိပါတယ်။

(၄) နော်ဝေးအစိုးရကထိန်းချုပ်ထားတဲ့ Telenor ဟာ ထိုင်းနဲ့ ဘင်္ဂလာဒေ့ရှ်က သုံးစွဲသူတွေအပါအ၀င် ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူပေါင်း သန်း (၁၅၀) ကျော်ကို ၀န်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

(၅) အူရီဒူ (ထိုစဉ်က အခေါ် Qtel) ဟာ Skype အစရှိတဲ့ အင်တာနက်က ရုပ်/သံစကားပြောကွန်ရက် (VoiP) စနစ်တွေကို ပိတ်ပင်ခဲ့ဖူးတဲ့ အစဉ်အလာရှိတယ်။

(၆) ၂၀၀၆-ခုနှစ်အတွင်း အူရီဒူ (ထိုစဉ်က အခေါ် Qtel) ရဲ့ proxy server တွေက အိုင်ပီလိပ်စာတွေကနေ အင်တာနက် သုံးစွဲသူတွေဟာ အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း ၀ီကီပီးဒီးယားကို ဖျက်လိုဖျက်ဆီး အမှောင့်လုပ်ရပ်တွေလုပ်တဲ့အတွက် ၀ီကီပီးဒီးယား ၀က်ဘ်ဆိုက် ကို ထိန်းချုပ်သူတွေက အဲသည် Qtel ကို သုံးစွဲနေသူတွေမှန်သမျှ ၀ီကီပီးဒီးယားမှာ ၀င်ရောက်ရေးသား တည်းဖြတ်ခြင်း မပြုနိုင်နိုင်အောင် ဘလော့ခ်လုပ် ပိတ်ပစ်လိုက်ဖူးတယ်။ အဲသည်လို ကန့်သတ်ပိတ်ပင်မှုဟာ အယ်ဂျာဇီးယား ရုပ်သံဌာနအပါအ၀င် ကာတာတစ်နိုင်ငံကို သက်ရောက်ခဲ့တယ်။ ဒါကို နည်းပညာပိုင်းဆိုင်ရာ ၀က်ဘ်ဆိုက်တွေမှာ ကျယ်ကျယ်ပြန်ပြန့် ရေးသားဖော်ပြခြင်းခံရတဲ့အတွက် ဒီပိတ်ပင်မှုကို နာရီပေါင်းများစွာအကြာမှာ ပြန်လည် ဖွင့်ပေးခဲ့တယ်။

(၇) လိုင်စင်ချပေးဖို့ အရွေးချယ်ခံရတဲ့ အူရီဒူ ဟာ မြန်မာနိုင်ငံထဲက ဆက်သွယ်ရေးကွန်ရက်ကို တိုးချဲ့တည်ဆောက်ဖို့ရာ ဒေါ်လာ (၁၅) ဘီလီယံ အကုန်အကျခံပြီး လုပ်ဆောင်မယ်လို့ ကြော်ငြာထားသူဖြစ်တယ်။ Digicel က ကိုးဘီလီယံ အကုန်အကျခံမယ်လို့ ကြေငြာထားပြီး၊ အရံ တတိယကုမ္ပဏီအဖြစ်သာ စာရင်းပေါက်သွားတဲ့ ပြင်သစ်က Telecom Orange ကတော့ တစ်ဘီယံသာ သုံးစွဲလုပ်ဆောင်မယ်လို့ ကတိပြုထားသူဖြစ်တယ်။

(၈) တင်ဒါအောင်သူ အော်ပရေတာနှစ်ဦးကို ရွေးချယ်ရာမှာ ဦးဆက်အောင် ဦးဆောင်တဲ့ ရွေးချယ်ရေးကော်မီတီ (နာမည် အပြည့်အစုံ အားဖြင့် Telecommunications Operator Tender Evaluation and Selection Committee ခေါ် TOTSC) က တိုက်ရိုက်ရွေးချယ်တာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီကော်မီတီက ဂျာမနီနိုင်ငံ မြူးနစ်မှာ ရုံးချုပ်ထားရှိတဲ့ စီးပွားရေး အကြံပေး ပညာရှင်အုပ်စု Roland Berger Strategy Consultants ကို ငှားရမ်းတာဝန်ပေးခဲ့တယ် လို့ဆိုပါတယ်။

(၉) အဲသည် Roland Berger က ကျွမ်းကျင်သူ ပညာရှင်တွေဟာ အမှတ် (၁၅၀၀) အမှတ်ပေးစည်းမျဉ်းအရ တင်ဒါဆွဲသူများကို အကဲဖြတ်ရာမှာ အမှတ် (၁၀၀၀) က နည်ပညာပိုင်းဆိုင်ရာအကဲဖြတ်ချက်တွေဖြစ်ပြီး ကျန်အမှတ် (၅၀၀) ကတော့ ငွေရေးကြေးရေးပိုင်းကို အကဲဖြတ်အမှတ်ပေးခဲ့တာလို့ ဆိုပါတယ်။

(၁၀) တင်ဒါလျှောက်ထားသူ ပေါင်း ကိုးဆယ်ကျော်အနက် ဆယ့်နှစ်ဖွဲ့ကို ရွေးချယ်ရေးအဖွဲ့က ရွေးထုတ်ခဲ့ပြီးနောက် အဲသည် ဆယ့်နှစ်ဖွဲ့ထဲက ထိပ်တန်းအတွဲဖြစ်တဲ့ Vodafone နဲ့ China Mobile တို့တွဲထားတဲ့ အဖွဲ့က မိမိတို့သဘောအလျောက် နှုတ်ထွက်သွားခဲ့တယ်။ ကျန်တဲ့ ဆယ့်တစ်ဖွဲ့ထဲက အတွဲလိုက် ပါတနာဖွဲ့ပြီး လျှောက်ထားသူတွေ မရဘဲ တစ်ကုမ္ပဏီချင်းလျှောက်ထားတဲ့ Ooredoo နဲ့ Telenor တို့ တင်ဒါအောင်ခဲ့တယ်။ Orange ကတော့ အရံ စာရင်းပေါက်ခဲ့တယ် လို့ သတင်းထွက်ပါတယ်။

(၁၁) အခု ဆယ့်ငါးနှစ်သက်တမ်း အော်ပရေတာလိုင်စင်ဟာ သက်တမ်းကုန်ချိန်မှာ နောက်ထပ်ဆယ်နှစ် ထပ်တိုးကောင်းတိုး ပေးဦးမှာ ဖြစ်ပါတယ်။ လိုင်စင်ရသူ အော်ပရေတာတွေဟာ အသံပိုင်းကွန်ရက်ကို မြန်မာနိုင်ငံရဲ့ ၂၅% နဲ့ အချက်အလက်ကွန်ရက်ကို နိုင်ငံရဲ့ဆယ်ရာခိုင်နှုန်း ဆက်သွယ်ပို့ဆောင်နိုင်အောင် တစ်နှစ်အတွင်းမှာ တည်ဆောက်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

(Coral Arakan News အတွက် ဥတုခင်စိုင်း ရေးသားသည်။)

===========================

ဝဲဘက်ပုံ – အစ္စလမ်ဘာသာဝင်များ ၏ ယခု ရမ္မဒန် ဥပုသ်ကာလတွင် ကာတာနိုင်ငံအတွင်း အးရီဒူ၏ လူထုဆက်ဆံရေး နှင့် အရောင်းမြှင့်တင်ရေး အစီအစဉ်အဖြစ် alrabaa ဇာတ်ကောင်များဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ကုမ္ပဏီ၏ ဌာနခွဲ ဒါရိုက်တာများဖြစ်ကြသည့် မူစတာဖာ အယ်ကာတာမီ နှင့် ဖာတီမာ အယ်ကူဝါရီ တို့က ဇွန်လ (၃၀) ရက်နေ့က မီဒီယာနှင့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်စဉ်။

ယာဘက်ပုံ – အူရီဒူ ရှယ်ယာများ ပိုင်ဆိုင်မှုပြ ဂရပ်ပုံ။

1003996_626973100655601_830415478_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s