“ဦးဝီရသူထံ ဟော်လန် TV သတင်းဌာန လာရောက် အင်တာဗျူး”
***********************************************
18.7.2013 မနက် 8:30နာရီ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်းမှာ လက်ခံပြောကြားခဲ့ခြင်း ဖြစ်သည်။
(၈၈)အဖွဲ့မှ ပဏ္ဍိဏ်ထွန်းက ဘာသာပြန်ပေးခဲ့ခြင်း ဖြစ်သည်။
“အမျိုးစောင့် ဥပဒေရဲ့ ရည်ရွယ်ချက်ကတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရရှိရေး။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအများစု နေထိုင်ရာ ဖြစ်ပေမယ့် မြန်မာသမီးပျိုလေးတွေ မူဆလင်နဲ့ညားတဲ့အခါ ဗုဒ္ဓဘာသာကို မစွန့်လွှတ်နိုင်ရင် နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်ခံရတာတွေ များလာလို့ မူဆလင်တွေဟာ လွှတ်လပ်စွာ ကိုးကွယ်ခွင့်ကို ပယ်ပယ်နယ်နယ် ချိုးဖောက်နေကြလို့ ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။”
“အမြဲတမ်း တံခါးဖွင့်ထားသူ”
19.JULY 2013
အမြဲတမ်း- ထင်သာမြင်သာရှိခြင်း၊ လွှတ်လပ်ပွင့်လင်းမှု ရှိခြင်းနှင့် ပြည့်စုံမှ တင့်တယ်တဲ့အရာ သုံးခု ရှိပါတယ်။
အဲဒါတွေကတော့- နေရယ်၊ လရယ်၊ ဓမ္မရယ်ပါ။
နေအုံ့ရင်လည်း မတင့်တယ်။ လမသာရင်လည်း မတင့်တယ်သလို။ ဘုရားဟောဓမ္မ ပိဋကတ်တော်တွေကို လျှို့ဝှက်သိမ်းဆည်းတာမျိုး လူသိမခံဝံတာမျိုးလည်း မတင့်တယ်ပါဘူး။
နေလည်း ပွင့်မှ၊ လလည်းသာမှ၊ ဘုရားဟောတရားဓမ္မတွေလည်း ထင်သာမြင်သာရှိမှ လောကသားတို့ အလင်းရောင် ရရှိနိုင်မှာ ဖြစ်ပါတယ်။
အဲဒီလိုပဲ အမြဲတမ်းလျှို့ဝှက်ဖုံးကွယ်ထားမှ တင့်တယ်တဲ့အရာလည်း သုံးမျိုးရှိပါတယ်။
မန္တန်ရယ်၊ မိန်းမရယ်၊ မိစ္ဆာဒိဋ္ဌိရယ်ပါ။
ဂါထာမန္တန် (မျက်လှည့်ပညာ)တွေရဲ့ လျှို့ဝှက်ချက်ကို ထိန်းထားနိုင်မှ စည်းပွားဖြစ်မှာပါ။ မလျှို့ဝှက်လို့ လူတိုင်းသိရင် လုပ်စားလို့ မရနိုင်တော့ပါဘူး။
မိန်းမဆိုတာလည်း လျှို့ဝှက်ဖွယ်ရာများကို လုံခြုံအောင် ဖုံးဖိထားမှ တင့်တယ်ပြီး အဖိုးတန်တာပါ။ အရှက်မလုံဘူးဆိုရင်တော့ တန်ဖိုးလည်း မရှိသလို အန္တရာယ်လည်း ကြီးပါတယ်။
မိစ္ဆာဒိဋ္ဌိအယူဆိုတာမျိုးလည်း လူစိမ်းမသိအောင် ဖုံးကွယ်ထားမှ ခိုင်မြဲတာပါ။ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားရင် မခိုင်မာတော့ပါဘူး။
ဒါကြောင့် ဗုဒ္ဓရဲ့ကျောင်းတော်တွေ၊ ဘုန်းကြီးကျောင်းတိုက်တွေဟာ ၂၄ နာရီ ပွင့်လင်းလွတ်လပ်နေတာပါ။ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ ဘာတစ်ခုမှ လူသိမခံဝံ့စရာ မရှိပါဘူး။ ဘာသာ၊ လူမျိုး၊ အရောင်အသွေး၊ ယဉ်ကျေးမှု မတူကွဲပြားတဲ့ မည်သူမဆို လွတ်လပ်စွာ ဝင်ရောက် လေ့လာခွင့် ရှိပါတယ်။
ဒီအတွက် Ms-Flora Bagenal ရဲ့ ကမ်းလှမ်းမှု လက်ကမ်းကြိုဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။